Thursday, February 21, 2013

ဒုက္ခသည်များ ဒုက္ခမသယ်စေလိုပါ


ဒုက္ခသည်များ ဒုက္ခ မသယ်စေလိုပါ

February 21, 2013
Thursday

By မင်းစိုးစံ

လွန်လေပြီးသောအခါတပါးမှာ အင်မတန်ကြွားနိုင်တဲ့ ရန်ကုန်မြို့ပေါ်က လူတစ်ဦးဟာ နေ့လည်နေ့ခင်း ထ
မင်းစားပြီးလျင် အိမ်ရှေ့က ကွပ်ပျစ်မှာ ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း နှီးဖျားလေးနဲ့ သွားကြားထိုးနေ
တတ်ပါသတဲ့။

သူ့ကို ဦးလေး ထမင်းစားပြီးပြီလား လို့ လမ်းသွားလမ်းလာတွေက,လောက၀တ္တရားအရ မေးလိုက်ရင်သုံး
ဆောင်ပြီးပါပြီခင်ဗျား လို့အမြဲတမ်းပြန်ဖြေလေ့ရှိပြီး ဘာဟင်းနဲ့ စားသလဲ လို့မေးလျင် ဒီမနက်တော့ ဘာမျှမ
ရှိပါဘူးဗျာ။ ကြက်သားကို ဘူးသီးနုနုလေးနဲ့အချိုချက် ချက်ထားတဲ့ဟင်း တခွက်။ ပြီးတော့ မြင်းခွါရွက်ကို
ပုဇွန်ခြောက်နိုင်နိုင်လေး ထည့်သုပ်ထားတဲ့ အသုပ်ရယ်၊ နောက်ပြီး ရွာကလူကြုံပို့ပေးထား တဲ့ မျှင်ငါးပိကို
မိုးမျှော်ငြုတ်စိမ်းရယ် မန်ကျည်းသီးကင်းနဲ့ ရခိုင်ငါးပိထောင်းလေးထောင်းပြီး ခ၀ဲသီးပြုတ်မကျက်တကျက်နဲ့
တို့တယ်ဗျ။ ဟင်းရည်သောက်ကတော့ စသည်ဖြင့်လေရှည်တတ်ပါသတဲ့။
အကြောင်းသိသူတွေက မေးငေါ့သူငေါ့။ ဦးဖိုးကြွားလို့ မကြားတကြားဆိုသူဆို။

ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ သူ့ဝသီအတိုင်း တောင်းမှာအကွပ် လူမှာအ၀တ်တဲ့။ အိမ်မှာ ဘာနဲ့စားတယ်၊
ဘယ်လိုစားတယ်ဆိုတာ လူမမြင်ဘူး။ အပြင်သွားလျင်တော့ ကိုယ်ပေါ်မှာ ၀တ်ထားတဲ့ အ၀တ်ကိုလူမြင်
တယ်။ ဒါကြောင့် အ၀တ်အရေးကြီးတယ်။ အစားအရေးမကြီးဘူး လို့ ပြောလေ့ရှိပါတယ်။ ဒါကြောင့်အိမ်နား
နီးချင်းတွေက ဦးဖိုးကြွားဆိုတဲ့လူကို ည ဗိုင်စကုတ် မနက် ဆန်ပြုတ် ဆိုတဲ့ ဘွဲ့ကိုပါ ပေးလိုက်ကြပါသတဲ့။
ဒါကတော့ လူတစ်ဦးချင်းရဲ့ အကျင့်၊ စရိုက်၊ ဗီဇ၊ ဖြစ်တဲ့အတွက် ပြဿနာမရှိပါဘူး။
ပြဿနာရှိနေတာက ဒုက္ခသည်တွေရဲ့ ဘ၀တွေဖြစ်ပါတယ်။ ဗမာအစိုးရရဲ့ မလိမ်ရလျင်မနေနိုင်မထိုင်နိုင်ဖြစ်
နေတဲ့ အကျင့်ဆိုးကြောင့် ဒုက္ခသည်တွေအကြီးအကျယ် ဒုက္ခရောက်ကြရတော့မှာ ဖြစ်ပါတယ်။

ဦးအောင်မင်းပြောသွားတဲ့စကားလုံးတွေကို မရေးပြခင်မှာ သတင်းထဲက အချက်တချို့ကို ကြည့်ကြရအောင်
ထိုင်းနိုင်ငံထဲက ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးအတွက် ကော်မီတီတရပ်ဖွဲ့စည်းပြီးသွားပြီ
ကျေးလက်နေပြည်သူတွေအတွက် မိသားစုတစ်စုကို မြေဆယ်ဧက,စီပေးမယ် လို့ဆိုပါတယ်။ နားရှိလို့သာ
ကြားနေရတာ မစားရ ၀,ခမန်း အလိမ်အညာမုသားစကားတွေဆိုတာ ဗမာစစ်အစိုးရ ကိုယ်တိုင်အသိဆုံးပါ။
ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် ချာခန်းဒေသခံတွေကြုံနေရတဲ့ ပြဿနာ။ လက်ပံတောင်းတောင် ပြဿ
နာ။ ရခိုင်ပြည်နယ်က လယ်သိမ်းတဲ့ပြဿနာ။ ပြည်ထောင်စု မြန်မာနိုင်ငံ(ပြည်ထောင်စု ဗမာနိုင်ငံ)တခုလုံး
လယ်မြေတွေ မတရားသိမ်းတဲ့ပြဿနာတွေက သောင်းခြောက်ထောင်ရှိနေတာ အားလုံးသိကြပါတယ်။ အဲ
ဒီလိုတွေကြားထဲကနေ ဒုက္ခသည်တွေပြန်လာလျင် မိသားစုတစ်စုကို မြေဆယ်ဧက,ပေးမယ်ဆိုတာကို ယုံမိ
တဲ့သူကတော့ ဆင့်တန်ဆာ ခွေးမျှော်နေသလိုသာဖြစ်နေပါလိမ့်မယ်။

ဦးအောင်မင်းပြောတဲ့စကားတွေထဲမှာ စောစောပြန်လာတဲ့လူတွေကတော့ သူ့မြေနေရာသူပြန်ရနိုင်ပေမယ့်
နောက်ကျမှပြန်လာလျင်တော့ အာမ,မခံဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးပြောသွားခဲ့ဘူးပါတယ်၊ ဒါတွေကိုကြည့်လျင်
ဗမာစစ်အစိုးရဟာ မလိမ်ရ မညာရလျင် မနေတတ်မထိုင်တတ်တော့တဲ့ အကြွားသန်ပြီး သမာအာဇီဝ,ကျ
တဲ့နည်းနဲ့ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်ချင်စိတ်ပျောက်နေတဲ့အစိုးရ တရပ်သာဖြစ်ပါ
တယ်။

ဒုက္ခသည်တွေကို မိသားစုတစ်စုအတွက် မြေဆယ်ဧက,ပေးမယ်ဆိုတာ ဘယ်လိုပေးမှာလဲ။ ဘယ်လိုမြေ
မျိုးလဲ။ အဆင်သင့် စိုက်ပျိုးစားသောက်နိုင်တဲ့ မြေလား။ မြေလွတ်မြေရိုင်းလား။ မြေမြှုတ်မိုင်းတွေ ဗလပွနဲ့
မြေမျိုးလား။
ဒုက္ခသည်ကိုယ်စားလှည်တွေကို ဒုက္ခသည်တွေအတွက် နေရာချထားပေးမယ့်နေရာကို ပြမယ်တဲ့။ အင်မ
တန်လျှော်ကန်သင့်မြတ်တဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေရဲ့ကိုယ်စားလှည်ဆိုတာ
ဘယ်လိုကိုယ်စားလှည်မျိုးလဲ။ ဒုက္ခသည်တွေကိုယ်တိုင် ရွေးချယ်သတ်မှတ်ပေးလိုက်တဲ့ ကိုယ်စားလှည်မျိုး
လား။ ဒါမှမဟုတ် ဗမာစစ်အစိုးရနဲ့ လက်ဝါးချင်းရိုက်ထား တဲ့ ကိုယ်စားလှည်မျိုးလား။ ဘယ်လောက်အထိ
ယုံကြည်စိတ်ချရမယ့် ကိုယ်စားလှည်မျိုးလဲ။

