Thursday, December 27, 2012

ညဘက်တွင် အစား အလွန်အကျွံစားခြင်း


ညဘက်တွင် အစား အလွန်အကျွံစားခြင်း 

Htat Ko Oo

တစ်နေ့တာလုံး အလုပ် ပင်ပင်ပန်းပန်းလုပ်၊ ညနေစာစားပြီး တီဗီရှေ့မှာအနားယူ၊ သတင်းနားထောင်၊ ရုပ်
ရှင်ကြည့်ရင်းနဲ့ အာသာပြေဝါးတတ်တာဟာ ကျွန်မတို့အားလုံး ဘာကြောင့်ညဘက်မှာ အစာလျှော့မစားရ
တာလဲဆိုတဲ့ အဓိက,အကြောင်းရင်းပါ။

အစာစားချင်စိတ် ဘာကြောင့်ဖြစ်ပေါ်လာသလဲဆိုတာကိုတော့ မသိသေးပါဘူး။
ဗိုက်မဆာဘဲနဲ့ အစားအသောက်တွေဆီကို လက်လှမ်းမိတာ၊ မီးဖိုချောင်ထဲကို ခြေလှမ်းမိတာမျိုး ဖြစ်တတ် ပါတယ်။
အစာစားချင်စိတ်က အလွန်အကျွံ ပြင်းထန်နေတာမျိုးမဟုတ်ဘဲ အပျင်းပြေသဘောမျိုးနဲ့ တစ်ခုခုကို စား
ချင်နေတာဟာ လူအတော်များများဆီမှာ တွေ့ရတတ်ပါတယ်။
ညဘက် အစားအသောက်တွေကို အလွန်အကျွံစားမိတာဟာ အကျိုးထက်အပြစ်ကို ပိုများစေပါတယ်။

အဲဒီလိုမျိုးဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ နှစ်ခုရှိပါတယ်။
ပထမတစ်ခုက ညဘက်အိပ်ရင်းနဲ့ ထ,စားမိတတ်တာ မျိုးပါ။ အိပ်စက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အစာစားမှု
 ပြဿနာ(Sleep Related Eating Syndrome -SRES)လို့ သတ်မှတ်ကြပါတယ်။
သူတို့ဟာ ညဘက်အိပ်ချိန် လမ်းထ,လျှောက်ရင်းကနေ စားသောက်မိတာ၊ အိပ်ချင်မူးတူးနဲ့ ထ,ပြီးစားတာ မျိုးပါ။
သူတို့ရဲ့သိစိတ်ထဲမှာ အစားအစာတွေကိုထ,စားမယ်လို့ စီစဉ်၊ စဉ်းစားထားတာမျိုးမရှိပါဘူး။
သူတို့ အိပ်ရာက, နိုးလာတဲ့အချိန်ရောက်ရင်တော့ သူတို့ဘေးနားမှာ စားလက်စ, အစားအသောက်တွေကို
 တွေ့မှသာ အံ့သြတကြီး ဖြစ်မိကြပါတယ်။

နောက်တစ်မျိုးကတော့ ညဘက်အိပ်ခါနီးမှာ အလွန်အမင်းစားမိတတ်တာမျိုး (Night Eating Syndrome - NES)ပါ။ သူတို့ဟာ သူတို့သုံးစွဲဖို့လိုအပ်တဲ့ ကယ်လိုရီထက်ပိုပြီး စားမိတတ်ကြပါတယ်။
လူ ၁၀၀ မှာ ၁-၂ ယောက်လောက်မှာတော့ ဒီပြဿနာတွေကို တွေ့ရတတ်ပါတယ်။

တချို့ ရောဂါတွေ၊ ရောဂါ ကုသ,တဲ့ဆေးတွေကြောင့်လည်း NES ခံစားရတတ်ပါတယ်။ ဒီလိုလူတွေဟာ အဝ,လွန်ခြင်းနဲ့ပတ်သက်ပြီး ဆက်ဖြစ်လာမယ့်အန္တရာယ်တွေနဲ့ ကြုံတွေ့နိုင်ပါတယ်။
ဒါ့အပြင် စိတ်ကျရောဂါနဲ့ပတ်သက်တာတွေ၊ အစားအသောက်တွေကို စွဲလာတာမျိုးကိုလည်း ခံစားရတတ် တယ်လို့ သိပ္ပံပညာရှင်တွေက အဆိုပြုထားကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး တိကျတဲ့ဆက်စပ်မှုကို မတွေ့ရ,သေးပေမယ့် မှန်ကန်နေတာကိုတွေ့ရပါတယ်။
NES ဟာ အိပ်စက်ချိန်၊ အစာစားချင်စိတ်တို့ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေပေါ်မှာလည်း သက်ရောက်မှု ရှိတယ်လို့ ဆိုလာကြပါတယ်။
ပညာရှင်တွေကတော့ အိပ်စက်ချိန်နည်းခြင်းနဲ့ ကိုယ်အလေးချိန်တက်လာခြင်းတို့ကို အခြေခံပြီး အိပ်စက်
ချိန်နဲ့ အစာစားချင်စိတ်တို့ဟာ အခိုင်အမာကို ဆက်စပ်နေတယ်လို့ ဆိုကြပါတယ်။

မိမိခံစားနေရ,တာဟာ ပုံမှန်နဲ့မတူဘူးဆိုရင် ဆရာဝန်နဲ့ ပြသ,ပြီး တိကျတဲ့ရောဂါရှာဖွေမှု ပြုလုပ်ပါ။ - အစာစားချင်နေတဲ့ပြဿနာဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုခုနဲ့များ ဆက်စပ်နေသလား ဆိုတာကို သိနိုင်ဖို့ စိတ်ရောဂါနဲ့ပတ်သက်တဲ့ ပညာရှင်တစ်ယောက်ယောက်နဲ့ ဆွေးနွေးကြည့်သင့်ပါတယ်။

ရောဂါတစ်ခုခုကြောင့်ဖြစ်ရတာဆိုရင်လည်း မူလ,အရင်းခံရောဂါကို အရင်ဆုံးပျောက်ကင်းအောင် ကုသ,
ပေးဖို့လိုပါတယ်။
တချို့သူတွေဟာ စိတ်ဖိစီးမှုများလာတဲ့အခါမှာ အစာ ခဏ,ခဏ,ထ,စားတတ်ပါတယ်။
ညနေစာစားသောက်တဲ့အခါမှာ အလွယ်တကူဗိုက်ပြည့်စေတဲ့ အသီးအရွက်တွေကို ဦးစားပေးပြီးစားပေး
ပါ။
ညဘက်အိပ်ရေးဝ,အောင်အိပ်တာဟာ အစာ ခဏ,ခဏ,ထ,ပြီးစားနေတာမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

နှင်းနုလွင်(ဆေးဝါး)
Ref: Good Health

source>>>http://natureenergycare.blogspot.com/2012/12/

Copy from http://chohnget.blogspot.com/2012/12/blog-post_9289.html