Wednesday, January 13, 2010

ရင်တွင်းမိုး


ရင်တွင်းမိုး
မေစုစံလင်း (ဂွမြို့)

ရင်မှာပျိုးမိတဲ့ ပန်းကို
ပွင့်ပြခွင့်မရှိ

ပုံစံခွက်ထဲက ရေလို
ခွန်အားမရှိ

ရိပ်သိမ်းစရာ
ဓား၊ လှံ၊ လက်နက်လည်း မရှိ

မြေပြိုအောင် ရွာတဲ့မိုးက
တခါမှ မခြိမ်းခဲ့

လိပ်ပြာတောင်ပံခတ်သံတွေ
တဖျပ်ဖျပ်ကြားရပေါ့။

ငါ့ရင်ထဲမှာလည်း
ငါ့ဆွံ့အ,သံတွေကို
နားနဲ့ ဆတ်ဆတ်ကြားနေရတယ်။

မေစုစံလင်း (ဂွမြို့)
(ရုပ်ရှင်တေးကဗျာ ၂ဝဝ၉ ဒီဇင်ဘာ)
ဒီကဗျာကို စောလင်းနက်(စ်) ဘလော့ဂ် ထဲကနေ ကူးယူထားတာဖြစ်ပါတယ်။