ငြိမ်းချမ်းရေးအဖွဲ့များ နှင့် လောင်းကစားပွဲများ
December 11, 2012
Tuesday
ကရင်ပြည်နယ်ထဲမှာ ငြိမ်းချမ်းရေးအဖွဲ့တွေလည်းများလာပြီးတော့ နေ့စဉ်ရက်ဆက်ဆိုသလို အာဝါဒေး ပွဲတွေ ပြုလုပ်နေတာကြောင့် လူထုတွေကြားမှာစာရိတ္တပျက်ပြီးတော့ ရာဇ၀တ်မှုတွေလည်းပေါများလာ
တယ်လို့ ကရင် ပြည်နယ်ဒေသခံတွေက ပြောကြပါတယ်။
အထူးသဖြင့်နယ်စပ်နဲ့ကပ်နေတဲ့ မြ၀တီမြို့တစ်မြို့ထဲမှာ အာဝါဒေးပွဲတွေ ကိုးပွဲလောက်ကိုနေ့စဉ်ပြုလုပ်
နေပြီး ရံပုံငွေရှာနေတာလနဲ့ချီကြာလာပြီဖြစ်တယ်လို့ မြ၀တီမြို့သူမြို့သားတွေက ပြောပါတယ်။ ဒီအာဝါဒေးနဲ့ဆက်စပ်ပြီးဖြစ်လာတဲ့ပြဿနာတွေကို မြ၀တီမြို့ခံတစ်ယောက်က အခုလိုပြောပါတယ်။
အခုဟာ အာဝါဒေးက ညနေဆိုလို့ရှိလျင်စ,ပြီပေါ့နော်။
ကလေးတွေကျောင်းလွှတ်ပြီဟေ့ ဆိုလို့ရှိလျင် ဒီ ဆယ်နှစ်အထက်ပေါ့ ဆယ်နှစ်အောက်ကလေးတွေပါ အားလုံးက အဲဒီအာဝါဒေးစီကို ရောက်သွားပြီး။
အရင်က,ဆိုလို့ရှိလျင် အာဝါဒေးတွေက ဟိုး ငြိမ်းချမ်းရေးရပ်ကွက်တွေပေါ့နော်။ သူတို့နေတဲ့ဝင်းထဲမှာပဲရှိတယ် အခုဆိုလို့ရှိလျင် မြို့ထဲကိုရောက်လာပြီ။ ပျက်ဆီးတဲ့လူလည်းအများကြီးဖြစ်ကုန်ပြီ။
နောက်တော့မြို့ထဲမှာလည်း သူခိုးတွေသောင်းကျန်းလာတယ်။
နေ့ခင်းကြောင်တောင်လုယက်မှုဖြစ်လာတယ်။
လူသတ်မှုတွေလည်းအများကြီး ဖြစ်ကုန်ပြီပေါ့နော်။
မြ၀တီမြို့ခံတစ်ယောက်ပြောသွားတာပါ။
ကျောင်းသားတွေကြားမှာလည်း လောင်းကစားပွဲက နိုင်တဲ့ငွေတွေနဲ့ မူးယဇ်သောက်စားကြပြီးတော့ မူး
ယဇ်ဆေးစွဲတဲ့လူတွေလည်းအတော်များလာတယ်လို့ မြ၀တီမြို့ခံက,ပဲ ဆက်ပြောပါတယ်။
မြို့ခံတွေက ငြိမ်းချမ်းရေးအဖွဲ့တွေရဲ့ရံပုံငွေလောင်းကစားပွဲတွေကြောင့် ဒီလိုလူမှုရေးပြဿနာတွေဖြစ်နေ
တယ် လို့ပြောကြတဲ့အပေါ်မှာ ငြိမ်းချမ်းရေးအဖွဲ့တွေဘက်က,တစုံတရာတုန့်ပြန်ပြောဆိုတာကိုတော့ မ
ကြားရသေးကြောင်းပါခင်ဗျား။
မဲဆောက်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်ကိုအောင်ကျော်ဦး သတင်းပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျား။
Source from http://www.bbcburmese.com