Thursday, January 3, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန်သုံးသပ်ခြင်း အပိုင်း (၃)



ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး

အခြေခံများမှ ဝေဘန်သုံးသပ်ခြင်း

အပိုင်း (၃)


အောင်ထူး (ရှေ့နေ)
ဇန်န၀ါရီလ (၃) ရက် ၂၀၁၃ ခုနှစ်

စာရေးသူ၏ဆောင်းပါးများကိုဖတ်ပြီးနောက် စာဖတ်သူ ဖိုးကြီးက
“ခင်ညွန့်တို့ သန်းရွှေတို့အကြောင်းကို လက်ဖက်ရည်ဆိုင်မှာတောင် ခပ်ကျယ်ကျယ် မဝေဖန်ရဲတဲ့ခေတ်၊ အခုက NLD အာဏာရ,လို့ အစိုးရ,ဖွဲ့နိုင်ခဲ့ရင် ဒေါ်စု နဲ့ NLDကိုဝေဖန်တဲ့စကားမျိုး ခပ်ကျယ်ကျယ် မဟ,ရဲ မဆိုရဲတဲ့ခေတ်များ ရောက်လာလေမလား မသိဘူး။
မကြိုက်လဲ မတတ်နိုင်ဘူး မသင့်တာတွေ့တော့ ပြောရမှာပဲ အခုလဲ ပြောမယ် နောင်လဲပြောမယ်။”
ဟု မှတ်ချက် ပြုခဲ့သည်။ စာရေးသူသည် အဆိုပါစာဖတ်သူနှင့် သဘောချင်းတူပါသည်။

ဝေဘန်ရေးသည် ဒီမိုကရေစီ၏ အသက်သွေးကြောဖြစ်သလို လူပုဂ္ဂိုလ်တဦး၏ လွတ်လပ်စွာထုတ်ဖေါ်ပြော
ဆိုခွင့်လည်း ဖြစ်သည်။ နိုင်ငံရေးပါတီတရပ်တွင် ပါတီတွင်းဝေဘန်ရေးရှိမှ ကောင်းစွာရှင်သန်ပါမည်။ လူ့အဖွဲ့အစည်း၌ လူထုအတွင်း လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ရှိမှ တိုးတက်ပါမည်။ ဤအခြေခံမှ ဆက်
လက်ဝေဘန်သွားပါမည်။

ဥပဒေစိုးမိုးရေးကို တည်ဆောက်မပေးနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ဖွဲ့စည်းပုံကို မည်သို့ ချဉ်းကပ်မည်နည်းဟူသည်မှ မြန်မာနိုင်ငံ၏မျက်မှောက်ပြဿနာများတွင် သော့ချက်ဖြစ်လာသည်။ ဥပဒေစိုး
မိုးရေး ရ,နိုင် မရ,နိုင် ချိန်ထိုးရမည့် စံပေတံ ဖြစ်လာသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖြစ်နိုင်လျှင် လုံးဝဖျက်သိမ်း
ပစ်သင့်သည်။ အနည်းဆုံးအားဖြင့် ယင်း၏ အခြေခံကြောရိုးများအား ပြင်ကိုပြင်ရပါမည်။

ဤသည်မှာ တိုင်းပြည်အကျိုးအတွက် လျှောက်ရမည့်လမ်းကြောင်းပင်။ ယင်းလမ်းကြောင်းကို အထောက်
အပံ့ဖြစ်စေရန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လှုပ်ရှားမှုများနှင့်စပ်လျှဉ်း၍ လူထု၏ အခန်းကဏ္ဍကို တိုး
မြင့်စေခြင်း ဖြစ်သည်။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ကို
ကြွေးကြော်လျှက် လူထုထံမှ ဆန္ဒမဲများရ,ယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယင်းတို့နှင့်စပ်လျှဉ်း၍
အခြေခံလူထုများအကြားတွင် ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပညာပေးရေးများ၊ လူထု၏သဘောထား အ
မြင် စုဆောင်းရေးလုပ်ငန်းများကို အားကောင်းကောင်း ဖေါ်ဆောင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
နိုင်ငံရေး အာဏာမရ,သး၊ အစိုးရ မဖြစ်သေးသော်လည်း လူထုခေါင်းဆောင်အနေဖြင့် လုပ်လိုစိတ်ထက်
သန်ပါက လုံးဝ,လုပ်၍ရ,နိုင်သောလုပ်ငန်းဖြစ်သည်။ သို့ရာတွင် ယနေ့အချိန်အထိ ဟုတ္တိ ပတ္တိ မတွေ့ရပါ။

ယခုမှု ယင်းတို့အစား ဒေါ်အောင်ဆန်းစုကြည်၏၀န်းကျင်တွင် က,ပွဲများ၊ သီဆိုပွဲများ၊ ဟိုပွဲသည်ပွဲများ၊ ခရို
နီများနှင့် တွေ့ဆုံပွဲများ၊ စစ်အာဏာရှင် စနစ်ကို ပြုပြင်ဖာထေးရေးလုပ်ငန်းများနှင့်သာ ပြည့်နှက်နေပါတော့
သည်။ ပညာရေးရံပုံငွေ သိန်းနှစ်ထောင်ကျော်ရှာနိုင်သည့်အပေါ်တွင် ဂုဏ်ယူနေသည်။
အင်န်ဂျီအိုနှင့် လူမှုရေးအသင်းအဖွဲ့များ လုပ်ရမည့်အလုပ်တွင် နိုင်ငံရေးခေါင်းဆောင်က ၀င်ရောက်အလုပ်
များနေသည်။
အစိုးရ၏ ကချင်ပြည်နယ်ထိုးစစ်၌ လူထုပညာရေးအတွက်သုံးရမည့်ငွေများ အလဟ,သ, ဖြစ်နေသည်ကို နိုင်ငံရေးအရ,မလေ့လာအား။ ဒီဇင်္ဘာ ၁၄ တရက်တည်း နှင့် ကျပ်ငွေ သိန်းတသောင်းကျော်ခန့်ကုန်ကျနေ
သည်ကို ဂရုမပြုအား။ ယနေ့အထိ မြန်မာ့တပ်မတော်က ခေါင်းမာမာနှင့် ဆက်လက်ထိုးစစ်ဆင်နေသည့် အတွက် အနည်းဆုံး ကျပ်ငွေ သိန်းပေါင်းသုံးသောင်း ကျော်ခန့်မျှ ကုန်ကျသွားသည်ကို ဥပဒေစိုးမိုးရေးရှု
ဒေါင့်မှ ချဉ်းကပ်တားဆီးရန် မကြိုးစား။

