Wednesday, January 23, 2013

ရှက်တတ်လျှင် လဲသေဘို့ကောင်းသော လွှတ်တော်အမတ်များနှင့် သမ္မတဦးသိန်းစိန်

ရန်ကုန်မြို့ ပြည်သူ့လွှတ်တော်ခန်းမ,ဆောင်မှာ လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံပွဲက
စင်္ကာပူသစ်ခွပန်းတစ်မျိုးရဲ့နံမည်နဲ့ လူ
Source Photo from http://www.bbcburmese.com/images
ရှက်တတ်လျှင် လဲသေဘို့ကောင်းသော 

လွှတ်တော်အမတ်များနှင့် သမ္မတဦးသိန်းစိန်

By အောင်ထူး (ရှေ့နေ)
(မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်

အရှက်နှင့် ဂုဏ်သိက္ခာကို တန်ဘိုးမထားသော ပုဂ္ဂိုလ်များအား ခိုင်းနိုင်းပြောဆိုသော မြန်မာဆိုရိုးစကား တ
ခုရှိသည်။ ရှက်တတ်ရင် လဲသေဘို့ကောင်းသကွာ ဟူ၍ ဖြစ်သည်။ ဤစကားမှာ လွှတ်တော်အမတ်များနှင့်
သမ္မတ ဦးသိန်းစိန် တို့အတွက် မှန်နေသလိုရှိသည်။ အဘယ်ကြောင့်နည်း။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားကြသော အမတ်မင်း
များသည် ၎င်းတို့ကိုယ်တိုင်ပင် ဖွဲ့စည်းပုံကိုချိုးဖေါက်နေသောကြောင့်ဖြစ်သည်။
"နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း"အား သမ္မတ၏သဘော
ထားနှင့်ဆန့်ကျင်ကာ လွှတ်တော်က,အတည်ပြုလိုက်ရာ မကြေနပ်သောသမ္မတဦးသိန်းစိန်က ထောက်ပြ
သည့်အချက်များအနက် အဓိက,အကျဆုံး အောက်ပါပြဌာန်းချက်နှစ်ရပ်ကို နိုင်းယှဉ်လေ့လာကြည့်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၂၁)

"နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌက,ရွေးချယ်ထား
သည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားလွှတ်တော် ဥက္ကဌက,ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး စုစုပေါင်းကိုးဦး
၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌအ
ဖြစ်တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်ကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း
လျက် သဘောတူညီချက်ရ,ယူမည်"

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၆

နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌက,ရွေးချယ်ထား
သည့်အဖွဲ့ဝင် သုံးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဌက,ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ စုစုပေါင်းရွေး
ချယ်ထားသည့် အဖွဲ့ဝင်ကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် ဥက္ကဌအဖြစ် တာဝန်ပေး
အပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌတို့နှင့်ညှိနှိုင်း၍ ရွေးချယ်သည့် အဖွဲ့ဝင်တစ်
ဦး၏အမည်ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းပြီး သဘောတူညီချက်ရ,ယူမည်။

ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်မှာ သမ္မတတစ်ဦးတည်း၏သဘောနှင့် ခုံရုံးဥက္ကဌတာဝန်ထမ်းဆောင်မည့်
ပုဂ္ဂိုလ်ကို အမည်စာရင်းတင်သွင်းခွင့်ရှိသည်။ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေတွင်မူ ပြည်သူ့လွှတ်တော်
ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌတို့နှင့်ညှိနှိုင်းပြီးမှ တင်သွင်းခွင့်ရှိသည်။
လုံးဝပင်ကွဲပြားခြားနားနေကြောင်း၊ ခုံရုံးဥပဒေသည် ဖွဲ့စည်းပုံကိုအတိအကျဆန့်ကျင်လျှက်ရှိကြောင်း လယ်
ပြင်တွင် ဆင်သွားသလို ထင်ရှားလှသည်။ ဥပဒေပညာ တတ်ရန်မလို။ မြန်မာစာဖတ်တတ်သူတိုင်းပင် နား
လည်နိုင်သည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်နေ၀င်းဦးဆောင်၍ ၁၉၇၄ ဖွဲ့စည်းပုံကို ပြဌာန်းကျင့်
သုံးခဲ့စဉ်ကပင် ဤမျှ အရုပ်ဆိုးအကျည်းတန်သော ဥပဒေတိမ်းစောင်းမှုမျိုး မည်သည့်အခါကမျှ မဖြစ်ခဲ့။
၁၉၇၄ ဖွဲ့စည်းပုံပါပြဌာန်ချက်ကို အတိအကျဆန့်ကျင်ထားသည့် မည်သည့်အခြားဥပဒေတရပ်မှ မပေါ်ထွက်
ခဲ့။ ယခုမူ စစ်အာဏာရှင်ဟောင်း သစ်များနှင့် လိုလားသူများသည် ၎င်းတို့ပြဌာန်းထားသည့်ဖွဲ့စည်းပုံကို၎င်း
တို့ကိုယ်တိုင်ပင် မလိုက်နာသဖြင့် ဥပဒေစိုးမိုးရေးရှုဒေါင့်မှကြည့်လျှင် ကမ်းကုန်အောင် အောက်တန်းကျ
သွားပါပြီ။
ဤတချက်တည်းနှင့်ပင် ခုံရုံးဥပဒေပြင်ဆင်ချက်ကိုပြဌာန်းကြသော လွှတ်တော်အမတ်များသည် ရှက်တတ်
လျှင် လဲသေကြဘို့ကောင်းသည်။ ၂၀၀၈ဖွဲ့စည်းပုံသည် လက်နှီးစုတ်တစ်ခုမျှလောက်ပင် တန်ဘိုးမရှိတော့
ပါ။ မိမိပြဌာန်းထားသည့်ဖွဲ့စည်းပုံကို မိမိ မလိုက်နာသော လွှတ်တော်သည်လည်း အလားတူပင်။

ဤကိစ္စကို သမ္မတဦးသိန်းစိန် အဘယ်ကြောင့်လူသိရှင်ကြား ထုတ်ဖေါ်သနည်းဟူသည်မှာ စိတ်ဝင်စား
ဘွယ်ဖြစ်လာသည်။ ယင်းနှင့်စပ်လျှဉ်း၍ စာရေးသူ၏ဆွေးနွေးချက်ကို ဘီဘီစီလင့်ခ်တွင် နားဆင်ပါ။
https://docs.google.com/file/d/0BzC8VZhwp11ASWtRTFZmMEVaYTg/edit
လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် သမ္မတဦးသိန်းစိန်အကြားတွင် ဥပဒေအရ,ကစားရင်း ၂၀၀၈ ဖွဲ့စည်း
ပုံဘောင်အတွင်း အားလုံးရောက်လာကြရန် ကျုံးသွင်းနေသည်ဟု စာရေးသူက,သုံးသပ်ခဲ့သည်။ အဘယ်
ကြောင့်နည်း။

လွှတ်တော်က,အတည်ပြုလိုက်သည့်ဥပဒေမူကြမ်းကို သမ္မတက,လက်မှတ်မထိုးစေဦး၊(၁၄)ရက်ပြည့်သည့်
နေ့တွင် လက်မှတ်ထိုးသကဲ့သို့ ဥပဒေဖြစ်လာမည်။ ဦးသိန်းစိန်ဥက္ကဌ လုပ်လျှက်ရှိသော ပြည်ခိုင်ဖြိုးပါတီမှ
ကိုယ်စားလှယ်များ လွှတ်တော်အတွင်း နေရာအများစု ရ,ထားပါလျှက် ၎င်းကိုမထောက်ခံသောကြောင့် ဦး
သိန်းစိန်၏သဘောထားမှတ်ချက် ပယ်ချခံလိုက်ရသည်၊ လွှတ်တော်နှင့်သမ္မတ အားပြိုင်ကြရာတွင် လွှတ်
တော်ဘက်က အသာစီးရ,သွားသည်၊ လွှတ်တော်က,လွှမ်းမိုးပြီး လက်စောင်းထက်၊ အာဏာပြနေသည်ဟု
သုံးသပ်လျှင်မမှားပါ။ သို့သော် ဦးသိန်းစိန်လည်း မရှုံးပါ။

