Wednesday, March 6, 2013

-မြောက်ကိုရီးယားအား-အရေးယူပိတ်ဆို့ရန်-အမေရိကန်နှင့်-တရုတ်တို့-သဘောတူညီမှု-ရရှိ

 
မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်းနှင့် ကင်ဂျုံအီတို့၏
ရုပ်တုဖွင့်ပွဲ အခမ်းအနားတွင် မြင်တွေ့ခဲ့ရသော ကင်ဂျုံအွန် (ယာ)

မြောက်ကိုရီးယားအား အရေးယူပိတ်ဆို့ရန် 

အမေရိကန်နှင့်တရုတ်တို့ သဘောတူညီမှုရ,ရှိ

Thursday, 07 March 2013

မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်များအပေါ်တွင် ဖိအားပေးမှုကိုအဆင့်မြှင့်သည့်အနေနှင့်
မြောက်ကိုရီးယားသံတမန်များကို အရေးယူပိတ်ဆို့ရန်နှင့် နိုင်ငံ၏ငွေကြေးလွှဲပြောင်းမှုများကို ပိတ်ပင်ရန်
အမေရိကန်နှင့် တရုတ်နိုင်ငံတို့က လုံခြုံရေးကောင်စီကိုတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အရေးယူပိတ်ဆို့မှုနှင့် ပတ်သတ်သော ဆုံးဖြတ်ချက် အချက်အလက်များကို လုံခြုံရေးကောင်စီ အ
ဖွဲ့ဝင် ၁၄ဦးနှင့် သံတမန်များကိုဖြန့်ဝေပေးခဲ့ပြီး မတ်လ ၇ရက်နေ့တွင် ယင်းအရေးယူပိတ်ဆို့မှုကို မဲခွဲဆုံး
ဖြတ်မည်ဖြစ်သည်။

ယင်းအရေးယူ ပိတ်ဆို့မှုသည် ပထမဆုံးအနေဖြင့် မြောက်ကိုရီးယား သံတမန်တို့၏ ပုဂ္ဂိုလ်ရေး လှုပ်ရှားမှု
များ၊ ဘဏ်လုပ်ငန်းဆက်နွယ်မှုများ၊ ငွေကြေးအမြောက်အမြားလွှဲပြောင်းမှုများနှင့် ခရီးလမ်းကြောင်း အသစ်
များကို အဓိက,ပိတ်ပင်သွားမည်ဖြစ်ကြောင်း ရိုက်စ်ကတံခါးပိတ်ဆွေးနွေးမှုအပြီးတွင် ပြောကြားခဲ့သည်။

၂၀၀၆ နှင့် ၂၀၀၉ ခုနှစ်က မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ကတည်းမှစ,ပြီး ကုလ
သမဂ္ဂသည် ၎င်း၏ အပြင်းထန် အထိရောက်ဆုံး ပိတ်ဆို့မှုများ ချမှတ်ခဲ့ရသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဆူဆန်ရိုက်စ်နှင့် တရုတ်သံအမတ် လီဘုံဒွန်တို့သည် မြောက်ကို
ရီးယား၏ တတိယနျူကလီးယား စမ်းသပ်မှုပြုလုပ်ခဲ့သော ဖေဖော်ဝါရီ ၁၂ ရက်ကတည်းက ပိတ်ဆို့အရေး
ယူမှုများအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
Ref:AFP

Copy from http://weeklyeleven.com/international/world-news/18424