အစိုးရက တိုင်းရင်းသားတပ်များအား မတူကွဲပြားစွာ
တည်ရှိစေခြင်းသည် ဥပဒေစိုးမိုးရေးနှင့် ဆန့်ကျင် 

တကမ္ဘာလုံးတွင် မည်သူမျှ ငြင်း၍မရ,သော ဥပဒေစိုးမိုးရေး၏ မူတရပ်မှာ ဥပဒေရှေ့မှောက်တွင် အားလုံး
တန်းတူရှိရေး ဖြစ်သည်။
ကချင်စစ်ပွဲကို ဥပဒေစိုးမိုးရေးအခြေခံမှ မည်သို့ချဉ်းကပ်သင့်သနည်း။ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်
သည် နယ်ချင်းဆက်နေသည်။ ၀,နယ်မှာ ရှမ်းပြည်နယ်အတွင်းမှာရှိသည်။ ၀,နယ်တွင် ၀,ပြည်သွေးစည်း
ညီညွတ်ရေးပါတီ (၀သပ)ဦးဆောင်လျှက် ၀,လက်နက်ကိုင်တပ် သောင်းဂဏန်းတချို့မျှအင်အား နှင့် ရပ်
တည်လျှက်ရှိသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ကေအိုင်အို ရော ၀သပ က,ပါ လက်မခံပါ။ လက်မခံ တာချင်းအတူတူ ဦးသိန်းစိန်အစိုးရက ကေအိုင်အိုကို အပြတ်တိုက်လျှက်ရှိသည်။ ၀သပ နှင့်တော့ ရွှေလမ်း၊ ငွေလမ်းဖေါက်
လျှက်ရှိသည်။ ၀သပ ကို တိုက်စေချင်၍ ပြောနေခြင်းမဟုတ်။ ဥပဒေ စိုးမိုးရေးအခြေခံနှင့် ဆန့်ကျင်နေသ
ဖြင့် ထောက်ပြခြင်း ဖြစ်သည်။
နယ်ခြားစောင့်တပ် မဖွဲ့သည့်အတွက်အရေးယူမည်ဆိုလျှင် နယ်ခြားစောင့်တပ်မဖွဲ့ဘဲ ရပ်တည်နေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို တပြေးညီ အရေးယူရ,ပါမည်။ ကွက်ကြားမိုးရွာ၍မရ,ပါ။ အစိုး
ရက ဤသို့ကွက်ကြားမိုး ရွာနေသမျှ ဥပဒေ စိုးမိုးရေး မည်သည့်အခါတွင်မျှ ရ,မည် မဟုတ်ပါ။ ဥပဒေစိုးမိုး
ရေးအလံ ထောင်လျှက် လူထုထံမှ ဆန္ဒမဲရ,ယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဤသည်ကိုထောက်
ပြရန်တာဝန်ရှိသည်။ ယင်းအပေါ်အခြေခံ၍ အစိုးရက, ကချင်ပြည်နယ်တွင် ထိုးစစ်အရှိန်မြှင့်ဆွဲနွှဲနေသည်
ကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ရန်တာဝန်ရှိသည်။ အဘယ်ကြောင့် ငြိမ်သက်နေပါသနည်း။

 ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဤကိစ္စကို သတိမထားမိ၍တော့ မဟုတ်နိုင်ပါ။ ဥပဒေစိုးမိုးရေး အခြေ
ခံမှ ကြည့်လျှင် ရှင်းနေသောကြောင့် ဖြစ်သည်။ သတိထားမိပါလျှက် အကြောင်းတခုခုကြောင့် တမင် မျက်
ကွယ်ပြုထားသည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥပဒေစိုးမိုးရေးကို နုတ်က,ပြောနေသော်
လည်း လက်တွေ့အရ,လိုက်နာကျင့်သုံးခြင်း မရှိဟုဝေဘန်ရပါမည်။

၂၀၀၈ ဖွဲ့စည်းပုံသည် တိုင်းရင်းသား တပ်များ၏တည်ရှိမှုပြသနာကို မရှင်းနိုင်။ ဤအတိုင်းဆက်သွားနေ
သမျှ ကာလ,ပတ်လုံး တိုင်းရင်းသားတပ်များသည် မတူကွဲပြားစွာဆက်လက်ရပ်တည်နေကြမည်ဖြစ်သဖြင့် ဥပဒေစိုးမိုးရေးပျက်နေပြီး တပြည်လုံးတွင် ဖြစ်ခြင်သလိုဖြစ်နေကြမည်။ 

ဥပဒေစိုးမိုးရေးအခြေခံတွင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လိုပါက ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တခုကို မွေးထုတ်ဘို့လိုပါမည်။ 

၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ဆွဲသွင်းရန် နယ်ခြားစောင့်တပ်ဖွဲ့စေရေးနည်းနာသည် လုံးဝ,ပင်မအောင်မြင်။ 

ဥပဒေစိုးမိုးရေးကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆက်စပ်ပြီး ထပ်မံတင်ပြပါမည်။
ပုဒ်မ ၃၃၈တွင် “နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်
တွင် ရှိရ,မည်” ဟု ပြဌာန်းထားသည်။
ဖွဲ့စည်းပုံအတိုင်း အကောင်အထည်ကျင့်သုံးနိုင်ရန် တိုင်းရင်းသားတပ်များ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးမူ
ကို နအဖ အစိုးရ,လက်ထက် ကထဲက ကြိုတင်ကြိုးပမ်းခဲ့သည်။ အဖွဲ့ငယ်ကလေးတချို့မှလွဲ၍ ကချင်၊ ၀၊
ရှမ်း၊ မွန်၊ ကရင်၊ ကရင်နီစသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးများက လက်မခံကြပါ။

