Monday, March 25, 2013

နှစ်ပေါင်းတစ်ထောင်ကျော်ကတည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေ့ခ်ျတွင် ထပ်မံတူးဖေါ်တွေ့ရှိ



နှစ်ပေါင်းတစ်ထောင်ကျော်ကတည်ရှိခဲ့သော

ဘုန်းတော်ကြီးကျောင်း

ဘင်္ဂလာဒေ့ခ်ျတွင် ထပ်မံတူးဖေါ်တွေ့ရှိ

လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်းရသော ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတော် တစ်
ခုကို ဘင်္ဂလာဒေ့ခ်ျရှေးဟောင်းသုတေသနဌာနမှ ရှာဖွေတူးဖေါ်ရရှိခဲ့သည်။
ကျောင်းတော်ကြီးကို ပါလမင်းဆက် ဒုတိယ ဓမ္မပါလမင်းလက်ထက် အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင်
တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာကျောင်းတော် ၃၀အထဲမှ တစ်ခုဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေ့ခ်ျရှေးဟောင်း
သုတေသနဌာနမှ ပြောသည်။
ကျောင်းတော် ၃၀အထဲမှ ကျောင်းတော် ၇ခုမှ ၈ခုထိ ဘင်္ဂလာ ရှေးဟောင်းသုတေသနမှ ရှာဖွေတူးဖေါ်တွေ့
ရှိထားပြီး ဖြစ်သည်။

ကျောင်းတော်မြေနေရာအား ၂၀၀၉ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာတူးဖေါ်ပြီးနောက်ကျောင်းတော်ကို
တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခုတွေ့ရှိခဲ့သောကျောင်းတော်ကို Raghurampurကျေးရွာ Rampalမြို့နယ် Munshiganjခရိုင်တွင်တွေ့ရှိခဲ့
ခြင်းဖြစ်ပြီး အဆိုပါခရိုင်အတွင်း ပထမဆုံးတွေ့ရှိသော ကျောင်းတော်ဖြစ်သည်။
၎င်းပြင် ယခုကျောင်းတော်သည် ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ လွနှ်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က ဗုဒ္ဓဘာ
သာနှင့်ပတ်သက်သော ကျော်ကြားသောပညာရှင်တစ်ဦးဖြစ်သူ Atish Dipankar နေထိုင်ခဲ့ရာ နေအိမ်အနီး
တွင်တည်ရှိသည်ဟု ဆိုသည်။

Copy from http://www.narinjara.com/burmese/?p=4847



  • အပြည့်အစုံလေ့လာလိုပါက