Thursday, December 13, 2012

နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ


နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော

မြန်မာစစ်ခေါင်းဆောင်များ 

သန်းတင်
 ဒီဇင်ဘာ ၁၄၊ ၂၀၁၂

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တိုင်းပြည်ကိုအုပ်ချူပ်ခဲ့ကြသော ခေါင်းဆောင်များကို
လေ့လာကြည့်လျှင် ဓားတစ်ပြက် ဒုတ်တစ်ပြက်ဖြင့် ပြည်သူများကို ရိုင်းစိုင်းမောက်မာစွာ အုပ်ချူပ်ခဲ့ကြ
သည်ကို လေ့လာတွေရှိရမည်ဖြစ်သည်။

အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်းဟု ပြဿနာ၏ရင်းမြစ်ကို လေ့လာကြည့်လျှင် ထိုသူတို့တွင် တိုင်း
ပြည်နင့်လူမျိုးအပေါ်တွင် အမှန်တကယ်စစ်မှန်သော မေတ္တာစေတနာမရှိမှု။ ပညာအမျော်အမြင်အားနည်းမှု၊ အာဏာကို အလွန်အကျွံမက်မောမှု။
အများပြည်သူကောင်းစားရေးထက် မိမိမိသား စုကောင်းစားရေ စသော တစ်ကိုယ်တော်အတ္တဆန်မှု။
တို့ကိုတွေ့ရှိရမည်ဖြစ်သည်။

အမှန်တရာနှင့် လုံးဝကင်းကွာပြီး လက်တွေ့မကျသော ပေါ်လစီများ။
မှုဝါဒများကို ကျင့်သုံးခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင် လူတော်လူကောင်းများ။
တတ်သိပညာရှင်များ မရှိသည်မဟုတ်ပါ။
ထိုလူတော်လူကောင်းများ တတ်သိပညာရှင်များအတွက် နေရာမရှိခြင်းသာဖြစ်သည်။ အထက်ဖားအောက်ဖိများ၊ ခရိုနီတရုတ်စီးပွါးရေး သမားများ၊ အာဏာရှင်အကြိုက် ပုံဖေါ်ထောက်ခံပေးကြ
သော အာဏာရှင်လက်သစ်လူတစ်စုအတွက်သာလျှင် နေရာမြဲ၊ အာဏါမြဲ၊ စီးပွားရေးခိုင်မာတောင့်တင်း
နေသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်သူလူထုထောက်ခံမှုလုံးဝမရဘဲ မိမိကိုယ်ကိုဆွဲခန့်ပြီး လူကြီးတက်လုပ်နေကြသော စစ်အစိုးရနင့် စစ်
အစိုးရအရေခြုံ ဦးသိန်စိန်အစိုးရသည် ဒီမိုကရေစီလမ်းစဉ်ကို ဖေါ်ဆောင်နေပါတယ်လို့ မင်းသားခေါင်း
ဆောင်းပြီး ကမ္ဘာကိုလိမ်ညာပြောနေခြင်းသည် လက်ပံတောင်းတောင်အရေးကိစ္စတွင် ရဟန်းရှင်လူများ
အား အကြမ်းဖက်မှုက ဘီးလူးရုပ်ကို ထင်ပေါ်စေပါသည်။

အရေးအခင်းကြုံတိုင်း ပြည်ပအဖွဲ့အစည်းများ ကိုလက်ညှိုးထိုးခေါင်းလွဲလုပ်လေ့ရှိသော မြန်မာခေါင်းဆောင်
များသည် ယခုတစ်ကြိမ်တွင်လည်း နိုင်ငံရေးအရ,အမြတ်ထုတ်လိုသူများကြောင့်ဆိုပြီး အတို့က်အခံပါတီ
များဖက်သို့လေသံပစ်နေပါသည်။

အတို့က်အခံပါတီများကတော့ ငြိမ်ချက်သားကောင်းပြီး လိုအပ်သောအကူအညီများကို ထောက်ပံ့ပေးနေ
ကြသည်ကို တွေ့ရှိရပါသည်။
မြန်မာ့နိုင်ငံရေးသည် အကွေ့အကောက်များသောကြောင့် ခေတ်အဆက်ဆက်တက်လာကြသော အစိုးရ
များသည်လည်း နာမည်သာပြောင်းပြီး အာဏာရှင် အကွေ့အကောက်ဝါဒီတွေသာဖြစ်သည်ကို ပြည်သူများ အသိပင်ဖြစ်သည်။
တိုင်းပြည်တစ်ခုလုံး ဘာဖြစ်ဖြစ် လူတွေဘယ်လောက်ဒုက္ခရောက်ရောက် အာဏာကို စွဲမြဲစွာဆုပ်ကိုင်ပြီး
နိုင်ငံကို ခရိုနီစီပွါးရေးသမားများနင့် ပုလင်းတူဗူးဆို့လုပ်ပြီး ရောင်းစားနေကြတုန်းပင် ဖြစ်သည်။

ရောမပြည်ကြီး မီးလောင်ပျက်စီးနေသည်ကို အလေးမထားဘဲ တယောထိုးမပျက်သော နီရိုးဘုရင်လို လူ
စားမျိုးတွေသာ ၀ိုင်းရံနေသော လက်ရှိမြန်မာအစိုးရသည် ယခင်လမ်းဟောင်းအတိုင်းသာဆက်လက်
လျှေက်လှမ်းနေပါက မကြာမီနှစ်အတောအတွင်း တရုတ်ပြည်မကြီးရဲ့ လက်အောက်သို့သိသာထင်ရှားစွာ ကျရောက်နိုင်ပါသည်။

ယခုလည်းဘဲ မြန်မာတစ်နိုင်ငံလုံးတွင် မြင်မြင်သမျှ ရင်းနီးမြှုပ်နှံမှုဟူသမျှတို့သည် တရုတ်ကုမ္ပဏီကြီးများ၏ မတရားအမြတ်ထုတ်ဂုတ်သွေးစုပ်မှုတို့ကို ပြည်သူအများက ခါးသည်းစွာခံနေကြရပါသည်။
လယ်ယာမြေ မတရားသိမ်းပိုက်မှု၊ ရွာတွေအခ,ကြေးငွေမရဘဲ ပြောင်းရွေခံရမှု၊ သဘာဝပတ်ဝန်းကျင် ထိ
ခိုက်ဖျက်စီးမှု၊ သမိုင်းဝင်အဆောက်အဦးများ ဖြိုဖျက် ခံရမှုတို့ကို နိုင်ငံနှင့်အ၀န်းတွင် ပြည်သူများက,နေ့
စဉ်နှင့်အမျှ ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်နေကြရပါသည်။

အပြည့်အစုံ ဖတ်ရှုလေ့လာဘို့ မူရင်းနေရာ http://nitsannthit.com/56821?frame

Source cartoon from http://nitsannthit.com/47718