ကရင်ပြည်နယ်တွင် ဒီကေဘီအေ ၏ အစိပ်အပိုင်းတခုက,လက်ခံသွားပြီး ကျန်တခုက,လက်မခံပါ။
ကေအင်ယူမှ ခွဲထွက်ခဲ့ပြီး ငြိမ်းချမ်းရေးယူသွားခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သည့်အဖွဲ့ငယ်သည်ပင်
လျှင် လုံးဝ,လက်မခံ။
ချော့မော့ ဖိအားပေးသော်လည်း မည်သို့မျှမရ,သဖြင့် ဤအတိုင်းရပ်တည်ခွင့်ပေးထားရ,သည်။ ဤသည်
မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံး၍မရ,ကြောင်း ထင်ရှားသည့် သာဓက,ပင်။
ဥပဒေစိုးမိုးရေးကို ဆီမန်း,မန်းသလိုရွတ်နေသော သူရ,ဦးရွှေမန်းaခါင်းဆောင်သည့် အတုအယောင်လွှတ်
တော်ကြီးတခုလုံးသည်လည်း ၂၀၀၈ဖွဲ့စည်းပုံနှင့်ဆန့်ကျင်လျှက် ထင်ထင်ရှားရှားရပ်တည်နေသည့် တိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြဿနာကို မည်သည့်အခါကမျှ ဆွေးနွေးခဲ့ခြင်းမရှိ။ မသိချင်ယောင်ဆောင်ထားကြသည်။

နယ်ခြားစောင့်တပ်များအဖြစ် အတင်းအကြပ်ဆက်ဖွဲ့ခိုင်းလျှင် ခုခံကြပြီး လက်နက်ကိုင်တိုက်ပွဲများ တပြည်
လုံး ပြန်လည်ဖြစ်ပွားလာဦးမည်မှာ ရာနုန်းပြည့်သေချာသည်။ တိုင်းရင်းသားတပ်များက ပြည်ထောင်စု တပ်မတော်တရပ် ဖွဲ့စည်းရေးကို တောင်းဆိုနေကြသည်။

ယင်းကို လက်တွေ့အကောင်အထည်ဖေါ်မည်ဆိုလျှင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ကြီးမားသော အကန့်အသတ်ဖြစ်နေသည်။ ဖွဲ့စည်းပုံကို ဤအတိုင်းဆက်လက်ထားရှိသမျှ ကာလ,ပတ်လုံး မည်သည့်အ
ခါတွင်မျှ ဥပဒေစိုးမိုးရေး မရ,နိုင်တော့။

အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံပြဌာန်းချက်ကတခြား၊ လက်တွေ့စစ်တပ်အသီးသီး ရပ်တည်နေသည်က တလွဲ ဖြစ်နေသောကြောင့်ပင်။

ကေအိုင်အိုတခုတည်းကို ထိုးစစ်ဆင်နေခြင်းသည် ဥပဒေစိုးမိုးရေး နှင့်သာမက, တရားမျှတမှုနှင့်ပါ ဆန့်ကျင်။

နယ်ခြားစောင့်တပ်မဖွဲ့သည့်အတွက် အစိုးရက,အပြစ်ရှာတိုက်ခိုက်ရာတွင် ခံရသူမှာ ကေအိုင်အို တဖွဲ့တည်း ဖြစ်နေ သည်။ သို့ရာတွင် ကေအိုင်အိုကို အမြတ်ပြတ်ချေမှုန်းနိုင်ရန်ဝေးစွ၊ လိုင်ဇာ ဌာနချုပ်အနီးလဂျားယန်ဒေသရှိ တောင်ကုန်းတကုန်းမျှကိုသိမ်းရန်ပင် လက်နက်ကြီးပေါင်းများစွာနှင့် တိုက်လေယာဉ်များပါသုံးခဲ့ရသည်။ တပြည်လုံးရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအားလုံး နယ်ခြားစောင့်တပ်များ ဖွဲ့ကြ၊ ၂၀၀၈ ဖွဲ့စည်းပုံနှင့် အညီ မြန်မာ့တပ်မတော်၏ ကွပ်ကဲမှုအောက်ကို ၀င်ကြ၊ မ၀င်လျှင် အပြတ် တိုက်ပြီးအကုန်လုံးကို ခြေမှုန်းပစ်မည်ဟူသောမူကို မည်သည့်နှင့်မျှ ကျင့်သုံး၍မရသည်မှာ ရာနုန်းပြည့်သေချာသည်။ မည်သူငြင်းနိုင်အံ့နည်း။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လည်ပတ်၍မရ,တော့။ ဤသည်မှာ အကြီးမားဆုံးသော ဥပဒေစိုးမိုး
ရေး ပြဿနာကြီးဖြစ်လာသည်။ ပြည်တွင်းငြိမ်းချမ်းရေးရ,ရန် လက်ရှိမြန်မာ့တပ်မတော်အား တိုင်းရင်းသား တပ်များပါ ပါဝင်ဖွဲ့စည်းမည့် ပြည်ထောင်စုတပ်မတော်တရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဟူသော အဆိုပြု
ချက်ကို အဓိက,လေ့လာစဉ်းစားဘို့ရှိလာသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သည်ထက်ကောင်းမွန်သည့် နည်းနာရှာဖွေနိုင်ပါက တိုင်းရင်းသားအဖွဲ့
အစည်းများကိုရော တပြည်လုံးလူထုကိုပါ ချပြသင့်သည်။ အားလုံးလေ့လာလိုကြပါမည်။

