မဗေဒါသို့…….
(မင်းစိုးစံ)
မဗေဒါရယ်
လွမ်းတယ်ဟုတ်စ,
ဘဝက,နု
လှိုင်းထုက,ကြမ်း
ပန်းခရမ်းပြာ
မြစ်ပြင်မှာမျော
မမောဘူးလား မဗေဒါ။ ။
(မင်းစိုးစံ)
မဗေဒါရယ်
လွမ်းတယ်ဟုတ်စ,
ဘဝက,နု
လှိုင်းထုက,ကြမ်း
ပန်းခရမ်းပြာ
မြစ်ပြင်မှာမျော
မမောဘူးလား မဗေဒါ။ ။
တို့ရဲ့ရင်ခွင်
ခိုမယ်ထင်မိ
ကရင်ကောင်လေး
လူရိုးလေးကို
အလေးမထား
မင်းချန်သွားတော့
တအားလွမ်းတယ် ဗေဒါရယ်။ ။
ခိုမယ်ထင်မိ
ကရင်ကောင်လေး
လူရိုးလေးကို
အလေးမထား
မင်းချန်သွားတော့
တအားလွမ်းတယ် ဗေဒါရယ်။ ။
ရေမှာမင်းပျော်
ငါတောင်ပေါ်သား
လွမ်းမျှော်ယော်ရမ်း
ပန်းခရမ်းရေ
တောင်တွေပေါ်မှာ
မပြာမြစ်ပြင်
မဆင်ဒီလှိုင်း
အူရိုင်းငါ့မှာ
စမ်းရေသာရှိ မင်းအသိ။ ။
ငါတောင်ပေါ်သား
လွမ်းမျှော်ယော်ရမ်း
ပန်းခရမ်းရေ
တောင်တွေပေါ်မှာ
မပြာမြစ်ပြင်
မဆင်ဒီလှိုင်း
အူရိုင်းငါ့မှာ
စမ်းရေသာရှိ မင်းအသိ။ ။
မချိရင်မှာ
ဗမာ ကရင်
မခွဲချင်မင့်
မြစ်ပြင်နဲ့သာ
သင့်တော်တာမို့
ဗေဒါမ,ရဲ့
ရွေးချယ်ချက်က
သွေးထွက်အောင်ကို တော်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
ဗမာ ကရင်
မခွဲချင်မင့်
မြစ်ပြင်နဲ့သာ
သင့်တော်တာမို့
ဗေဒါမ,ရဲ့
ရွေးချယ်ချက်က
သွေးထွက်အောင်ကို တော်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး