အနှုတ် ၃၀ဒီဂရီစင်တီဂရိတ်အထိကျပြီး ဧခဲနေတဲ့
ရုရှားနိုင်ငံဟန်နီဆေး မြစ်ကမ်းဘေးက သားအမိ နှစ်ဦး
Source Pictuer from http://www.bbcburmese.com/images
၂၀၁၃ရဲ့ ထူးခြားတဲ့ပုံရိပ်ထဲက
ငှက်လား ငါးလား
By မင်းစိုးစံ
January 9,2013
Wednesday
မင်္ဂလာအပါင်းနဲ့ ပြည့်စုံနိုင်ကြပါစေခင်ဗျား။
ဘီဘီစီမြန်မာပိုင်းအစီအစဉ်တစ်ခုဖြစ်တဲ့ အလင်္ကာပုလဲပန်း အစီအစဉ်တခုမှာ ခင်ဗျားဆိုတာ သခင်ဘုရား ဆိုတဲ့ စကားလုံးက,နေလာတာတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကို ကျုပ်က ကျိုးနွံစွာနဲ့ သခင်ဘုရား လို့ အဓိပ္ပါယ်ရ,တဲ့ ခင်ဗျား ဆိုတာကို သုံး
လိုက်ပါတယ်။
ဆရာတော်တစ်ပါး မိန့်တော်မူတာကတော့ ခင်ဗျားဆိုတာ မိမိထက်အသက်ကြီးသူကိုဖြစ်စေ ငယ်သူကိုဖြစ်
စေ သက်တူရွယ်တူကိုဖြစ်စေ ခင်ဗျားဆိုတာကိုသုံးတာ အင်မတန်ယဉ်ကျေးပေမယ့် ခင်ဗျားကြီးလို့ ပြော
လိုက်လျင်တော့ အင်မတန် မိုက်ရိုင်းတဲ့အသုံးအနှုံး ဖြစ်ပါသတဲ့။
ကျုပ်တို့ကရင်မှာတော့ နင် ငါ သူ ဆိုတာနဲ့ပဲပြောနေကျဆိုတော့ ရိုင်းတယ် ယဉ်တယ် ဆိုတာ မရှိပါဘူး။ အရေးကြီးတာက ကျုပ်တို့ပြောလိုက်တဲ့ စကားသံရဲ့ အပျော့ အမာ ပေါ်မှာပဲတည်မှီပါတယ်။
အခုဆိုကျုပ်တို့ ကရင်တွေနဲ့ ဗမာစစ်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးဘို့ခြေလှမ်း တွေစ,နေပြီဆိုတော့ ရန်
စကားတွေ မပြောဖြစ်အောင် အတော်ကလေးကို ထိန်းထားရပါတယ်။ ဒီကြားထဲမှာမှပေါက်ကွဲဖြစ်သွားတာတော့ ကျုပ်လည်းမတတ်နိုင်ဘူး။
ကျုပ်က ဓါတ်ပုံမရိုက်တတ်ပေမယ့် ဓါတ်ပုံအကြည့် ၀ါသနာ အင်မတန်ပါတာ။
ဆိုတော့ ဓါတ်ပုံမှန်သမျှ အကုန်လျှောက်ကြည့်တတ်တာ ကျုပ်အကျင့်ပဲ။
BBC web pages ပေါ်က ဓါတ်ပုံတွေဆိုတာ ကျုပ်အသည်းစွဲပေါ့။
တကယ့်ဝါရင့် ဓါတ်ပုံဆရာတွေရဲ့ ရိုက်ချက်က တယ်ပြင်းတာကိုး။ အဲဒီမှာ ၂၀၁၃ခုရဲ့ ထူးခြားတဲ့ပုံရိပ်များ ဆို
တာတွေထဲက ဓါတ်ပုံတစ်ပုံကိုတော့ ဆုပေး သင့်တယ်ထင်တာပဲ။
ဂျာမဏီနိုင်ငံ dresden တိရိစ္ဆာန်ရုံက ငှက်ကြီးဝံပို ပုံဖြစ်ပါတယ်။
အဲဒီပုံလေးကို အ သေအခြာကြည့်လိုက်တဲ့အခါ ကျုပ်ရဲ့ရင်ထဲမှာ အထိတ်တလန့်ရှိလှပါတယ်။
ဘာကြောင့်လဲဆိုလျင် ကျုပ်တို့ ကရင်နယ်မြေထဲမှာ အချက်အခြာကျတဲ့နေရာတွေ အားလုံး နီးပါးလောက်
ကို ဗမာစစ်အစိုးရစစ်တပ်က ခြေကုတ်အပြီးယူထားပြီးသား အဲဒါအပြင်ကို နယ်မြေစိုးမိုးမှုအနေအထားအ
ရ,အပေါ်စီးက ရ,ထားပြီးသား ဒါတွေအပြင် ကျုပ်တို့ကရင်လူငယ်တွေကို အညွန့်ချိုးတဲ့လုပ်ရပ်တွေကို သူ