၁၉၉၄ ခုနှစ်တွင် နအဖ နှင့် ကေအိုင်အို အပစ်အခတ်ရပ်စဲရေးလုပ်ရာ၌ ထဲထဲဝင်ဝင်ပါခဲ့သူ ထောက်လှန်း
ရေးဗိုလ်မှုးဟောင်း အောင်လင်းထွဋ်က
“စာချုပ်ထဲမှာမပါတဲ့ နယ်ခြားစောင့်တပ်လုပ်ရ,မယ့်ကိစ္စအပေါ်မူတည်ပြီး ကေအိုင်အေနယ်ခြားစောင့်တပ်
မလုပ်ရ,ကောင်းလားဆိုပြီး ကေအိုင်အိုကိုရန်မူလာတဲ့ အနေအထားရှိတယ်။
စာချုပ်ကိုလဲ ဗမာအစိုးရဘက်က,စ,ပြီး ချိုးဖေါက်ခဲ့တာပါ။”
ဟု ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့တွင် ဘီဘီစီအင်တာဗျူး၌ ပြောသွားခဲ့သည်။

ဤလင့်ခ်တွင် နားဆင်ပါ။
https://docs.google.com/open?id=0BzC8VZhwp11AVDBENG1PUWF1ajg

တိုင်းရင်းသားပြည်နယ်များအတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်

၎င်းက,ဆက်လက်၍
“နိုင်ငံရေးဆွေးနွေးဘို့အစိုးရ,ရဲ့ ထိုးစစ်တွေရပ်ပြီး ၁၉၉၄ ခုနှစ်က သဘောတူခဲ့တဲ့ မျဉ်းကြောင်းကို ပြန်
ဆုတ်သွားဘို့လိုပါတယ်။
အစိုးရအနေနဲ့ထိုးစစ်ရပ်ပြီးဗိုလ်နေမြဲ၊ ကျားနေမြဲ မူလ,လမ်းကြောင်းအတိုင်း ပြန်သွားမယ်ဆိုရင်တော့
ကေအိုင်အေ အနေနဲ့အပစ်အခတ်ရပ်စဲရေး မလုပ်စရာအကြောင်းမရှိဘူးလို့ သိရပါတယ်။” 
ဟု ပြောသွားခဲ့သည်။

ဤမှတ်ချက်နှင့်ပတ်သက်၍မူ စာရေးသူအနေဖြင့် သိပ်ပြီးမသေချာလှပါ။ အဘယ်ကြောင့်ဆိုသော် ၁၇နှစ်
အပစ်ရပ်ခဲ့သော်လည်း ကချင်ပြည်နယ်လူထုအတွက် မည်သည့်နိုင်ငံရေးအခွင့်အရေးမျှ မရ,ခဲ့ကြောင်း
ကေအိုင်အို က,အကြိမ်ပေါင်းများစွာထောက်ပြခဲ့ပြီ။ ယခုလည်း အနည်းဆုံးအားဖြင့် ကချင်ပြည်နယ်လူထု
အတွက်ပင် မည်သည့်နိုင်ငံရေးအခွင့်အရေးမျှ အာမ,ခံချက်မရှိ၊ အစိုးရစစ်တပ်က အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ချိုးဖေါက၊် ၎င်းတို့ထင်သလို စိတ်တိုင်းကျထိုးစစ်ဆင်ခဲ့သည့်ကာလ,အတွင်း သိန်းချီသည့် ကချင်
လူထုများ ဒုက္ခမျိုးစုံaရာက်ခဲ့ကြ၊ အတော်များများလည်း ဖိနှိပ်ရက်စက်မှုများခံခဲ့ရ၊ အိုးအိမ်များဆုံးရှုံးဘ၀,
များပျက်ခဲ့ကြသည်တို့ကိုလည်း မည်သို့မျှပြန်လည်ကုစားပေးခြင်းမရှိ၊ အစိုးရတပ်က ၁၉၉၄မျဉ်းကြောင်းအ
တိုင်းနောက်ပြန်ဆုတ်ပေးရုံနှင့် ပြီးပြီလား။
ယင်းမှာ တရားမျှတ,သည့် အပစ်အခတ်ရပ်စဲရေးဟု ပြောနိုင်ပါမည်လား။

အပစ်အခတ်ရပ်လိုက်ပြန်ပြီးနောက်တွင် ကချင်ပြည်နယ်မြေယာများအပေါ် ဦးသိန်းစိန် အစိုးရက,၎င်းတို့ အလိုကျ ပြန်လည် စီမံခန့်ခွဲတော့မည်။
ကျောက်စိမ်းများအပါအ၀င် ကချင်ပြည်နယ်လူထုပိုင် သဘာဝ,သယံဇာတ,များအား ပြန် လည်ထုတ်လုပ်
ရောင်းချ အမြတ်ထုတ်ဦးတော့မည်။
ဤသည်တို့ကို ကေအိုင်အိုဘက်က သည်အတိုင်း လက်ပိုက်ထိုင်ကြည့်နေရ,မည်လား။ 
အသေအကျေ ခုခံတိုက်ပွဲဝင်ခဲ့ပြီးနောက် ကေအိုင်အိုရ,လိုက်သည့် နိုင်ငံရေးအကျိုးအမြတ်သည် လက်တွေ့
ဘာမျှမရှိ။
အပစ်ရပ်လိုက်ရ,ခြင်းသက်သက်သာ ဖြစ်သည်ဆိုလျှင် လက်ခံနိုင်ပါ့မလား။
ပြန်လည်အပစ်အခတ်ရပ်ပြီးနောက်တွင် နောက်တကြိမ်ထပ်မံရန်စ,စော်ကားခံရကာ တိုက်ပွဲပြန်ဖြစ်ဦးမည့် အန္တရယ်ကို မည်သို့ကာကွယ်မည်နည်း။
ယင်းတို့မှာ ကေအိုင်အိုအတွက် စဉ်းစားစရာများဖြစ်ပါမည်။ 

