မျှော်စင်ကျွန်းညမှာ ပြက်လုံးတွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ်လည်း ထိန်းရသလို အဖွဲ့ သားတွေကိုလည်း ထိန်းခဲ့ရတယ်လို့ ပြောတဲ့ ကျော်ထူး
အောက်တိုဘာ ၂၉ ရက် မျှော်စင်ကျွန်းမှာကခဲ့တဲ့ အငြိမ့်ပွဲကအနုပညာအရလည်းအားရသလိုပရိသတ်အရလည်းအားရခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ကြောင်းကျော်ထူးကပြောပါတယ်။ ပွဲမတိုင်ခင်မှာတော့ ကျော်ထူးကသူ့ အနေနဲ့ တော်တော် စိတ်လှုပ်ရှားခဲ့သလိုစိုးရိမ်စိတ်လည်းရှိခဲ့ကြောင်းပြောပြပါတယ်။
”ပွဲကိုပရိသတ်တွေကလာချင် မှသာလာကြမှာဆိုတဲ့ ကောလာဟလတွေ အမျိုးစုံထွက်ခဲ့တယ်။ ရင်တထိတ်ထိတ်နဲ့ပေါ့။
ဘာကြောင့်လဲဆိုတော့ ကိုယ်ကစင်ပေါ်မှာအားတက်သရောနဲ့ ဖျော်ဖြေနေပေမယ့် ပရိသတ်ကအားပေးမှုမရှိဘူးဆိုရင် အလဟဿ ဖြစ်မှာလေ။
အဲဒါမျိုးလေးတွေ စိုးရိမ် စိတ်ရှိခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းပွဲကတဲ့ အချိန်မှာတော့၊ သိပ်များတဲ့ ပရိသတ်တွေကို မြင်လိုက်ရတော့ သီတင်းကျွတ်မှာမိဘတွေကိုလက်အုပ် ချီပြီးကန်တော့လိုက်ရတဲ့ ပီတိမျိုးခံစားလိုက်ရတယ်” လို့ပြောပါတယ်။
အရင်လေးနှစ် မျှော်စင်ကျွန်းညထက် အခုမျှော်စင်ကျွန်းညကိုပို ပြီးပျော်မိတယ်လို့ ပြောတဲ့ကျော်ထူးတို့အဖွဲ့ သားတွေကအဖွဲ့ အတွက် ပြက်လုံးတွေကိုတစ်လ ကျော်ကျော် လောက် ကြိုပြီးတိုက်ခဲ့ကြပါ တယ်။ ပွဲအပြီးပရိသတ်တွေကသူတို့ အဖွဲ့ကိုလာရောက် တွေ့ဆုံပြီးချီးကျူးကြသလိုသူတို့ရင်ထဲမှာရှိတာတွေကိုအများ ကြီး ဖော်ထုတ်ပေးသွားတဲ့အတွက်ကျေးဇူးတင် ပါတယ်လို့ လာပြော ကြကြောင်းကျော်ထူးကပြောပါတယ်။
ပြက်လုံးတွေနဲ့ပတ်သက်ပြီးတော့ စင်ပေါ်မှာကိုယ့်ကိုယ်ကိုယ် လည်းထိန်းခဲ့ရသလိုကိုယ့်အဖွဲ့သားတွေကိုသိပ်လွန်လွန် ကျူးကျူးဖြစ်မှာစိုးတဲ့အတွက် လိုက် ထိန်းနေခဲ့ရပြီးကိုယ်ပြက်ရမယ့်ပြက်လုံးတွေ ကိုတောင် တချို့တလေ ပြက်ဖို့ ကျန်နေခဲ့ ကြောင်း၊ ဒါကြောင့် အဲဒီနေ့ပွဲကတော့ ပျော် လည်းပျော်သလိုစိတ်လည်းညစ်ရတယ်လို့ ကျော်ထူးကပြောပါတယ်။
အငြိမ့် ခွေရိုက်တာက ပြန်ရိုက်လို့ရ ပေမယ့် လိုက်ဖ်ရှိုးမှာတော့ ဒီစကားလုံးမှားသွားလို့ဆိုပြီးပရိသတ် အရှေ့မှာ ပြန်ပြင်လို့ မရဘူးလို့ ကျော်ထူးကလိုက်ဖ်နဲ့ အခွေကွာ ခြားမှုကိုပြောပြပါတယ်။ ကျော်ထူး က သူ့အနေနဲ့ ဘယ်အနုပညာသမားနဲ့မဆိုအလုပ်တွဲလုပ် မှာပါပဲလို့လည်းပြောပါတယ်။
Credit http://www.hinlayooe.com/main/news/13236.html?did=13236&title