တို့ဖြန့်ကျက်ချထားရာ ဒေသ,အားလုံးမှာ နည်းမျိုးစုံနဲ့လုပ်နေတာ။
မူးယဇ်ထုံထိုင်းဘေးဖြစ်စေတတ်တဲ့ ဆေးဝါး လောင်းကစားဝိုင်း။ ဒီထက်ပိုပြီး စိုးရိမ်စရာရှိတာက တိုင်းရင်း
သားအဖွဲ့(၁၀)ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေလျက်က အိန္ဒြိယ ကိုသွားပြီး Russia နိုင်ငံလုပ်ဖြစ်တဲ့ MI35 တိုက်ခိုက်ရေးရဟတ်ယာဉ် မောင်းနှင်တဲ့သင်တန်းနဲ့ သောင်းကျန်းသူနှိမ်နင်းရေးသင်တန်းတွေတက်
ဦးမယ်ဆိုတော့ အယုံအကြည်မဲ့စရာဖြစ်နေတာအမှန်ပါ။
ဘာကြောင့်လဲဆိုတော့ ဗမာစစ်အစိုးရတပ်ရဲ့ အကျင့်ဆိုးအတိုင်း ကရင်ပြည်နယ်နဲ့ ကရင်လူထုအပေါ် ဆိုး
ရွားတဲ့နှိပ်စက်သတ် ဖြတ်မှုတွေကို မကြေနပ်လို့ပြန်တိုက်ကြမယ်ဆိုလျင် စစ်ရေးအရ လက်ဦးမှုရအောင် အ
သင့်ပြင်ဆင်ထားတာပဲလို့ မြင်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလျင် ဗမာစစ်အစိုးရ နားလည်လက်ခံနေတာက ငြိမ်းချမ်းရေးဆိုတာ လက်
နက်ချရေးသာဖြစ်ပြီး လက်နက်မချပဲ ခုခံလာမယ်ဆိုလျင် အမြစ်ပြတ်ခြေမှုန်းရေးလုပ်ဘို့ ပြသ,လိုက်တာ
ဖြစ်ပါတယ်။
KNU, DKBA, KNU/KNLA-PC, DKBA/BGF စ,တဲ့အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် စကားပြောနေပြီ ၇၀ရာ
ခိုင်နှုံးကြေနပ်မှုရှိနေတယ်လို့ပြောနေပေမယ့် ၁၀၀ရာခိုင်နှုံးရောက်ဘို့ စစ်ရေးနဲ့ လုပ်ဆောင်မယ်ဆိုတာကို ရည်ရွယ်ထားလို့ဖြစ်ပါတယ်။
ဗမာစစ်အစိုးရ,သိတဲ့ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးလက်နက်ချရေးသာလျှင်
ဖြစ်တယ်ဆိုတာပါပဲ။
ဂျာမဏီနိုင်ငံ dresden တိရိစ္ဆာန်ရုံက ငှက်ကြီးဝံပို
Source Picture from http://www.bbcburmese.com/images
ငှက်ကြီးဝံပိုရဲ့ နှုတ်သီးကြားက ငါးကလေးဟာ သူ့မှာရှိတဲ့စွမ်းအားလေးနဲ့ အစားမခံရ,အောင် ကာကွယ်နေ
တာများလား။
ဒါမှမဟုတ် ငါးကလေးကို ငှက်ကြီးဝံပိုက ကြင်နာဟန်လေးပြနေတာလား။
တကယ်တော့ ငှက်ကြီးက ငါးကလေးကို မဖြစ်မနေကို စားမှာပါ။ အဲဒါကို ငါးလေးအသိဆုံးပါ။
ကဲ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ခင်ဗျားတို့ ကျုပ်တို့က ငါးလား။ ငှက်ကြီးဝံပိုလား။
ငြိမ်းချမ်းရေးလုပ်ကြမယ်လို့ တဘက်ကပြောပြီး တဘက်က,လူမျိုးတုံး သတ်ဖြတ်နေတဲ့ ဗမာစစ်အစိုးရအုပ်
စု ခင်ဗျားကြီးတို့ရဲ့စေတနာ တနေ့ကျလျင် ကံတူအကျိုးပေးလာပါလိမ့်မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
မင်းစိုးစံ
(အဝေးရောက် ကရင် ဒုက္ခသည်တဦး)