ဥပမာ ပြပါမည်။
လူကြီးတဦးနှင့် ကလေးတဦး ခြေနှစ်လှမ်းခန့်အကွာ မျက်နှာခြင်းဆိုင် မတ်တတ်ရပ်နေကြသည်။ မည်သည့်ဘက်ကမျှ စ,တင် ရန်စ,စော်ကားခြင်း မရှိဘဲ ကိုယ့်နေရာမှာ ကိုယ်ရပ်နေကြရန် သဘောတူထား
ကြသည်။
လူကြီးဘက်က စ,တင်ချိုးဖေါက်ပြီး ရှေ့ခြေတလှမ်းတက်ကာ ကလေး၏ပါးကို ရိုက်လိုက်သည်။ တချက်တည်းမဟုတ် ဘယ်ပြန်ညာပြန် ဆက်ရိုက်နေသည်။
ကလေးက,လည်း တတ်နိုင်သမျှ ၎င်း၏လက်ကလေးများနှင့် ဟိုကာသည်ကာ ခုခံကာကွယ်နေရ,သည်။
ဘေးလူများက အမြင်မတော်သဖြင့် ၀ိုင်းဝန်းအော်ဟစ် ဟန့်တားကြသည်။
“ကလေးကိုမရိုက်ပါနဲ့၊ ရပ်ပါတော့လူကြီးရယ် ကိုယ့်နေရာမှာ ကိုယ်ပြန်နေပါ” ဟု ၀ိုင်းဝန်းမေတ္တာရပ်ခံကြ
သည်။
ဘေးလူများကပါ ကလေးဘက်ကပါပြီး မိမိကို အန္တရယ်ပြုနိုင်သည်ကို ရိပ်စားမိလာသောကြောင့် လူကြီးက
နောက်ခြေတလှမ်း ပြန်ဆုတ်ပေးလိုက်သည်။
လူကြီးက ကလေးအပေါ်ကျူးကျော်စော်ကားမှုအား မည်သို့မျှ အရေးမယူ။
ကလေးနစ်နာသွားမှုအတွက်လည်း ထိုက်သင့်သည့် လျော်ကြေးနှင့် မည်သည့်ကုစားမှုမျှမပေး။
နောင်ကိုလည်း ဆက်လက်ကျူးကျော်စော်ကားခြင်း မပြုစေရန် မည်သည့်အာမ,ခံချက်မျှမရှိ။
လူကြီး စိတ်မထင်တိုင်း ရှေ့ကို ခြေတလှမ်းပြန်တက်လာပြီး ရိုက်ဦးမည့်အန္တရယ်ရှိနေသည်။

ဤဥပမာတွင် လူကြီးသည် ဦးသိန်းစိန်ဦးဆောင်သည့်အစိုးရနှင့် ၎င်းအား အမိန့်ပေးနေသည့် ကာလုံဖြစ်
သည်။ ကလေးသည် ကေအိုင်အို ခေါင်းဆောင်သည့် ကချင်လူထုဖြစ်သည်။

ကချင်ပြည်နယ် ရ,သင့်ရ,ထိုက်သည့် နိုင်ငံရေးအခွင့်အရေးများကို ရည်ညွှန်းလျှက် ကေအိုင်အေ စစ်ဦးစီး
ချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က
နောင်ကို စစ်ဆိုတာမရှိတော့အောင် အပြီးအပိုင်တခါတည်းလုပ်လိုက်ကြရ,အောင်၊ ပင်လုံစိတ်ဓါတ်နဲ့ ဖက်
ဒရယ်ပြည်ထောင်စု တည်ဆောက်လိုက်ကြရ,အောင် 
ဟု ပြောကြားခဲ့သည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ တောင်းဆိုတိုက်ပွဲဝင်နေသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြ
ဌာန်းခွင့်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာ ရ,နိုင်ပါမည်။ ကချင်ပြည်နယ်တွင် ကေအိုင်အိုသည် ပြည်ထောင်စုမ ခွဲထွက်ရေး၊ သီးခြားနိုင်ငံတည်ထောင်ရေးအတွက် တိုက်နေခြင်းမဟုတ်ကြောင်း ကေအိုင်အေ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် လွန်ခဲ့သည့် ရက်ပိုင်းတ
ချို့ကမှ ပြောကြားခဲ့သည့် မိန့်ခွန်းအား ဤလင့်ခ်တွင် နားဆင်ပါ။
http://www.youtube.com/watch?v=J7_FDwoF3L0

၎င်း၏မိန့်ခွန်းအရ,ကေအိုင်အိုသည် ကချင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုအဖြစ်တည်ဆောက်ရာမှာ ပါဝင်နိုင်ရေးတို့အတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း
ရှင်းပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားများလိုလားသည့် မည်သည့်နိုင်ငံရေး အခွင့်အရေးမျှ မ
ပါရှိပါ။

တိုင်းရင်းသားပြည်နယ်များ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရ,ရှိရေးကိုအဓိက,ထားပြီး
ကအိုင်အိုက ဘာကြောင့်ပြောနေသလဲ

မည်သည့်နိုင်ငံရေးအခွင့်အရေးမျှ အာမ,ခံချက်မရှိသေးဘဲ ယခုတကြိမ်ထပ်မံ အပစ်အခတ်ရပ်စဲရေးလုပ်
ပါက ဦးသိန်းစိန်အစိုးရက နိုင်ငံရေးဆွေးနွေးပွဲခေါင်းစဉ်အောက်တွင် ဟိုပြော သည်ပြောနှင့် အချိန်ဆွဲထား
ပြီး နောက်ထပ် ၁၇ နှစ်ထပ်မံ စောင့်ဆိုင်းရ,ဦးမည့်အနေအထားကို ကေအိုင်အိုခေါင်းဆောင်များ စိုးရိမ်နေကြပုံရ,သည်။
သို့ဖြစ်၍ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထပ်မံထိုးရန် သိတ်ပြီးစိတ်မ၀င်စားကြ။
ဦးသိန်းစိန်အစိုးရက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် နိုင်ငံရေးပြဿနာကို အရင်ရှင်းပြ
စေချင်ပုံရ,သည်။ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံးတည်ဆောက်လိုက်စေချင်ပုံရ,သည်။ အပစ်မရပ်သေးသော်လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များအား ဦး
သိန်းစိန်အစိုးရက စစ်စစ် မှန်မှန် ဆောင်ရွက်နေပါက ကေအိုင်အေ ဘက်က,မူ အစိုးရကို ထိုးစစ်ဆင်မည်
မဟုတ်သည်မှာ သေချာသည်။
အစိုးရက ကေအိုင်အိုကို ထိုးစစ်များပြန်လည်ဆင်နွှဲလာရ,သည့် နောက်ထပ်အကြောင်းရင်းတခုမှာ စီးပွား
ရေးအကျိုး အမြတ်ကြောင့် ဖြစ်သည်။
ဤသည်ကို ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ (၂၇) ရက်နေ့ကစာေ၇းသူတင်ဆက်ခဲ့သည့် ဆောင်းပါးတွင် အောက်
ပါအတိုင်း ဖေါ်ပြခဲ့သည်။

