Friday, July 6, 2012

နိုင်ငံသားဖြစ်ရေးမဖြစ်ရေးကိုအထောက်အကူမပြုသည့် သန်းခေါင်စာရင်း ၂၀၁၄တွင်ကောက်ခံမည်

၂ဝ၁၄ တွင် သန်းခေါင်စာရင်း ကောက်မည်၊
နိုင်ငံသား ဖြစ်ရေး၊ မဖြစ်ရေးကို အထောက်အကူ ပြုမည် မဟုတ်

ရန်ကုန်၊ ဇွန် ၂၉၊ ၂ဝ၁၂


၂ဝ၁၄ ခုနှစ်၊ ဧပြီတွင် ပြည်လုံးကျွတ် ကောက်ခံမည့် သန်းခေါင်စာရင်းအတွက် ယခုပြင်ဆင်ချိန်ကာလတွင်မေး
ခွန်းပုံစံမူကြမ်းများ ပြုလုပ်လျက်ရှိကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်သူ့အင်
အား ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးညီညီက မြန်မာအင်ဒီပဲန်ဒင့်သို့ ဇွန် ၂၉ ရက်၌ ပြောသည်။

အဆိုပါ သန်းခေါင်စာရင်း ကောက်ခံရန်အတွက် ၂ဝ၁၁ ခုနှစ်၊ မေလကပင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်
ရွက်လျက် ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာ သန်းခေါင်စာရင်းကောက်ခံခြင်း ပြုသည်
မှာလည်း နှစ်ပေါင်း ၃ဝခန့် ရှိပြီ ဖြစ်သောကြောင့် UNFPAမှလည်း နည်းပညာအကူအညီများ ပေးလျက်ရှိကြောင်း ဆက်လက်ပြောသည်။

သန်းခေါင်စာရင်း ကောက်မည့် ပုံစံမှာမူ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက်ကြောင့် စာရင်းကောက်
သူများမှ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကောက်ခံမည်ဖြစ်ကြောင်း၊ယခုဆောင်ရွက်နေသည့် မွေးခွန်းပုံစံမူ
ကြမ်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများမှ ဝိုင်းဝန်း ဆွေးနွေးနိုင်ရန်ယခုနှစ် နှောင်းပိုင်းတွင်အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
မည်ဖြစ်ကြောင်း၊ ထိုမေးခွန်းပုံစံအား အတည်ပြုပြီးပါက ၂ဝ၁၃ ခုနှစ်၊ ဧပြီတွင် စမ်းသပ်သန်းခေါင်စာရင်း အဖြစ် တိုင်းနှင့်ပြည်နယ်အားလုံးတွင် နမူနာသန်းခေါင်စာရင်း ကောက်ခံသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ကောက်ခံမည့် ကာလနှင့်စပ်လျဉ်း၍ သွားလာရလွယ်ကူသည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် နေရာ
များအတွက် ၇ရက် သတ်မှတ်ထားပြီး ဝေးလံခေါင်ဖျားသည့် ဒေသများအတွက် ဧပြီလတစ်လလုံး အချိန်ပေး
ထားမည် ဖြစ်ကြောင်းသိရသည်။ စာရင်းကောက်ရာတွင် လုပ်အားပေးအဖြစ် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း
၍ မူလတန်းပြ ဆရာမ ၁ သိန်းခန့် အသုံးပြုရန် ရည်ရွယ်ထားကြောင်းသိရသည်။

ကျွန်တော်တို့ သန်းခေါင်စာရင်း ကောက်တာက လူဦးရေ စာရင်းဇယားတွေကိုပဲ လိုချင်တာပါ၊ ဘာလူမျိုးပဲဖြစ်ဖြစ် ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ကျွန်တော်တို့က မြန်မာပြည်မှာ စာရင်းကောက်တဲ့အချိန်မှာ ရှိတယ်ဆိုရင် ကောက်သွား
မှာပဲ၊ ကောက်တဲ့စာရင်းဇယား တွေက နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကိုလည်း အထောက်အကူပြုမှာမဟုတ်ပါဘူး
ဟု ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။
လာမည့် ၂ဝ၁၄၊ ဧပြီတွင် ကောက်ခံမည့် သန်းခေါင်စာရင်းမှ ရရှိမည့် အချက်အလက်များ အပေါ်မူတည်၍ လူဦး
ရေပေါ်လစီ ရေးဆွဲမည်ဖြစ်ကြောင်းပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိ လူဦးရေနှင့် စပ်လျဉ်း၍ ၆ဝ.၃၈ သန်းဟု ထုတ်ပြန်ထားကြောင်း၊ တိတိကျကျကိုမူ ၂ဝ၁၅ ခုနှစ်ခန့်တွင် အဖြေထွက်တော့မည် ဖြစ်ကြောင်းကို ဒုတိယညွှန်ကြားရေးမှူးက သုံးသပ်ပြောသည်။

Copy from http://www.myanmarij.com