ဗမာစစ်အစိုးရကို ဘယ်လောက်အတိုင်းအတာအထိ ယုံကြည်ရမလဲ။
ဒီလိုမေးခွန်းမျိုးထက် ဗမာစစ်အစိုးရက ဒုက္ခသည်တွေအပေါ် ဘယ်လောက်အထိယုတ်မာမလဲ ဆိုတာကို
မေးရမှာပါ။
မယုတ်မာပဲ စားရမယ့်ထမင်းတစ်လုတ်ကို ဘယ်နည်းနဲ့မှ မျိုလို့မကျတဲ့ဗမာအစိုးရ၊ လိမ်ညာကောက်ကျစ်
ပြီးမှ ရလာတဲ့အစားအစာတွေနဲ့သာ အသက်ရှင်ချင်တဲ့ဗမာအစိုးရအဘို့ ဒုက္ခသည်တွေအပေါ် ရေနည်းနေ
တဲ့ရေအိုင်တခုထဲကငါးတွေကို ကယ်မလိုလိုလုပ်ပြီး ခံတက်ပင်ရင်းမှာသတ်ဖြတ်စားသောက်ပစ်တဲ့ ဗျိုင်းလို
အကျင့်မျိုး လုပ်နည်းလုပ်ဟန်မျိုး မလုပ်ပါဘူးလို့ ဘယ်သူအာမ,ခံမှာတဲ့လဲ။

အခုလိုမေးလိုက်တဲ့ သမားရိုးကျမေးခွန်းတွေလောက်ကို တိုင်းသူပြည်သားတွေအပေါ် အင်္ဂလပ်ကိုလိုနီ
တွေထက် ဖက်ဆစ်ဂျပန်တွေထက် အဆ,ပေါင်း ရာထောင်ပိုတဲ့ ယုတ်မာပက်စက်မှုအထုံပါပြီးသား ဗမာ
အစိုးရကတော့ ခေါင်းထဲထည့်စဉ်းစားမှာမဟုတ်ဘူးဆိုတာကိုတော့ ယုံမှားသံသယ မဖြစ်ကြပါနဲ့။

နေရပ်ပြန်ကြမယ့် ဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်နိုင်ဘို့အရေး လုပ်ဆောင်မှုအချိန်ကာလ,ဟာ ၂နှစ်
၃နှစ် လောက်ကြာနိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် အခုကတည်းက ကျုပ်တို့ကို တကယ်ကိုယ်စားပြု
မယ့် ယုံကြည်စိတ်ချရမယ့်ကိုယ်စားလှည်တွေကို ရွေးချယ်ခန့်အပ်နိုင်ဘို့ လိုအပ်ပါတယ်။
တကယ်လို့များ ကျုပ်တို့ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှည်အဖွဲ့ဟာ လူမှန်နေရာမှန်ဖြစ်မယ်ဆို
လျင် အနည်းအကျဉ်းအသက်ရှူချောင်နိုင်ကောင်း ချောင်နိုင်စရာဖြစ်နိုင်ပေမယ့် ဗမာစစ်အစိုးရနဲ့ ပုလင်းတူ
ဗူးစို့ဖြစ်နေတဲ့ ကိုယ်စားလှည်မျိုးသာဆိုလျင်ဖြင့် ပုံပြင်ထဲက ဗျိုင်းအစားခံရတဲ့ ငါးတွေရဲ့ဘ၀မျိုး အဖြစ်မျိုး
အခြေအနေမျိုး ရောက်သွားနိုင်ပါတယ်ဆိုတာနဲ့ ဗမာအစိုးရရဲ့အပြုအမူနဲ့ ၀သီဟာ အစ,ပိုင်းမှာဖေါ် ပြခဲ့တဲ့
ည ဗိုင်စကုတ် မနက် ဆန်ပြုတ် လို့အကြောင်းသိသူတွေ ဘွဲ့ပေးထားတဲ့ ဦးဖိုးကြွားလိုပါပဲဆိုတာ ရေးသား
တင်ပြလိုက်ရပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)