“ကေအိုင်အိုကို ထိုးစစ်များပြန်လည်ဆင်နွှဲနေခြင်းမှာ သမ္မတနှင့် စစ်ခေါင်းဆောင်များ အကြားတွင်သဘော
ထား ကွဲလွဲ၍မဟုတ်ပါ။ သဘောထားကွဲချင်ယောင်ပြု၍ ထိုးစစ်ဆင်နေခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်
နည်း။ စီးပွားရေး အကျိုးအမြတ်ကြောင့် ဖြစ်သည်။

ဖားကန့်ကျောက်စိမ်းဒေသ,ကို ပြန်လည်လွှမ်းမိုးအမြတ်ထုတ်လိုခြင်း နှင့် ကေအိုင်အို က လိုင်ဇာမှ တဆင့်
ထိမ်းချုပ်ထားသည့် တရုတ်နှင့်ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးလိုခြင်းတို့ ကြောင့်ဖြစ်သည်။” စစ်အစိုးရဘက်မှာ တာဝန်ယူခဲ့သူ ဗိုလ်မှုးဟောင်းအောင်လင်းထွဋ် ကလည်း အလားတူသုံးသပ်လာသည်။ “ထိုးစစ်ဆင်မှုဟာ ဗမာအစိုးရ,အတွက် ဘယ်လိုအကျိုးရမလဲ ” ဟုဘီဘီစီကမးသောအခါ ၎င်းက
ဗမာ အစိုးရ,အတွက် အကျိုးအမြတ်အများဆုံးရှိတဲ့ နေရာတွေပါ။ ကျောက်စိမ်း၊ သစ်တော နဲ့ အခြားသ
ယံဇာတ,တွေရှိတယ်။ ရေအားလျှပ်စစ်ထုတ်နိုင်တဲ့နေရာတွေ အများအပြားရှိတယ်။ တရုတ်နဲ့စာချုပ်ချုပ်ဆို
ခဲ့တဲ့ အပေါ် အစိုးရ,အနေနဲ့အကျိုးအမြတ်အများအပြားရ,ရှိခဲ့တယ်။ ဒါကြောင့် ကေအိုင်အေဟာ အစိုးရအ
တွက် ခလုတ်ကန်သင်းဖြစ်တယ် လို့မြင်ပါလိမ့်မယ်။

ကေအိုင်အိုက,ပင်လုံစာချုပ်ကိ ရည်ညွှန်းလျှက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုအသိအမှတ်ပြုရန် နှင့် ဖက်ဒရယ်
ပြည်ထောင်စု တည်ဆောက်ရန်တောင်းဆိုနေခြင်းမှာ လက်တွေ့အရ,မည်သည်ကို ဆိုလိုပါသနည်း။ ကချင်ပြည်နယ်တွင် တည်ရှိ နေသည့် မြေယာအပေါ်မှ နည်းမျိုးစုံနှင့်ရ,ရှိသည့် အကျိုးအမြတ်မှန်သမျှ ပထ
မဆုံးအနေဖြင့် ကချင်ပြည်နယ်လူထုတွင် ခံစားခွင့်ရှိရန်၊ ဒုတိယ အနေနှင့် ပြည်ထောင်စုအတွင်းရှိ အခြား
ပြည်နယ်များ မျှဝေခံစားခွင့်ရ,ရေးအတွက် ခွဲဝေပေးရန်ဟူ၍ စာရေးသူနားလည်သည်။

လက်တွေ့တွင်မူ ပြည်နယ်များမှာ ဖွတ်ကျေုာပြာစုဖြစ်လာပြီး စစ်အာဏာရှင် ဟောင်း သစ်များ အခြေစိုက်
နေသည့် နေပြည်တော်ကြီးသာ တနေ့ထက်တနေ့ ကြီးမားခန့်ထည်လာသည်။
ရွှေရောင် တပြောင်ပြောင် ဖြစ်လာသည်။

ပြည်နယ်အသီးသီး၏ အကျိုးစီးပွားနှင့်ဆန့်ကျင်လျှက် မြေယာအပေါ် ဦးသိန်းစိန်အစိုးရက, ထင်သလို စီမံ
ခန့်ခွဲ၊ ကုမ္ပဏီကြီးငယ်များအား လုပ်ငန်းလိုင်စင်များချပေး၊ ၄င်းကုမ္ပဏီများတွင် ဗိုလ်ချုပ်ဟောင်း သစ်များ က အစုရှယ်များထည့်ဝင် အကျိုးစီးပွားခံစား၊ ဗိုလ်ချုပ်ဟောင်း သစ်များ တည်ထောင်ထားသည့် ဦးပိုင်
ကုမ္ပဏီက လည်း မြေယာများအပေါ်ဝင်ရောက် ဂုတ်သွေးစုပ်ကြခြင်းဖြင့် ပြည်နယ်များ၏ အခွင့်အရေးများ ကြီးမားစွာ ဆုံးရှုံးလျှက်ရှိသည်။

