စိန့်ပေါမြို့ ကရင်ကျောင်း ၀ါဆိုအလှူပွဲ
August 05, 2012
အမေရိကန်ပြည်ထောင်စု မင်ဏီးဆိုးတားပြည်နယ် စိန့်ပေါမြို့ အမှတ် 795 Sherburne Avenue ရှိ (ဖူ့တာမိက် ဂုဏ်တာ.ဘာ.) ဖုတာမိုက် ဂုဏ်ကျေးဇူးတော်ကျောင်း၌ စုပေါင်းဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲကို ယနေ့ (August 05, 2012)နံနက် 10:00 နာရီမှ မွန်းလွဲ 2:00 နာရီအထိကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ကရင်အမျိုးသားအများစု ပါဝင်သည့် အလှူပွဲတော်သို့ မြန်မာ(ဗမာ)၊ ကယန်း (ကရင်နီ)၊ ပအိုဝ့်၊ မွန်၊ စသည့်တိုင်းရင်းသားများ စုစုပေါင်း ၂၀၀ ခန့်တက်ရောက်တရားနာခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဗုဒ္ဓတရားတော်များကို နာကြားနေကြသည့် ဓမ္မမိတ်ဆွေအချို့
Photo ဖူ့ဍ်ါက၀်
ဗုဒ္ဓတရားတော်များကို နာကြားနေကြသည့် ဓမ္မမိတ်ဆွေအချို့
Photo ဖူ့ဍ်ါက၀်
ဗုဒ္ဓတရားတော်များကို နာကြားနေကြသည့် ဓမ္မမိတ်ဆွေအချို့
Photo ဖူ့ဍ်ါက၀်
ပွဲတစ်လုံးလျှင် ဒေါ်လာ၂၀ နှုံးဖြင့် အစဉ်ပြေပြေလှူဒါန်းနိုင်စေရေးအတွက် ဆောင်ရွက်စီစဉ်ပေးထားသည့်
အပြင် ၀ါတွင်းကာလ ဥပုသ်စောင့်လိုသူများအနေဖြင့် အဆိုပါ ဖုတာမိုက်ကျောင်း သို့လာရောက် သီလဆောက်
တည်နိုင်ကြောင်း၊ သီလဆောက်တည်ရန်သွားရေးလာရေးအတွက် အခက်အခဲရှိပါက ဂေါပက အဖွဲ့သို့ကြိုတင်
အကြောင်းကြားမည်ဆိုပါက အခမဲ့သယ်ယူပို့ဆောင်မှုများနှင့် ဥပုသ်သည်များအတွက် နံနက်စာ၊ နေ့လည်စာ
တကွ ညနေပိုင်းများ၌မူ အချိုရည်များကို စီစဉ်ပေးထားကြောင်းလည်း သိရှိရပါသည်။
ဝါဆိုသင်္ဃန်းကပ်လှူပူဇော်နေသာ မိသားစု
Photo ဖူ့ဍ်ါက၀်
အလှူရှင်တစ်ဦး ကန်တော့ပွဲ ကပ်လှူနေစဉ်
Photo ဖူ့ဍ်ါက၀်
ထို့နောက် အဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ ကောက်ခံရရှိသော အလှူငွေ စာရင်းများ၊ သုံးစွဲမှုဆိုင်ရာ ကုန်ကျငွေများနှင့် လက်ကျန်ငွေများကို အသေးစိပ်ရှင်းလင်းဖတ်ကြားသွားပြီး မိမိတို့အဖွဲ့ဝင်များအနေဖြင့် ဤကျောင်းတော်အား တိုးချဲ့သွားနိုင်ရေးအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်နေပါကြောင်း ပြောကြားသွားသည်ဟု သိရှိရပါသည်။
ထို့အပြင် လာမည့် ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲကိုလည်း အဆိုပါ Karen Buddhist Society of Minnesota မှ ဦးဆောင်ပြီး ရိုးရာမပျက် ဆင်ယင်ကျင်းပကြမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
ဖူ့ဍ်ါက၀်
August 05, 2012