"ဖွဲ့စည်းပုံခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" ပါ ပြဌာန်းချက်များသည် အခြေခံဥပဒေကို ဆန့်ကျင်နေ
သည်ဟု လူသိရှင်ကြားထောက်ပြလိုက်ခြင်းဖြင့် " အော် ဒီ သမ္မတဟာ ဥပဒေပြုရေးလုပ်ငန်းစဉ်ကို ရှင်းရှင်း
လင်းလင်းရှိအောင် လုပ်ဆောင်သူဘဲ"ဟု လူထုက အထင်ကြီးသွားနိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်းသိပါလျှက် လွှတ်တော်အမတ်လူများစု၏ သဘောထားကို
လေးစားသောအားဖြင့် ဥပဒေအဖြစ် အတည်ပြုလက်မှတ်ထိုးလိုက်ရပါသည် ဆိုခြင်းဖြင့် " အော် ဒီ သမ္မတ
ဟာ ဒီမိုကရေစီ ကျင့်စဉ်ကိုလေးစားသူဘဲ" ဟု သိက္ခာတက်သွားနိုင်သည်။

"ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအရ,ခန့်အပ်ခံလိုက်ရ,တဲ့ တရားသူကြီးတွေဟာ ခန့်အပ်သူတွေကို
အစီရင်ခံစာတင်သွင်းရ,မယ် ဆိုတာဟာ ဖွဲ့စည်းပုံခုံရုံးရဲ့လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို ထိခိုက်သွားစေ
တယ်။"ဟု ၎င်းက,ရှင်းပြခြင်းဖြင့် "အော် ဒီ သမ္မတဟာ ဥပဒေစိုးမိုးရေးကို တကယ်တန်းလေးစားသူဘဲ" ဟု
တန်ဘိုးထားသွားနိုင်သည်။ ယင်းအခြေအနေတွင် ဦးသိန်းစိန်သည်လည်း နိုင်ငံရေးအရ,အမြတ်ထွက်သွား
ပါသည်။ လွှတ်တော်ရောသမ္မတပါ နှစ်ဘက်လုံးနိုင်သည့်အခြေအနေ ဖန်တည်းထားခြင်းဖြစ်သည်။

သို့ရာတွင် တချိန်တည်း၌ လူထုအနေဖြင့်ရှင်းလင်းစွာစဉ်းစားနိုင်ပါက ဦးသိန်းစိန်သည်လည်း ရှက်တတ်
လျှင် လဲသေဘို့ကောင်းသော သမ္မတသာဖြစ်ကြောင်း နားလည်နိုင်သည်။ လွှတ်တော်အမတ်လူများစု၏
သဘောထားကိုလေးစားသောအားဖြင့် ဟူသည့်ဆင်ခြေမှာယုတ္တိမရှိပါ။
ကြိုတင်မဲများဖြင့် အနိုင်ယူထားသောအမတ်များ၊ လူထုကိုယ်စားလှယ်မဟုတ်သော စစ်သားအမတ်များ
လွှမ်းမိုးထားသောလွှတ်တော်အတွင်းတွင် အများစု၏သဘောထားဟူသည် မှာ အနှစ်သာရ,မရှိပါ။ ဥပဒေ
ပြဿနာကို ဒီမိုကရေစီဖြင့် မဲခွဲဆုံးဖြတ်၍မရပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်နေကြောင်း တိတိကျ
ကျသိပါလျှက် ဥပဒေအဖြစ် လက်မှတ်ရေးထိုးပေးလိုက်ခြင်းအားဖြင့် ဦးသိန်းစိန်ကိုယ်တိုင် ၂၀၀၈ ဖွဲ့စည်း
ပုံကို ချိုးဖေါက်သူဖြစ်သည်။ လက်မှတ်မထိုးဘဲ တင်းမာစွာရပ်ခံနေလျှင် ခုံရုံးတရားသူကြီးကိုးဦးကဲ့သို့ စွပ်
စွဲပြစ်တင်ခံရပြီး သမ္မတရာထူးတာဝန်မှ ပြုတ်သွားနိုင်သောကြောင့် လက်မှတ်ထိုးလိုက်ရ,ခြင်းဖြစ်သည်။