ကချင်ပြည်နယ်အပါအ၀င် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ၆၅ နှစ်ကျော် ဆုံးရှုံးခဲ့ရသည့် ကိုယ်ပိုင်ပြ
ဌာန်းခွင့် အခွင့်အရေးပြဿနာကို ကေအိုင်အိုက တခါတည်း နှင့် အပြီးရှင်းလိုက်ချင်ပုံရသည်။ အလွယ်တကူနှင့် အပစ်အခတ်ရပ် စဲရေး ပြန်လည်လုပ်လိုပုံမရပါ။

ကေအိုင်အို၊ ကေအိုင်အေသည် ပင်လုံစာချုပ်အပေါ်အခြေခံသည့် နိုင်ငံရေးရည်မှန်းချက်များအတွက်တိုက်
ပွဲဝင်နေသည်။ သို့ဖြစ်၍ ၎င်း၏ခုခံစစ်သည် ကချင်ပြည်နယ်တခုတည်းအတွက် မဟုတ်၊ ပြည်ထောင်စု အ
ဖွဲ့ဝင်ပြည်နယ်များ အားလုံးအတွက် စစ်မှန်သည့် ပြည်ထောင်စုပြန်လည်တည်ဆောက်ရေး၊ အတိအကျ
အားဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖြစ်သည်ဟု စာရေးသူနားလည်သည်။ မည်မျှအထိ ပြင်းပြင်းထန်ထန် ခုခံစစ်ဆင်နွှဲနေရ,သည်ကို နိုင်ငံတကာကပင် စ,တင်အသိအမှတ်ပြုလာပြီ
ဖြစ်သည်။
အောက်ပါလင့်ခ်များတွင် ရှုပါ။

http://www.facebook.com/photo.php?v=371819472914212
http://www.facebook.com/video/video.php?v=254121358017358

ပင်လုံစာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။
ပင်လုံစာချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံထက် အဆ,တသောင်းမက,ပိုမို၍ တရားဝင်ကြောင်း ဒေါ်အောင်ဆန်း
စုကြည် မငြင်းနိုင်ဟု ခံယူသည်။
လာမည့်ဖေဖေါ်ဝါရီလ, (၁၂) ရက်နေ့ဆိုလျှင် ပင်လုံစာချုပ်၏သက်တမ်း (၆၆) နှစ် ပြည့်ပါပြီ။ ပင်လုံစာချုပ်အရ, ပြည်ထောင်စု အဖွဲ့ဝင်များအား ဒီမိုကရေစီအခွင့်အရေး နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်
အရေးများ အပ်နှင်းထားသည်။
သို့ရာတွင် ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသားပြည်နယ်များသည် ကိုယ့်ပြည်နယ် အစိုးရ,ကို ကိုယ့်လူ
ထုက, ရွေးချယ်တင်မြှောက်ခွင့် မရ။ ကိုယ့်ပြည်နယ်ကို ကိုယ့်ဖာသာအုပ်ချုပ်ခွင့်မရ။ ကိုယ့်မြေကို ကိုယ့်ဖာ
သာ စီမံခန့်ခွဲခွင့်မရ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကထဲက, တက်လာသော ပြဿနာသည် ၂၀၀၈ ဖွဲ့စည်းပုံတွင် အဆိုးဆုံးဖြစ်လာသည်။

ပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသားပြည်နယ်များအတွက် နိုင်ငံရေးအခွင့်အရေးကို ပင်လုံစာချုပ်တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုးချုပ်ဆိုသည်ကို အသိအမှတ်ပြုခဲ့သည်။ သမီးဖြစ်သူ ဒေါ်
အောင်ဆန်းစုကြည်သည် နိုင်ငံရေးအရ,လှုပ်ရှားဆောင်ရွက်နိုင်သည့် အနေအထားတွင်ရှိနေပါလျှက် အ
ဘယ်ကြောင့် မျက်ကွယ်ပြုနေပါသနည်း။

၂၀၀၈ ဖွစည်းပုံကို ဘယ်တော့ ပြင်မှာလဲ။ ဘာတွေ ပြင်မှာလဲ။

ဖွဲစည်းပုံပြင်ဆင်ပါမည် ဟူသော ကတိကို ဒေါ်အောင်ဆန်းစုကြည်က လူထုအား ကြားဖြတ်ရွေးကောက်ပွဲ
မတိုင်ခင် မဲဆွယ်စည်းရုံးစဉ်မှာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ စာရေးသူနားလည်သည်မှာ ဒေါ်အောင်
ဆန်းစုကြည်သည် ယင်းကတိကို လွှတ်တော်အတွင်းရောက်ပြီးပြီးချင်းမှာပင် ချက်ခြင်း အကောင်အထည်
ဖေါ်လိမ့်မည်၊ သူမ,ရ,ရှိထားသော ပြည်တွင်းလူထုထောက်ခံမှု၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုများကို အ
သုံးပြုကာ ဖွဲ့စည်းပုံ ပြင်ရန် အဆိုပြုချက်များ ဟောတခု ဟောတခု ထွက်လာလိမ့်မည်၊ လွှတ်တော်ကြီးတ
ခုလုံး သိမ့်သိမ့်တုန်သွားစေရန် လှုပ်ခါလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
ကံမကောင်းစွာပင် ယင်းသို့ဖြစ်မလာခဲ့ပါ။ ပြောင်းပြန်ပင်။ သူမသည် လွှတ်တော်မှာ ကျမ လေ့လာစရာ
တွေအများကြီးရှိသေးတယ် ဟုရေရွတ်ကာ လွှတ်တော်အစည်းအဝေးများအား ကြိုးကြိုးကုတ်ကုတ်တက်
နေခဲ့သည်။
အနှစ်သာရ,ဘာတခုမျှမရှိဘဲ အခွံမျှသာရှိနေသည့်လွှတ်တော်ကြီးတွင် ဒေါ်အောင်ဆန်းစုကြည် ဘာကိုလေ့
လာမည် မသိပါ။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဘယ်တော့စ,လုပ်မည်ကို မည်သူမျှမသိရ။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးမှသာပြင်ဘို့
ကြိုးစားတော့မလိုလို သတင်းများထွက်လာသည်။ ဤသို့ဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်က လူထု
ကို ရှင်းရှင်းပြောထားခဲ့သင့်သည်။ စာရေးသူ အနေဖြင့်မူ ဤသို့မဖြစ်သင့်ဟု ယူဆ,သည်။ ယခုလောလော
ဆယ် ပြင်ဘို့ကြိုးစားရင် အယ်န်အယ်လ်ဒီအမတ်နေရာ လေးဆယ်ကျော်လောက်နဲ့ဘယ်လိုလုပ် ဖြစ်နိုင်မ
လဲ ဟု စောဒက,တက်သူများ ရှိကောင်းရှိပါမည်။

