Sunday, November 25, 2012

လက်ပံတောင်းတောင်အရေးအခင်း နဲ့ ဦးအောင်မင်း


လက်ပံတောင်းတောင် အရေးအခင်း နဲ့ 

ဦးအောင်မင်း

By မင်းစိုးစံ
November 25, 2012 Sunday

ဒီကိုလာတဲ့ကိစ္စဟာ လက်ပံတောင်းတောင်ကိစ္စဖြစ်တယ်၊ ကျနော်လာတာဟာ ဆုံးဖြတ်ချက် ကျနော်မပေး
ဘူး၊ အဲဒီတော့ ခင်ဗျားတို့ဘာလိုချင်တယ်ဆိုတာကို ဘာတွေအခက်အခဲဖြစ်နေတယ် ဘာတွေဖြစ်နေတယ်
ဆိုတာကို ကျနော့ကို အချက်အလက်တွေပေးလိုက်၊ သမ္မတကြီးကိုပြန်ပြောမယ်၊ ပြန်ပြောပြီးလျင်အဖြေ
ပေးမယ်။

ကွယ်လွန်သွားခဲ့ပြီးဖြစ်သည့် လယ်အသိမ်းခံ လယ်သမားတဦး

ဒါဆို ၀န်ကြီးက ဘာလုပ်ဘို့လာတာလဲဟင်။
ထမင်းစားကောင်းရုံလောက်လေး စကားလာပြောတာပေါ့နော်။ 
ဒါမှမဟုတ် ၀န်ကြီးက အပြစ်မဲ့ပြည်သူတွေကိုသတ်ဘို့ ဗမာ့တပ်မတော်ထဲက မိုင်းရှာတဲ့ ခွေးလို အနံ့ခံဘို့ ရှေ့ပြေးရောက်လာလား။ ကန်တော့ပါရဲ့။ စိတ်မရှည်တော့ဘူး။

အချက်အလက်တွေကိုလည်း အများကြီးလျှောက်မပြောနဲ့ တစ်အချက် နှစ်အချက် သုံးအချက် လေးအ
ချက် ငါးအချက် ဒါလေးကိုပြောလိုက်၊ ပြောပြီးလျင် တပည့်တော်ပြန်မယ်။
သမ္မတကြီးကိုပြောပြီး တပတ်အတွင်း ဆယ်ရက်အတွင်း တပည့်တော်အဖြေပြန်ပေးမယ်။ တပည့်တော်လိမ်တာမဟုတ်ဘူး။
တီဗွီထဲမှာစောင့်ကြည့်လိုက် ဂျာ နယ်ထဲမှာစောင့်ကြည့်လိုက် တောက်လျှောက်က ခရီးစဉ်တွေရှိနေတယ်။ ဒီကြားထဲမှာဖြစ်အောင်လုပ်ပေးမယ်။

ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတဦး

ဟုတ်ကဲ့ ဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့အတွက် လေးငါးခြောက်ချက်လည်း မပြောတော့ပါဘူး။
တစ်ချက်ပဲပြောပါ့မယ်။ လက်ပံတောင်းတောင် ကြေးနီစံမံကိန်းကို ဖျက်ပေးပါ။

တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား။ နှစ်ချက်ရှိတာပေါ့။ နံပါတ်တစ်အချက်ကဘာလဲဆို လျင် ၁၉၈၈ခုနှစ် တိုင်းပြည်ပျက်တဲ့အခါမှာ တပည့်တော်တို့ စားစရာမရှိ
ဘူး။ စားစရာမရှိတဲ့အခါ တရုတ်စီကနေ မူဆယ်လမ်းကြောင်းကနေသွင်းရတယ်။ အဲဒါနဲ့တပည့်တော်တို့ အသက်ဆက်နေရတာ၊ အဲဒီကျေးဇူးလေးတော့ တပည့်တော်တို့ပြန်ကြည့်ရမယ်။

ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် AIDS ရောဂါသည်တဦး

စားစရာမရှိဘူးဆိုတာ ဟုတ်ပါ့မလားဟင်၊ ၀န်မင်းကျေးဇူးဆပ်ပုံကလည်း တမျိုးကြီးပဲ။
တရုတ်လက်နက်တွေယူပြီး မြစ်ဆုံဆောက်ဘို့ သဘောတူခဲ့တာကို ၀န်ခံလိုက်တာလား။
ပြီးတော့ ပြည်ပအားကိုး ပုဆိန်ရိုးဆို။ 
တရုတ်အားကိုးတော့ HIV ပိုး ၀င်တာထက် ဆိုးနေပါပေါ့လားဝန်မင်းရဲ့။

နံပါတ်နှစ် နယ်စပ်က ဗ က ပ ကို၊ တရုတ်ပြည်က ဆန်တွေ ပိုက်ဆံတွေထောက်ပံ့ထားတာ၊ တ့င်ရှောက်ပင်
အစိုးရတက်လာတဲ့အခါ ဒီထောက်ပံ့မှုတွေကို ဖြတ်လိုက်တဲ့အခါကျတော့ ဗ က ပ ချုပ်ငြိမ်းသွားတယ်။
ဒါကြောင့်မို့ လို့ တရုတ်နဲ့လည်း ရန်မဖြစ်ရဲဘူး။

ကွယ်လွန်သွားခဲ့ပြီဖြစ်သော ပြည်သူပိုင်အသိမ်းခံရသည့် တရုတ်သူဌေးတဦး

ဘာအခုမှ ကြောက်ပါပြီလဲ။ ပြောစမ်း ဘာအခုမှ ကြောက်ပါပြီလဲ။
တရုတ်တရုတ် သောက်စားပုပ်။ 
တရုတ်ပေါက်ဖေါ် တုတ်ကောက်နဲ့ဆော် ကွာစေ့လှော်။ 
တရုတ်ကလေးဘောင်းဘီတို ၀က်သားရောင်းတယ်ဆို ၀က်သားစွပ်ပြုပ်ဓါးနဲ့ခုတ် တရုတ်အမျိုးပြုတ်ဆို။
ပြည်သူပိုင်သိမ်းတုန်းက ၀,ကို ပြောခဲ့တာ မေ့နေပြီလား။ 
ဝ,ပြောခဲ့တယ်မဟုတ်လား။ 
လုတို့ဗမာတွေလောက်ကို ဘာလက်နက်မှမသုံးပဲ ၀,တို့တရုတ်တွေရဲ့ ငယ်ပါအမွေးကို ကြိုးကျစ်ပြီး တစ်ယောက်မကျန် ချည်ပစ်မယ်၊ ပြီးတော့ ငယ်ပါအတံနဲ့ရိုက်သတ်ပြီး သုတ်ရည်တွေနဲ့ အားလုံးကို ပင်လယ်ထဲမျှောပစ်မယ်ဆိုတာ။ 
အလှည့်ကျလျင် မနွဲ့စတမ်းပေါ့။ 
ဝူး ဟား ဟား ဟား။ ၀ူး ဟား ဟား ဟား။

ရဲဘော်စိတ်ဆိုသည်မှာ ရဲဘော်အချင်းချင်းထားရှိသည့် မေတ္တာတရား သစ္စာတရား သံယောဇဉ်စောင့်သိ
မှုတရား ပင်ဖြစ်သည်ဆိုပြီးတပ်တွေမှာ ဆိုင်းဘုတ်တွေရေးထားတယ်၊ တပည့်တော်က အဲဒါကိုလက်မခံ
ဘူး။
တပည့်တော်က အဓိပ္ပါယ်ကို ကိုယ့်ဘာသာဖွင့်ဆိုတယ်။
ရဲဘော်စိတ်ဆိုတာ လိုတဲ့နေရာမှာဖြည့် ပိုတဲ့နေရာမှာလျှော့။ ကဲလိုတဲ့နေရာမှာ ဘယ်လိုဖြည့်မလဲ။
သစ်တုံးကြီးတစ်တုံးကို ရွာသားနှစ်ယောက်ထမ်းလာတယ်၊ လေးနေတယ် တပည့်တော်က ဗိုလ်ချုပ်မို့လို့ ၀န်ကြီးမို့လို့ မသိချင်ယောင်ဆောင်လိုက်လျင် လေးတဲ့လူက ဆက်လေးနေမှာပဲ တပည့်တော်ဝင်ထမ်း
လိုက်လျင် နှစ်ယောက်ထမ်းတဲ့သစ်တုံးကို သုံးယောက်ထမ်းလိုက်တော့ ပေါ့သွားရော အဲဒါလိုလို့ဖြည့်တာ အဲဒါရဲဘော်စိတ်။

သစ်လုံးပိပြီး ကွယ်လွန်သွားခဲ့သည့် ရွာသားတဦး

မရှိလို့လုပ်စားတဲ့ ရွာသားနှစ်ယောက်ရဲ့သစ်တုံးကို ၀န်ကြီးမို့လို့ ဗိုလ်ချုပ်မို့လို့ ၀ိုင်းထမ်းမလိုလိုဘာလိုလို
လုပ်ဘို့နေနေသာသာ မောင်ပိုင်စီးတဲ့လုပ်ရပ်တွေက စစ်အာဏာရှင်ခေတ်မှာ များနေပြီလေ။
လယ်သိမ်းခံရတဲ့ ရွာသားတွေဘက်ကနေပြီး ဘာအကာအကွယ်မှမပေးပဲနဲ့များ ဒီလိုစကားမျိုးပြောထွက်
လိုက်တာ။
မျက်နှာပြောင်တိုက်ရက်လေခြင်း ၀န်မင်းရယ်။

ကဲပိုလျင်လျော့ရအောင် ဘယ်လိုလျှော့မလဲ၊ လှေကြီးတစ်စီး စီးလာတယ်၊ တပည့်တော်လည်းပါတယ်၊ လူသုံးယောက်ပါလာတယ်။
လှေက ရေပေါ်မှာလက်တလုံးပဲပေါ်တယ်၊ နောက်ထပ်ပစ္စည်းတထုပ် လူတစ်ယောက်တင်လျင်လှေက
မြုပ်သွားလျော။
လမ်းမှာလည်း ဗိုက်ကြီးသည်တစ်ယောက်က နေ့စေ့လစေ့ကြီးနဲ့ ဆေးရုံကိုသွားဘို့ရှိနေတယ်။ သူသွားဘို့သူ့ကိုတင်လျင်လည်း လှေမြုပ်သွားမှာပဲ၊ အဲဒီတော့ ဘာလုပ်ပေးမလဲ။
လှေပေါ်မှာပါတဲ့ တပည့်တော် ဆင်းပေးခဲ့ပေါ့။ တပည့်တော်ဆင်းလို့ရှိလျင် သူတက်လို့ရမယ်။
အဲဒါ ပိုလို့လျှော့တာပဲ။

မြစ်ကမ်းနံဘေးတွင် လှေစောင့်ရင်း ကွယ်လွန်ခဲ့သည့် ကိုယ်ဝန်ဆောင်တဦး

ငရဲငအုံတွေကြီးကုန်ပါ့မယ် ၀န်မင်းရယ်။ လှေပေါ်ကလည်း ဆင်းမနေပါနဲ့။
ဒီရွာလေးကိုသာ သားဖွါးနဲ့မီးယပ်ဆရာဝန်နဲ့ ဆေးဝါးအလုံအလောက်ရှိတဲ့ ဆေးခန်းလေး ဆောက်ပေး
လှည့်ပါ။
ဝန်မင်းလှေပေါ်ဆင်းပေးလိုက်ရုံနဲ့ ဒီပြဿနာက ငြိမ်းအေးသွားမှာမှ မဟုတ်တာ။
ဝန်မင်းကလည်း သိရဲ့သားနဲ့များ။ အဟင်း ဟင်း ဟင်း။
အကျင့်ဖြစ်နေပြီ ဆိုပါတော့။

