Tuesday, September 4, 2012

အဘိုး အဘွားတွေ ဂွေ(ခွေ) လှိမ့်ကစားနေကြပြီတဲ့

ကျုပ်တို့ ငယ်ငယ်တုန်းက ဂွေလှိမ့်ကစားနေကျ။
အခုတော့ သူငယ်ပြန်ရတော့မယ့် အဖြစ်က ပြန်ဖြစ်လာပြီလားမပြောတတ်ဘူး။
ဘာကြောင့်လဲဆိုတော့ အောက်က သတင်းတိုလေးက အင်မတန်စိတ်ဝင်စားဘို့ ကောင်းနေလို့ပါ။

စပိန်နိုင်ငံရဲ့ ဘိုးဘွားတွေအတွက် ကွေလှိမ့်ကစားတာ က

ဖက်ရှင်တစ်မျိုးဖြစ်နေပြီ

အခုလောလောဆယ်မှာ စပိန်နိုင်ငံ မြို့တော်တော်များများမှာ ကွေလှိမ့်ကစားတာဟာ ဘိုးဘွားတွေအတွက် ဖက်ရှင်
တစ်မျိုး ဖြစ်နေပါတယ်။

ဒါပေမယ့် ဘိုးဘွားများ ကစားကြတဲ့သံကွေဟာ ကလေးတို့ကစားကြတဲ့သံကွေထက် ပိုကြီးပြီး ပိုတုတ်တယ်၊ ဒါ
ကြောင့် လှိမ့်တဲ့အခါ ဖြည်းဖြည်းပဲ လှိမ့်ကစားနိုင်ပါတယ်။
 ဘိုးဘွားတွေ ဆိုတော့ ကလေးလေးလို အရှိန်နဲ့ ပြေးလွှားဖို့လည်း မဖြစ်နိုင်ဘူးလေ။ အဲလို ဖြည်းဖြည်းလေး ကွေ့လှိမ့်တာဟာ ကိုယ်လက်လှုပ်ရှားမှုတစ်ခု ဖြစ်တဲ့အပြင် နှလုံးနဲ့ အဆုတ်တွေအတွက်ပါ အကျိုးရှိနိုင်မယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။

 Copy from http://myanmar.cri.cn/666/2012/08/08/1s21322.htm