လက်တွေ့မဖြစ်နိုင်ဘူးထင်ရင် ဘာကြောင့်ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သလဲဟု ပြန်မေးရပါမည်။
လူထုကို ကတိပေးထားသည်မှာ ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ပြင်ဘို့ကြိုးစားရန်မဟုတ်၊ ကြားဖြတ်ရွေး
ကောက်ပွဲ သက်တမ်းအတွင်းမှာပင် ပြင်ရန်ဟု စာရေးသူနားလည်သည်။

လွှတ်တော်အတွင်း၌ ဖွဲ့စည်းပုံပြင်ရန် ကြိုးစားစရာရှိတာ အမြန်ဆုံး ကြိုးစားသင့်ပါသည်။ လူထုကြီးကလည်း လွှတ်တော်ပြင်ပ,မှာ လှုပ်ရှားတောင်းဆိုမှုများရှိလာမှာ မုချဖြစ်သည်။ နိုင်ငံတကာဖိအား
များလည်း ကျရောက်လာနိုင်သည်။

မကြာသေးခင်က,ပင် စာရေးသူက ပြည်တွင်းတွင် လက်ရှိအမှုလိုက်ပါဆောင်ရွက်နေသော လူငယ်ရှေ့နေ
တချို့အား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျှဉ်း၍ သင်တန်းပို့ချခဲ့သည်။ သင်တန်းသား ရှေ့နေတဦးက မေးသည်။
“ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်းမှာ ၂၀၀၈ဖွဲ့စည်းပုံကိုပြင်ဘို့လိုတယ်
လို့ပြောမသွားဘူး။
အိန္ဒိယရောက်တော့မှပြောတယ်။
အဲဒါ ဘာကြောင့်လဲ ဆရာ”  ဟူ၍ဖြစ်သည်။ စာရေးသူလည်း ရုတ်တရက် ဘာဖြေရ,မည်မှန်းမသိခဲ့။

သို့ဖြစ်၍ ရိုးရိုးပင်
ဆရာလဲ ဘယ်သိပါ့မလဲကွာ။ မင်းတို့ရော ဘယ်လိုထင်သလဲ။
ဟူ၍ ပြန်မေးဖြစ်ခဲ့သည်။
ဤတွင် အခြားရှေ့နေတဦးက
“ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်မယ်ဆိုရင် သူ့အနေနဲ့ကန့်ကွက်စရာမရှိဘူးလို့ ဦးသိန်းစိန်က အမေ
ရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း ပြောသွားခဲ့တယ်။
အဲသလိုပြောပြီးတဲ့နောက်မှာမှ ဒေါ်စု က အိန္ဒိယမှာ ဖွဲ့စည်းပုံကို ပြင်ဘို့ပြောတာ။
သူမ သမ္မတဖြစ်ဘို့အတွက် လိုအပ်တဲ့အပိုင်းလောက်ကိုဘဲ ပြင်ပေးဘို့ ဒေါ်အောင်ဆန်းစုကြည် ဦးတည်နေ
မလားလို့ ကျမတော့ စိုးရိမ်မိတယ်။”
ဟု ပြန်ဖြေသွားခဲ့သည်။ အခြား ရှေ့နေများ ကလည်း ယင်းဖြေကြားချက်ကို လက်ခံကြသည်။

ယင်းသို့သောသုံးသပ်ချက် အဘယ်ကြောင့်ထွက်ပေါ်လာပါသနည်း။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်လည်းကောင်း၊ သူမ,ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့
ချုပ်သည်လည်းကောင်း၊ ဖွဲ့စည်းပုံ၏ မည်သည့်အပိုင်းများကို ပြင်ဆင်သွားမည်ဟု ယနေ့အချိန်အထိ တိ
တိကျကျ လူထုအားရှင်းပြခြင်း မရှိသေးပါ။

ယင်းနှင့်စပ်လျှဉ်း၍ လုပ်ငန်းစဉ်တရပ်တိတိကျကျချပြီး လူထုထံမှသဘောထား တောင်းခံခြင်းလည်း မရှိ
သေးပါ။ စာရေးသူအပါအ၀င် လူထုကြီးတရပ်လုံးမှာ ထီထိုးထားပြီး ပေါက်မဲစောင့်နေရ,သူများကဲ့သို့ဖြစ်
နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံကို ပြင်ရန်မကြိုးစားတော့ဘဲ ၂၀၁၅ ရွေးကောက်ပွဲအထိ အထိ သည်အတိုင်း မျှောလိုက်သွားတော့မည်လားဟူသည်ကို စိုးရိမ်ရ,သည့်အနေအထား ရှိလာသည်။ ရှင်းရှင်းလင်းလင်း[i] မရှိ သည့် ပြဿနာကို စစ်အာဏာရှင်အုပ်ချုပ်မှု ယန္တယားအတွင်းမှာသာမက, ဒီမို
ကရေစီရေးလှုပ်ရှားမှုကြီးအတွင်းမှာပါ ရင်ဆိုင်နေကြရသည်။
ရှေ့ကို မည်သို့ဆက်လက် စခန်းသွားကြတော့အံ့နည်း။

အပိုင်း (၄) ကို ဆက်လက်ဖတ်ရှုပါရန်


အောင်ထူး (ရှေ့နေ)
ဇန်န၀ါရီလ (၃) ရက် ၂၀၁၃ ခုနှစ်