ရှမ်းပြည်နယ်မှာကျင်းပ,တဲ့ ကရင်နှစ်သစ်ကူးပွဲတော်
Source Photo from
http://ehkhaungthaunt.blogspot.com/2013/01/blog-post_12.html
၇၅ကြိမ်မြောက်
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို
ဂုဏ်ပြုကြိုဆိုခြင်း
By မင်းစိုးစံ
January 12, 2013
Saturday
ထိုက်ခေါက်ဖိုး(သလေး)လ,ဆိုတာ ကျုပ်တို့ရဲ့ ကရင်အမျိုးသားနှစ်သစ်ကုးနေ့အဖြစ် ပြည်ထောင်စုဗမာနိုင်ငံ တ၀ှမ်းလုံးမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပ,လာခဲ့တာ အခုဆိုလျင် ၇၅ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်။
၇၅နှစ်တိုင်တိုင် မယိမ်းမယိုင် ကျင်းပ,နိုင်တဲ့အောင်မြင်မှုဆိုတာ တော်ရုံတန်ရုံ မျိုးချစ်စိတ်မျိုးမဟုတ်တာ
တော့ အသေအခြာပါပဲ။ တော်ရုံတန်ရုံ စည်းလုံးညီညွတ်မှုမဟုတ်တာလဲ အမှန်ပါပဲ။
ဒါပေမယ့် လိုအပ်ချက်တွေ အားနည်းချက်တွေ ကတော့ အနည်းနဲ့အများရှိနေဆဲပါ။
ဘယ်လိုပဲဖြစ်ဖြစ် ၇၅နှစ်ဆိုတဲ့ ကာလ,အတွင်း ရ,ခဲ့တဲ့သင်္ခန်းစာတွေကြောင့် နောက်နောင်မှာဆိုလျင်ဖြင့် အားနည်းချက်တွေ လိုအပ်ချက်တွေ နည်းသည်ထက်နည်းလာနိုင်မယ်လို့တော့ မျှော်လင့်မိတာအမှန်ပါ။
စိန်ရတုမြောက် ကရင့်အမျိုးသားနှစ်သစ်ကူးနေ့နဲ့အတူ ကရင်အမျိုးသားထုတရပ်လုံး ဘေးဘယာအပေါင်း
မှဝေးကွာ၍ စီးပွါးလဒ်လာဘ,များတိုးတက်ပြီးသကာလ ရန်သူ၏တိုက်ခိုက်မှုနည်းဗျူဟာများကို ကြိုတင်မြင်
ပြီးတင်ကြိုပြင်ဆင်ကာ ကာကွယ်တားဆီး တိုက်ဖျက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျား။
ကျေးဇူးတင်လျှက်
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)