Monday, February 25, 2013

ထမနဲထိုးပွဲ

ကရင်ဗုဒ္ဓဘာသာအစည်းအရုံး (မင်ဏီဆိုးတားမှ)
ကြီးမှူးကျင်းပ,သည့် ဒုတိယအကြိမ်မြောက်ထမနဲပွဲတော် မှတ်တမ်း
February 24, 2013
Sunday
ထမနဲ

(ထမနဲ ထိုးနည်းကဗျာ)

ထမနဲ ထိုးရန်ဖို့ ၊ စာချိုးလို့ မှာခဲ့မယ်။

ထမနဲ တစိတ်ဆန် သည်ကောက်ညှင်းရယ်နှင့် ၊
တပိဿာ ဆီအမှန်သွင်းပါလို့ ၊ ချင်း(ဂျင်း)ကသုံးဆယ်။

မြေပဲဖြူလှော်တခွက်မယ်နှင့် ၊ အုန်းသီးဆန် အတူဖတ်ပါလို့ ၊
နှမ်းမပျက် ဤနည်းနှယ် ၊ ရေစင်ကြယ် ပထည့်ရိုး ။

လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်၊
ရောနှောကာ လူအများတို့ ရယ် အားသစ်လို့ ထိုး...။

by thutabadathar

Copy from http://zawgyilay.blogspot.com/p/blog-page_29.html

ယနေ့ February 24, 2013 တနင်္ဂနွေနေ့တွင် မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့ရှိ ဖုတာမိုက်ကျေးဇူးတော် ဘုန်းတော်ကြီးကျောင်း၌ ဒုတိယအကြိမ်မြောက်ထမနဲထိုးပွဲကို ကျင်းပ,ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

ထိုပွဲတွင် ဆရာတော် ဦးသြဘာသ မှ တရားရေအေးအမြိုက်ဆေး တိုက်ကျွေးပြီး ထမနဲ၏အကျိုးကျေးဇူး ကြီးမားပုံများကို ဟောကြားတော်မူခဲ့ကြောင်းကြားသိရပါသည်။
ထိုပွဲတော်သို့ South Dakota မှ ဆရာတော် ဦးသုမနလည်း ကြွရောက်အားပေးချီးမြှင့်ကြောင်းလည်း သ
တင်းရရှိပါသည်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ကရင်ဗုဒ္ဓဘာသာ အစည်းအရုံးအစည်းအရုံး(မင်ဏီဆိုးတား)၏ ဒုတိယအကြိမ်မြောက် ထမနဲပွဲတော်
ရုပ်သံမှတ်တမ်း