ဦးအောင်မင်း ဒီနေ့မတရားတာလုပ်လျင် ဆရာတော်ဘုရားတို့ လာခဲ့လိုက် တရားစွဲ၊ တပည့်တော် ဆရာတော် ဘုရားတို့ပေးတဲ့ အပြစ်ကို ခံယူသွားမယ်၊ အဲဒီလောက်အထိ စိတ်ဓါတ်က ပြင်းထန်တယ်။

မြန်မာနိုင်ငံအရေးအခင်းတခုတွင် ပျံလွန်တော်မူသွားခဲ့သည့် သံဃာတော်တပါး

မနေ့ကနဲ့ နောက်နေ့တွေအတွက် မပါဘူးလား။
မေးသာမေးလိုက်ရတာပါ။ 
ဝန်မင်းပြောသလို ဘုန်းဘုန်းတို့ ဘယ်ကိုလာရမှာလဲ။ 
ဒကာတော်ဝန်မင်းရယ် ၀န်မင်းရဲ့ပြင်းထန်တဲ့ စိတ်ဓါတ်ကို ကြောက်လွန်းလို့ပါ။ 
အခုသမ္မတ တက်လုပ်နေတဲ့ဒကာကြီးက ရွှေဝါရောင်တော်လှန်ရေးတုန်းက တော်တော်လက်သံပြောင်
တော့ ၀န်မင်းကို တရားမစွဲဝံ့ပေါင်ဗျာ။

တပည့်တော်တို့နိုင်ငံက စနစ်မှားတဲ့အခါကျတော့ အဘက်ဘက်ကနေ အထွေထွေပိတ်ဆို့ရေးလုပ်တာ ခံ
ရတယ်။ ဒါကြောင့်မို့လို့ တရုတ်နဲ့ပဲပေါင်းသင်းခဲ့ရတဲ့ အနေအထား။
ဒါကြောင့်မို့လို့ တပည့်တော်တို့ဟာ အခုဆိုလျင်မျက်နှာစာဖွင့်ထားတယ်။
အခြားနိုင်ငံတွေကလည်း လာလို့ရအောင်။
ဒါကြောင့်မို့လို့ အမေရိကားနိုင်ငံကိုလည်း တပည့်တော်တို့ သွားရတယ်။
အဲဒီတော့မှ မျှမျှတတဖြစ်မယ်၊ ဒါက တပည့်တော်တို့မှာ အလုပ်တွေအများကြီးပါ။
ဒါတွေက တချို့ဥစ္စာတွေက ချပြောလို့မကောင်းတဲ့ကိစ္စတွေပါ။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့က တပည့်တော်တို့ကိုနားလည်ပေးဘို့ ပြည်သူလူထုက တပည့်တော်တို့ကို နားလည်ပေးဘို့လိုပါတယ်။

ကွယ်လွန်သွားခဲ့ပြီဖြစ်သော ဗမာ့နိုင်ငံရေးသမားတဦး

နားလည်ပေးပါတယ်။
နားလည်ပေးပါတယ်။
နားလည်ပေးရတာများလွန်းလို့ နားလည်းလည်ကုန်ပါပြီ။
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားကို လက်တွေ့လုပ်ပြနေတာများလားဗျာ။
ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာ ချိုသွေးရနဲ့။
နောက်ဆုံးတော့ ကျုပ်တို့တိုင်းပြည် ဟိုဒင်းကို လုံးလုံးဖြစ်တော့မှာပါလားကွယ်တို့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက်

DVB အသံလွှင့်ဌာနမှ တင်ပြထားသည့် တစ်ခုသောရုပ်သံအတွင်း ဦးအောင်မင်းပြောသော စကားများ
ကို ကောက်နုတ်ဖေါ်ပြထားခြင်းဖြစ်ပါသည်။
(အရောင်ဖြင့်ရေးသားထားသည့် စာလုံးများ မပါ)