စာအုပ်သေတ္တာကို ဟိုလှန်သည်လှန်လုပ်နေလိုက်တာဗျာ လိုချင်တဲ့စာအုပ်ကို ရှာလို့မတွေ့ဘူး သို့သော်အင်မ တန်စိတ်ဝင်စားဘို့ကောင်းတဲ့ ကဗျာစာရွက်အဟောင်းတရွက်ကို သွားတွေ့လိုက်တယ်။
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မတရားအချုပ်အနှောင်ခံရတဲ့ မတရားထောင်သက်တမ်းကုန်ဆုံးလို့ ပြန်လွတ်လာတဲ့အချိန်ပေါ့၊ အဲဒီကဗျာလေးနဲ့ ကိုမင်းကိုနိုင်ကို ဂုဏ်ပြုတာဖြစ်တော့ အဲဒီကဗျာကို ရေးသားတင် ဆက်မှာဖြစ်ပါတယ်။
အဲဒီကဗျာမှာ ကလောင်ရှင်နာမည်မပါဘူးဆိုတော့ ဘယ်သူဘယ်ဝါရေးသလဲဆိုတာ မသိရပါဘူး။ ဒါကြောင့် ဒီ ကဗျာကိဖတ်ပြီးလို့ ကာယကံရှင်ကိုသိတယ်ဆိုရင် ကျုပ်ဆီကို အကြောင်းကြားပေးစေလိုပါတယ်။
ကဗျာခေါင်းစည်းက မင်္ဂလာပါ……တဲ့။
မင်္ဂလာပါ
ဆောင်းအစ, နှင်းကျနေပြီ
ရောင်ခြည်တမျှင်ကို
မမြင်ရ,မှာစိုးလို့
မြူနှင်းတွေ မဆိုင်းစေချင်ဘူး။ ။
အမှောင်နဲ့အလင်းကြား
တံခါးပိတ်မှာလား…..?
ဟော………။
သောက,မျက်ရည်တစ,
လွင့်ကျသွားတယ်။ ။
မင်းကိုနိုင်ရေ…………
အရှေ့တောင်က တိမ်မဲတွေ
ကွယ်ပျောက်စေချင်လှပါပြီ။ ။
ဒုတိယအကြိမ်မင်းနှုတ်ဖျားက
မင်္ဂလာပါ……..တဲ့။ ။
မင်္ဂလာပါစကား
ထာဝရ ကြားချင်ပါတယ်။
ထာဝရ နှုတ်ဆက်ချင်ပါတယ်။
သားပျောက်မိခင်တွေရဲ့
မျက်ရည်စ,များ
ခမ်းချောက်စေချင်သူရေ……….။ ။
အလို……..
တို့ပါးနှစ်ဖက်မှာ
မျက်ရည်စက်တွေပါလား …..။ ။
မိုင်ပေါင်းကုဋေအဝေးက
ဆုတောင်းပေးနေပါတယ်
အနက်ရှိုင်းဆုံးကဗျာတပုဒ်နဲ့
နှုတ်ဆက်ရင်း……..။ ။
ဝမ်းသာဝမ်းနည်း
ကြေကွဲနေရ,လို့………။ ။
(အမည်မသိ ကဗျာရှင်)
မေတ္တာရပ်ခံချက်
စာဖတ်သူများအနေနဲ့ ကဗျာရှင်ကို သိတယ်ဆိုရင် မဖြစ်မနေ အကြောင်းကြားပေးကြစေလိုပါတယ်။
ထပ်ဆင့်ဖေါ်ပြသူ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
ဆောင်းအစ, နှင်းကျနေပြီ
ရောင်ခြည်တမျှင်ကို
မမြင်ရ,မှာစိုးလို့
မြူနှင်းတွေ မဆိုင်းစေချင်ဘူး။ ။
အမှောင်နဲ့အလင်းကြား
တံခါးပိတ်မှာလား…..?
ဟော………။
သောက,မျက်ရည်တစ,
လွင့်ကျသွားတယ်။ ။
မင်းကိုနိုင်ရေ…………
အရှေ့တောင်က တိမ်မဲတွေ
ကွယ်ပျောက်စေချင်လှပါပြီ။ ။
ဒုတိယအကြိမ်မင်းနှုတ်ဖျားက
မင်္ဂလာပါ……..တဲ့။ ။
မင်္ဂလာပါစကား
ထာဝရ ကြားချင်ပါတယ်။
ထာဝရ နှုတ်ဆက်ချင်ပါတယ်။
သားပျောက်မိခင်တွေရဲ့
မျက်ရည်စ,များ
ခမ်းချောက်စေချင်သူရေ……….။ ။
အလို……..
တို့ပါးနှစ်ဖက်မှာ
မျက်ရည်စက်တွေပါလား …..။ ။
မိုင်ပေါင်းကုဋေအဝေးက
ဆုတောင်းပေးနေပါတယ်
အနက်ရှိုင်းဆုံးကဗျာတပုဒ်နဲ့
နှုတ်ဆက်ရင်း……..။ ။
ဝမ်းသာဝမ်းနည်း
ကြေကွဲနေရ,လို့………။ ။
(အမည်မသိ ကဗျာရှင်)
မေတ္တာရပ်ခံချက်
စာဖတ်သူများအနေနဲ့ ကဗျာရှင်ကို သိတယ်ဆိုရင် မဖြစ်မနေ အကြောင်းကြားပေးကြစေလိုပါတယ်။
ထပ်ဆင့်ဖေါ်ပြသူ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး