Sunday, October 14, 2012

ကေအင်ယူ ခေါင်းဆောင်ကို ၀န်ကြီးတွေ တွေ့ဆုံအားပေး



ကေအင်ယူ ခေါင်းဆောင်ကို 

ဝန်ကြီးတွေ တွေ့ဆုံအားပေး 

2012-10-14

ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ အဆုပ်ရောဂါနဲ့ တက်ရောက်ကုသနေတဲ့ KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒိုစောဒေးဗစ်ထောနဲ့ မိသားစုကို ပြည်ထောင်စုအစိုးရ ဝန်ကြီးသုံးဦး ဒီကနေ့ ညနေပိုင်းက သွားရောက်တွေ့ဆုံအားပေးခဲ့ကြပါတယ်။

သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း ၊ ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ လာရောက်တွေ့ဆုံ အားပေးခဲ့တာလို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။ ပဒိုစောဒေးဗစ်ထောဟာ အဆုပ်ရောဂါကို အပြင်းအထန်ခံစားနေရတာဖြစ်ပြီး မနေ့က သွေးခြောက်ပုလင်း သွင်းခဲ့ရပါတယ်။

ဒီကနေ့မှာတော့ ရောဂါအခြေအနေသက်သာလာပြီး စကားလည်းကောင်းမွန်စွာ ပြောဆိုလာနိုင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒါပေမယ့် နဂိုအခြေအနေအတိုင်း ထူထူထောင်ထောင် ပြန်ဖြစ်ဖို့ကတော့ တစ်လလောက် ဆေးရုံမှာ ဆက်နေရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။


 Copyright © 1998-2011 Radio Free Asia. All rights reserved.