Saturday, October 27, 2012

မိဇံတောင်နေရာမှာ ထင်းတောလေးတတောနဲ့ အစားထိုးမလို့လား


 မိဇံတောင်နေရာမှာ ထင်းတောလေးတတောနဲ့ 

အစားထိုးမလို့လား
By မင်းစိုးစံ
October 27 2012 Saturday

လက်ပံတောင်းတောင်ကတော့ မီးပုံးတွေလွှတ်နေပြီ မိဇံတောင်က ဘာတွေလွှတ်မှာတုန်း။
တယောက်ကပြောတယ် ပညာမဲ့လို့၊ ငွေမက်လို့၊ မိဇံတောင် ပြောင်သွားရုံတင်မကဘူး။
ဖင်ပါပြောင်မယ်ဆိုပဲ။
ဒီလိုခေတ်ကြီးထဲမှာ ပညာမဲ့လို့ကတော့ ဆိုပြီး ပြောလိုက်တာများ ရစရာတောင်မရှိဘူး။

ဒါဆို ကျုပ်တို့ကရင်တွေ ဒီလိုပဲ နေနေကြတော့မှာလား။
ဆိုလိုချင်တာက လက်တွေ့မှာ ဘာတွေလုပ်သင့်သလဲဆိုတာပါ။
မိဇံတောင် ပြောင်သွားမှာကို ထင်းတောလေး တတော လုပ်လိုက်ရုံနဲ့၊ ထင်းတောလေးတတော ဖြစ်လာရုံလေးနဲ့ ကျုပ်တို့မိဇံတောင်ကို ကာကွယ်ရာ ရောက်မယ်လို့ ထင်နေသလား။
စဉ်းစားကြနော်။

ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဘို့လုပ်နေတဲ့ လုပ်ရပ်မှန်သမျှ မိဇံတောင်နေရာကို ထင်းတောလေးနဲ့ အစားထိုးတဲ့ အဆင့်ထက် မပိုဘူး ဆိုတာ။


အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)