Sunday, November 25, 2012

ကိုးဘွဲ့ရဆရာတော်၏ ဒဿနစကားများ


** ကိုးဘွဲ့ရဆရာတော်၏ ဒဿနစကားများ **

By မောင်မြင့်
11/25/2012

၁။ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ။
၂။ ပါရမီပြည့်အောင် စောင့် မနေပါနဲ့၊ တောင်း မယူပါနဲ့၊ လုပ်ယူပါ။
၃။ မိဘကို စွမ်းနိုင်ပါလျက် မလုပ်ကျွေးဘဲ တမင်ပစ်ထားရင် ကြွေးလည်း တင်တယ်၊ လူယုတ်မာလည်း
 ဖြစ်တယ်။
၎။ လူကိုပဲ ညာလို့ ရမယ်၊ ကံကိုတော့ ညာလို့ မရဘူး။
၅။ ဆွေမျိုးပျက်, ဥစ္စာမွဲ , ရောဂါစွဲရုံနဲ့တော့ မငိုပါနဲ့။ အကျင့်ပျက်, ဘာသာပျက်ရင်သာ ငိုပါ။
၆။ တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ပေမယ့်၊ ပုဂံကိုကျောခိုင်းပြီး ပြေးရင်တော့ ဘယ်တော့မှမရောက်ဘူး မှတ်။
၇။ ``ငါ ဘာ လုပ်နိုင်တယ်´´ လို့ မကြွားပါနဲ့၊ ငါ ဘာလုပ်နိုင်ကြောင်း လက်တွေ့ပြပါ။
၈။ ဘ၀မြင့်အောင် လုပ်ပါ။ ဒါပေမဲ့ ဘ၀င်တော့ မမြင့်လေနဲ့။
၉။ မိုးကို မျှော်ကြည့်ပါ။ ဒါပေမဲ့ ခြေထောက်နဲ့ မြေကြီးနဲ့တော့ မလွတ်စေနဲ့။
၁၀။ သက်သာ ခိုတဲ့လူဟာ ဘယ်တော့မှ မသက်သာဘူး။
၁၁။ ကိုယ့်ကို ကိုယ်ခိုင်းပါ။ ကိုယ်မခိုင်းရင် သူများက လာခိုင်းလိမ့်မယ်။
၁၂။ လူဆိုတာ လူ့အကြောင်း သိရမယ်၊ ပို သိတဲ့သူဟာ ပညာရှိပဲ။
၁၃။ ဒီလိုနေရင် ဒီလိုပဲ နေရမယ်။ ဒီလို မနေမှ ဒီလို မနေရမှာ။
၁၄။ ကိုယ့်နောက်မပါမယ့် ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေအတွက် ကိုယ့်နောက်ပါမယ့် အကုသိုလ်
တွေနဲ့ မလဲမိပါစေနဲ့။
၁၅။ ကိုယ်ကြိုက်တာကိုပဲ မလုပ်သင့်ဘူး၊ ကိုယ်လုပ်သင့်တာကိုပဲ ကြိုက်ရမယ်။
၁၆။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ပရဟိတပဲ။
၁၇။ လူမှန်ရင် ၃ တန်းတော့ အောင်ရမယ်၊ သင်ပညာ၊ ကြံပညာ၊ ကိုယ်တွေ့ပညာဆိုတဲ့ ၃ တန်း။ ၁၈။ ငွေဒင်္ဂါးကို ထွေခင်းကစားလို့ရပေမဲ့၊ သေခြင်းတရားကိုတော့ ကွေကွင်းသွားလို့မရနိုင်ဘူး။
၁၉။ စိတ်ဓါတ်ကျသလား? ပြန်ကောက်ထား၊ အရေးကြီးတယ် သူမရှိလို့ မဖြစ်ဘူး။
၂၀။ သူတော်ကောင်း ဖြစ် မဖြစ်, သူတော်ကောင်း စစ် မစစ် သိချင်ရင် အခုသေရဲ မသေရဲ ပြန်တွေးကြည့်။
၂၁။ ပထမနဲ့ ဒုတိယဟာ အဝေးကြီး မဟုတ်၊ နည်းနည်းလေးပဲ ပို ကြိုးစား။
၂၂။ သင့်နေရာ နံပါတ် ၂ ဟာ ၊ ၃ ကနေ တက်သွားတာလား၊၁ ကနေ ဆင်း လာတာလား? သတိထား။
၂၃။ ကြီးကျယ်အောင် လုပ်၊ ကောင်းအောင် လုပ်၊ ပိုကောင်းအောင် လုပ်။
၂၄။ အောင်နိုင်သူထက် တန်ဖိုးရှိသူက ပိုကောင်းတယ်။
၂၅။ စစ်ဆိုတာ စိတ်ကစတယ်၊ စိတ်ဆိုတာ အတွေးအာရုံက စတယ်။
၂၆။ ဟိုဘက်ကမ်းရောက်ချင်ရင် ပင်လယ်ထဲရွက်လွင့်ပါ။ တကယ်အောင်မြင်ချင်ရင် အခုပဲ စလုပ်ပါ။
၂၇။ ဖြစ်ချင်တာက ဆန္ဒ ၊ ဖြစ်နေတာက ဘ၀ ၊ ဖြစ်နိုင်တာက စ။
၂၈။ အရေးကြီးတာက အရေးမကြီးတာတွေကို အရေးတကြီးမလုပ်မိဖို့ဘဲ အရေးကြီးတယ်။
၂၉။ ကိုယ့်ကြောင့် သူတစ်ပါး၊ ကိုယ် စိတ် နှစ်ပါး၊ ဆင်းရဲ မသွားပါစေနဲ့။
၃၀။ အားငယ်ပါ။ စိတ်ဓါတ်တော့မကျပါနဲ့။
၃၁။ အသေးအမွှားတွေကို အရေးထားနေရင် ကြီးမားတာတွေကို လုပ်လို့ မရတော့ဘူး။

မူရင်း= http://www.facebook.com/photo.php?fbid=551722948187892&set=a.31...

လေးစားစွာဖြင့်
မောင်မြင့်

Copy from http://satekuupuyar.blogspot.com/2012/11/blog-post_5826.html