Monday, January 28, 2013

မိုက်လှချည့်လား ဦးလှဆွေရယ်

ဤပုံကိုကြည့်ပါ အဝေးကမြင်နိုင်သည်
 ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှည်တော်ကြီး ဦးလှဆွေ

မိုက်လှချည့်လား ဦးလှဆွေရယ်

By မင်းစိုးစံ
January 28, 2013

ခင်ဗျားကြီးက,တော်တော်မိုက်ရိုင်းတာပဲဗျ။ဗမာစစ်အစိုးရလို့ပြောစရာမလိုအောင်ကိုမိုက်တာ။ ရှေ့တန်းမှာ
သေကြေနေကြတာ တိရစ္ဆာန်မဟုတ်ဘူးဗျ၊ လူက,မွေးထားတဲ့ လူတွေ။

ရွှေလက်နဲ့ခေါ်သလေးဘာလေးနဲ့။ ကိုယ့်လက်လည်းပြန်ကြည့်ပါဦး နူနေပြီ။ ခင်ဗျားတို့ ဗမာအစိုးရလက်
က,နူနေတာကြာလှပြီ။ ဘာကြောင့်နူသလဲဆိုတာ ခင်ဗျားတို့အသိဆုံး။ ခင်ဗျားတို့က တိုင်းရင်းသားတွေကို
အုပ်ချုပ်ချင်တာမဟုတ်ဘူး၊ အမျိုးဖြုတ်ချင်နေတာ။ ဒါကြောင့် လူမဆန်တဲ့ အလုပ်တွေကို တိုင်းရင်းသားဒေ
သ,တိုင်းမှာ လုပ်နေကြတာလေဗျာ။
ကရင်ကိုလည်း နောက်ဆိုလျင် ကရင်တွေကိုတွေ့ချင်လျင် ပြတိုက်ထဲမှာ သွားကြည့်ရမယ်ဆိုပြီး ပြစ်ပြစ်နှစ်
နှစ် ကိုပြောခဲ့ဘူးသလို အခုတခါ ကချင်ကိုလည်း ကျည်ဆံပေးမယ်ဆိုပါလား။

ခင်ဗျားတို့တတွေ ဘာကြောင့်ဒီလောက်တောင် ယုတ်မာနေကြရတာလဲ။ ခင်ဗျားကိုယ်တိုင် စစ်မတိုက်ရ
တိုင်း ဟိုလိုလုပ်လိုက်မယ် ဒီလိုလုပ်လိုက်မယ် မပြောပါနဲ့။ ခင်ဗျားတို့ဗမာအစိုးရတပြုံတမ,ကြီးက စစ်သား
တွေအသေအပျောက်များလွန်းအားကြီးလို့ ငြိမ်းချမ်းရေးလုပ်ချင်နေတာကို ခင်ဗျားသိသိကြီးနဲ့ ဟန်ကိုယ့်ဘို့
လုပ်နေသေးတယ်။

ခင်ဗျားကိုယ်ကို တစ်ခြားနိုင်ငံက ခေါင်းဆောင်တွေနဲ့နှိုင်းလိုက်တာ သန,လိုက်တာဗျာ။
ခင်ဗျားတို့အခြေအနေက သူတောင်းစားထမင်းဝ,လို့ ကမြင်း ကြောထ,ချင်နေတဲ့ အဆင့်ထက်မပိုဘူးဆို
တာ သဘောပေါက်လိုက်စမ်းပါ။ ခင်ဗျားကြီးဆိုလျင်လည်း သူခိုးကျင့်သူခိုးကြံနဲ့ လွှတ်တော်ထဲရောက်လာ
တယ်ဆိုတာ ခင်ဗျားကိုယ်ကို ခင်ဗျားအသိဆုံးပါ။ ဒါကြောင့်ခင်ဗျားတို့ကိုပြောနေတာ သူတောင်းစားထမင်း
ဝ,လို့ ကမြင်းကြောထ,ချင်နေတာလို့။ မနာတတ်ဘူးထင်တယ်၊ ရှက်ဘို့ကိုကော စဉ်းစားမိရဲ့လား။

