Thursday, June 9, 2011

မထူးပါဘူး


မထူးပါဘူး

Thursday, 09 June 2011


ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏၀န်ကြီးဌာနအချို့တွင် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်နိုင်ရေးအတွက် ဌာနတွင်းအဖွဲ့များဖွဲ့စည်း၍ စုံစမ်းဖော်ထုတ်နေ ကြောင်းဝန်ကြီးဌာနအချို့ထံမှ သတင်းရရှိပါသည်။


ငရဲသို့သွားနိုင်သောလမ်းနှင့် နိဗ္ဗာန်သို့သွား နိုင်သောလမ်းဆုံရာ လမ်းဆုံတွင်
ဝန်ထမ်းများနှင့်အုပ်ချုပ်ခဲ့သူ များကို သိကြားမင်းက စစ်ဆေးမေးမြန်းနေသည်။

"လူ့ပြည်တုန်းက လာဘ်ယူခဲ့သူများ နဲ့တိုင်းပြည်ဘဏ္ဍာငွေများကိုခိုးယူခဲ့သူများ
ရှေ့ကိုခြေတစ်လှမ်းတိုးရပ်ပါ။"

အပြစ်ရှိသူများအားလုံးလိုလို ရှေ့ကိုတိုးရပ်ကြသည်။
LPJ တစ်ယောက်သာ ရှေ့မတိုးပဲ နောက်မှာချန်နေသည်။

သိကြားမင်းက ဆက်၍ညွှန်ကြားသည်။

"သူတို့တွေကို ငရဲကိုပို့လိုက် "........

"ဟိုမှာရပ်နေတဲ့ဆွံ့အ နားမကြားကိုပါ ပို့လိုက်"


© Eleven Media Group. All rights reserved.