Thursday, July 5, 2012

တို့မဝေးဘူး အလွဲတွေနဲ့


တို့မဝေးဘူး . . . အလွဲတွေနဲ့
BY Mahn Ko Ko

အင်တာနက်ပေါ် ပြောကြ ရေးကြ မှတ်ချက်ပေးကြတာတွေဟာ အချို့လူတွေအတွက် စိတ်ထွက်ပေါက်ရှာတာ
ဖြစ်ကြသလို ၊ အချို့မတော့ ပင်ကိုယ် ရင်ထဲက ရှိတာတွေကို လှစ်ဟပြဖို့ ကြိုးစားချက်တွေဆိုတာ ငြင်းမယ့်သူ မရှိလှဘူးလို့ ယူဆပါတယ် ။ အဲဒီအထဲက လက်လှမ်းမီသမျှကို စုဖွဲ့ပြီး မှတ် ချက်နည်းနည်း ရေးချကြည့်ပါရစေ။

အဖြစ်သည်းသူလို့ ခေါ်ချင်ခေါ် ၊ မြင်သမျှကို တစ်ပုတ်ထဲကို ရောထည့်လိုက်တာလို့ စွပ်စွဲစွဲ မြင်တာ ယူဆတာ
ကို ပြောတာမို့ ၊ သင့်တင့်တဲ့ အကြောင်းတွေနဲ့ ထောက်ပြရင် ချွင်းချက်ရှိကြောင်းနဲ့ အတွေးလွဲချော်သွားကြောင်း ဝန်ခံပါ့မယ် ။

(၁) ဒေါ်လာစား NGOs

ပြောရတာ အပ်ကြောင်းများ ထပ်နေမလားတော့ မသိဘူး ။ လုပ်စားတွေ ၊ ခိုင်းဖတ်တွေ ၊ ဒေါ်လာ စားတွေ ကိုယ်
ကျိုးရှာ အခွင့်ရေးသမားတွေ စသည်ဖြင့် NGO ၊ ပြည်ပသတင်းနဲ့ အဖွဲ့စည်းတွေမှာ လုပ်ကိုင်နေသူaတွကို နာမည်
တပ် တိုက်ခိုက် လေပုတ်ထုတ်နေကြတာ အတော်များများ တွေ့နေရလို့ အဲဒီလူတွေကို မေးခွန်းထုတ်ချင်စိတ်ပေါ်
လာမိတယ် ။

(က) ဘယ်အဖွဲ့စည်း ဋ္ဌာနတွေက လုပ်စားကြ ခွင်ရိုက်နေတယ်ဆိုတာ အသေချာသိရင် ညွှန်ပြပေး နိုင်မလား ။ အလုပ် မရရအောင် သွားလျှောက်ချင်လို့ပါ ။ ချမ်းသာနိုင်မှာသာ သေချာပါစေ၊ ကော်မရှင်ပေး မှာပါ။ ဒါမှမဟုတ် သာမန် အဆင်ပြေရုံလား ၊ ဒါဆိုရင်တော့ မစဉ်းစားပါ ၊ အခြားအလုပ် အများကြီး ရှိပါတယ် ။ ပြောတဲ့လူမှာသာ မနာလိုဝန်တိုစိတ် များနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ၊ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်သင့်တယ် ။

 (ခ) “ခွင်” သိပ်ကောင်းတဲ့ အလုပ်ဖြစ်မှန်း သိကြလျက်နဲ့ ဘာလို့ သွားမလုပ်ကြသလဲ ။ မတရား မလုပ်ချင်တဲ့ စိတ်ကောင်းလေးတွေ ပြည့်ဝနေကြလို့လား ၊ ဒါမှမဟုတ် အရည်အချင်းနဲ့ အခွင့်အလမ်း ဘယ်လိုမှ မနီးစပ်နိုင်
လို့လား ။ စိတ်ကောင်းရှိသူတွေကို လေးစားပါတယ် ၊ အခွင့်လမ်း မနီးစပ်နိုင်သူတွေကို ကိုယ်ချင်းစာပါတယ် ၊ အရည်ချင်း မပြည့်သူတွေကတော့ ပြည့်စုံလာအောင် သို့မဟုတ် တစ်နေရာရာမှာ ထူးချွန်လာအောင် ကြိုးစားဖို့ လိုမယ်ဆိုတာ အကြံပေးချင်တယ် ။ သူတစ်ပါးကို လက်ညှိုးထိုးရုံနဲ့ ဘာမှ ဖြစ်မလာတာ သိဖို့ လိုပါမယ် ။

(၃) NGO အပါအဝင် အဖွဲ့အစည်းတွေ ၊ သတင်းဋ္ဌာနတွေ စသည်ဖြင့် သူတို့တွေရဲ့ ရည်ရွယ်ချက် ၊ လုပ်ငန်းစဉ် ၊ ကျင့်ဝတ် ၊ အကောင်ထည်ဖေါ်ပုံ ၊ အခက်အခဲ ၊ အကန့်အသတ်နဲ့ သူတို့လုပ်ကိုင်မှုတွေရဲ့ အဆိုးကော အကောင်း
ဖက်ကကော အကျိုးဆက်တွေကို သိသလား ၊ ပြောပြနိုင်သလား ၊ ကြုံတွေ့ဖူးသလား ။ အဲဒီအထဲက အပြစ်တစ်
မျိုးထဲ ပြောတတ်တယ်ဆိုရင်တော့ .. အဲ .. ပြဿနာ နည်းနည်းရှိလာပြီ။

ဒေါ်စုပြောတဲ့ မနာလိုစိတ် များတဲ့လူမျိုး ဆိုတဲ့ “ပုတ်”ထဲကို ရောက်နေပြီလားလို့ ပြန်တွေးကောင်း ပြန်တွေးစရာ လိုလာနိုင်တယ် ။

 ကဲ ... လွဲသလား ၊ မလွဲဘူးလို့ထင်ရင် မလွဲဘူးပေါ့ဗျာ ။

 ၀၅ ၊ ၀၇ ၊ ၂၀၁၂

Copy from http://mahnkoko.blogspot.com/2012/07/blog-post.html

အပြည့်အစုံကို ဆက်လက်ဖတ်ရှုလိုတယ်ဆိုလျင်  http://mahnkoko.blogspot.com/2012/07/blog-post.html
ကို သွားရောက် ဖတ်ရှုနိုင်ကြောင်းပါခင်ဗျား။