Sunday, October 7, 2012

ဘယ်သူ ခြင်္သေ့လဲ ဟေ့


ဘယ်သူ ခြင်္သေ့လဲ ဟေ့ 

(မင်းစိုးစံ)

ခြင်္သေ့တွေ အစာရှာထွက်နေချိန်မှာ
ဆင်ကန်းတွေက
တောတိုးလို့ကောင်းကြတုန်း။

မျောက်ဆိုးတွေက ပိုးစုန်းကြူးကိုဖမ်း
အချမ်းပြေအောင် ထင်းတွေကိုတောင်လိုပုံ
ပိုးစုန်းကြူးကို စုပြုံထည့်ရင်း
နှင်းဖွေးဖွေးလေအေးအေးမှာ
မီးမွှေးနေကြသတဲ့။

နိုင်ငံရေးရာသီဥတုက ဖေါက်ပြန်
အပူအအေးက ကပြောင်းကပြန်ဖြစ်
ရေသေမြစ်မှာ ရေခမ်း
လှေလှော်တမ်းကစားဘို့ ကြိုးစားသူတွေက
ရေမနေတဲ့မြစ် ရေခဲပြင်ဖြစ်ဘို့မျှော်လင့်တကြီး
ရေခဲလျှောစီးဘို့ မတော်တရော်တွေစဉ်းစားရင်း
အချင်းခြင်း ငြင်းနေလေရဲ့။

 ခြင်္သေ့တွေလား
အားလုံးကိုစားဘို့
သူတို့လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)