Thursday, January 10, 2013

ဆောင်းတွင်းမှာ စကိတ်စီးကြ



ဆောင်းတွင်းမှာ စကိတ်စီးကြ 

2013-01-09

ဆောင်းတွင်းကာလလယ်ကိုရောက်နေပြီ။
တရုတ်ပြည်ရဲ့ မြောက်ပိုင်းဒေသ,က ရေကန်တွေမှာ ရေခဲတွေ အထူကြီးခဲနေပြီ၊ ရေတွေခဲနေပြီဆိုတော့ အဲဒီရေခဲပြင်ပေါ်မှာ စကိတ်စီးတဲ့သူတွေများလာတယ်။
အခုဆိုရင် စကိတ်စီးပြီးအားကစားလုပ်တာကို လူတော်တော်များများ ကြိုက်လာကြပြီ။
အဲဒီအားကစားက ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။
လူတစ်ယောက်ဟာ ငြိမ်ငြိမ်လေးဘဲနေတဲ့အခါ သူ့ရဲ့နှလုံးခုန်နှုန်းက တစ်မိနစ်မှာ အကြိမ် ၄၀နဲ့ ၆၀ ကြားထဲ
မှာရှိပြီး စကိတ်စီးတဲ့အခါဆိုရင် အကြိမ် ၁၈၀နဲ့ ၂၀၀ ကြားထဲမှာ ရှိတယ်။
ပုံမှန်လူတစ်ယောက်အတွက် နှလုံးခုန်နှုန်းဟာ အကြိမ် ၈၀နဲ့ ၁၀၀ ကြားထဲမှာရှိတတ်တယ်။
ဒါကြောင့် စကိတ်စီးသူရဲ့ နှလုံးသွေးကြောဟာ ရိုးရိုးသာမန်လူထက် ပိုသန်စွမ်း ကျန်းမာတယ်လို့ ဆိုနိုင်ပါ
တယ်။

စကိတ်စီးတာဟာ ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်တယ်၊ ကိုယ်အလေးချိန် ကီလိုဂရမ် ၆၀ ရှိတဲ့လူဟာ အရှိန်မှန်မှန်နဲ့ နာရီဝက်လောက် စကိတ်စီးရင်၊ ကယ်လိုရီယူနစ် ၁၅၀ လောက် လျှော့ကျစေနိုင်
တယ်၊ အဲဒါဟာ နို့ကိတ်မုန့် နှစ်ခုရဲ့ ကယ်လိုရီနဲ့ နီးစပ်ပါတယ်။

Copy from http://myanmar.cri.cn/666/2013/01/09/1s23526.htm