ခင်ဗျားတို့ အရှက်ကင်းခဲ့တာ နှစ်ပေါင်းကြာလာပြီပဲလေ ဘယ်လိုလုပ်ရှက်တတ်တော့မှာလဲနော်။ ပြီးတော့
ခင်ဗျားတို့က သူများပိုင်တဲ့ပစ္စည်းတွေကို ကြောင်တောင်နှိုက်လာခဲ့တာ အကြိမ်ပေါင်းများလာတော့ လက်
က,ယဉ်နေပြီးသား။ မတရားတဲ့နည်း မသမာတဲ့နည်းနဲ့ သားစဉ်မြေးဆက်ကိုလုပ်ကျွေးလာခဲ့တာဆိုတော့
နာရ,ကောင်းမှန်းလည်းမသိ ရှက်ရ,ကောင်းမှန်းလည်းနားမလည်နိုင်တော့ဘူးဆိုတာကို ခေါက်ရိုးကျိုးနေတဲ့
လူတန်းစားကွဆိုပြီး ဂုဏ်ယူပြနေလိုက်သေးတယ်မဟုတ်လား။

ခင်ဗျားကြီးမှာ လူလိုကျင့်ကြံအားထုတ်ဘို့ လူလိုနေသွားဘို့ အချိန်မရှိတော့တာနဲ့ နောင်မျိုးဆက်သစ်တွေ
ကို လေလှိုင်းပေါ်ကနေ မိုက်ရိုင်းမပြပါနဲ့တော့ ဒီအကြိမ်ဟာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေ
ဟုတ်ပြီလား။
ပြောမယ့်သာပြောရတာ ခင်ဗျားကြီး နောက်တစ်ခေါက်လေလှိုင်းပေါ်ရောက်လာဘို့ မဆိုထားနဲ့ လွှတ်တော်
ထဲမှာတောင် ခင်ဗျားကြီးလေလည်ဘို့ မလွယ်တော့ဘူးထင်တယ်။
ဘာကြောင့်ကျုပ်ဒီလိုပြောသလဲသိလား။ ခင်ဗျားတို့ရဲ့ ပြည်ခိုင်ဖြိုးပါတီက အခြားပါတီတွေထက် နည်းနည်း
လွတ်လပ်တယ် လို့ပြောသွားလို့ပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေရာမှာ ခင်ဗျားကြီးရဲ့ စကားအတိုင်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ပေးပါ ဆို
တာ ကျုပ်သိပ်မရှင်းဘူးဗျ။ ခင်ဗျားဘယ်သူ့ကိုတောင်းပန်နေတာပါလိမ့်။ ဦးသိန်းစိန်ကိုလား သူရ ဦးရွှေမန်း
ကိုလား တကယ်တမ်း ခင်ဗျားကြီးဝင်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီသာ လွတ်လပ်ရိုးမှန်တယ်ဆိုလျင် အဲဒီစကား
မျိုး ဘယ်သူ့ကိုမျှ ပြောနေစရာမလိုဘူးလေ။ ရှင်းပါတယ်နော်။ ခင်ဗျားကြီးပြောခဲ့တဲ့ စကားလုံးတိုင်းကိုကျုပ်
ပြန်တင်ထားပါတယ် နောက်တစ်ခေါက် ကံမကောင်းအကြောင်းမလှလို့ လေလှိုင်းပေါ်က,နေမလွှဲသာမ
ရှောင်သာစကားပြောခွင့် ရ,ခဲ့မယ်ဆိုလျင်ပေါ့ မှတ်သားလောက်စရာစကားလုံးတွေကို ဒီထက်ပိုပြီး ရွေးပြော
တတ်အောင် ပြန်နားထောင်ကြည့်ပေတော့။

မတရားတဲ့နည်းနဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတာပဲဗျာ နောက်နောင်အတွက် စကားပြောတာနဲ့ပတ်
သက်လို့ အချိန်ရှိပါသေးတယ်၊ ပြင်မယ်ဆိုလျင်ပေါ့လေ။ စိတ်ဓါတ်ကတော့သွားပြီ လုံးဝ,ပြင်လို့မရ,တော့
ဘူး။ စင်ထိုးပေးလို့မရဘူး ကန်စွန်းမျိုး။


မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)