"ခန့်အပ်ခံလိုက်ရတဲ့တရားသူကြီးတွေဟာ ခန့်အပ်သူတွေကိုအစီရင်ခံစာတင်သွင်းရမယ် ဆိုတာဟာဖွဲ့စည်း
ပုံခုံရုံးရဲ့လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို ထိခိုက်သွားစေတယ်။" ဟု ဦးသိန်းစိန်က ပြောသွားသည်။
အစီရင်ခံစာတင်သွင်းရမည်ဟူသည့် ပြဌာန်းချက်ကို ပြန်ဖြုတ်လိုက်ရုံမျှနှင့် ဖွဲ့စည်းပုံခုံရုံးတွင် လွတ်လပ်စွာ
တရားစီရင်ပိုင်ခွင့် ပြန်လည်ရရှိတော့မလိုလို လူထုအား ယုံမှားစေသည်။ ၂၀၀၈ ဖွဲ့စည်းပုံတခုလုံးတွင် လွတ်
လပ်စွာတရားစီရင်ရေးသည် အခြေခံအားဖြင့်ပင် ကင်းမဲ့နေသည်။ အသေးစိပ်များကို ခေတ္တထားပါဦး။ အဓိ
က,အားဖြင့် နှစ်ချက်ကိုကြည့်ရန်ဖြစ်သည်။
တရားသူကြီးများကို ဘယ်လိုခန့်အပ်သလဲ၊ တရားသူကြီးတွေရဲ့ရာထူးနေရာတည်မြဲမှုကို အာမခံတဲ့ပြဌာန်း
ချက် ပါရဲ့လား ဟူ၍ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ဤနှစ်ချက်စလုံးတွင် လစ်ဟာနေသည်။
ဘီဘီစီတွင် ဆွေးနွေးချက်ကို ဤလင့်ခ်တွင် နားဆင်နိုင်ပါသည်။
https://docs.google.com/file/d/0BzC8VZhwp11AVHZPSVplaTBNbm8/edit

စစ်ဘက်ဆိုင်ရာတရားရုံးများ သီးခြားဖွဲ့စည်းမှုကိုထည့်သွင်းပြဌာန်းထားသောအခါ တရားစီရင်ရေးလွတ်
လပ်မှုသည် သုညအောက် အနုတ်လက္ခဏာအထိ ကျဆင်းသွားခဲ့ပြီ။ သီးခြားဖြစ်သော စစ်ဘက်ဆိုင်ရာ
တရားရုံးတွင် အယူခံစီရင်ပိုင်ခွင့်အာဏာ ရ,ယူထားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်တပ်
ကို ဦးဆောင်ကာ မည်မျှ ပြင်းထန်သောပြစ်မှုကြီးများကျူးလွန်စေဦး၊ ၎င်းကို မည်သည့်တရားရုံးကမျှအရေး
မယူနိုင်။၂၀၀၈ဖွဲ့စည်းပုံအောက်တွင် ၎င်းသည် ဥပဒေ၏အထက်၌ ရောက်လျှက်ရှိသည်။ ဤသည်ကိုရှင်း
ရှင်းကြီးသိပါလျှက် တရားစီရင်ရေးလွတ်လပ်မှုကို လူထုယုံမှားအောင်ပြောနေသော ဦးသိန်းစိန်သည် ကိုယ့်
သိက္ခာကိုယ် ရှက်ဘို့ကောင်းပါသည်။

အောင်ထူး (ရှေ့နေ)
(မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်