ဆောင်းပါးရှင် ဆရာအေးချစ် သို့မဟုတ် ဆရာစောမိုးမြင့်(မြစ်ဝကျွန်းပေါ်)
အဖြစ်မှန်
May 25, 2013 Saturday
By မင်းစိုးစံ
ဘာလိုလိုနဲ့ ၂၀၁၃ခုနှစ် မေလတောင်ကုန်တော့မှာပါလား။ အချိန်တွေများ အကုန်မြန်လိုက်ပါဘိ။
အဲဒီလိုတွေးမိတယ်။
အသက်ကကြီးလာပြီဆိုတော့ အချိန်ဆိုတာ အကုန်မြန်လိုက်လေခြင်းဆိုတာကို တနှစ်ထက်တနှစ် တလ
ထက်တလ တရက်ထက်တရက် ပိုပြီးသိလာတယ်။
ငယ်ငယ်တုန်းကတော့ အချိန်ဆိုတာ ကုန်ဘို့တော်တော်နှေးတာပဲ အချိန်ကုန်ခဲလိုက်တာ ဆိုပြီးဖြစ်ခဲ့ဘူး
တယ်။
ကစားတာကိုခုံမင်တဲ့ အရွယ်မှာဆို မိုးမြန်မြန်လင်းပါစေ ဆိုပြီး အိပ်ယာထဲကနေ ကစားဖေါ်တွေကို မြင်
ယောင်ရင်း ဆုတောင်းနေတတ်တယ်။
ချစ်တတ်ခင်တတ်မြတ်နိုး တတ်တဲ့အရွယ်ရောက်လာပြန်တော့ ချစ်ရသူနဲ့မနက်ဘက်တွေ့မယ်ဆိုလျင် မိုး
ကလည်းမလင်းနိုင်တော့ဘူး။
ညနေဘက်တွေ့ဘို့ပြောဆိုထားလျင်လည်း နေကလည်းဝင်ခဲလိုက်တာ။
စသည်ဖြင့်ပေါ့လေ အချိန်နဲ့ပတ်သက်ပြီး အသက်အရွယ်ပေါ်မူတည်ပြီး တွေးထင်တတ်ကြတာကိုပြောတာ
ပါ။
အခုကျုပ်တို့ကရင်ဒုက္ခသည်တွေကို နေရပ်ရင်းပြန်ပို့တော့မယ်ဆိုတော့ အချိန်ကိုပြန်တွက်ကြည့်လိုက်
တဲ့အခါ အလိုလေး ကျုပ်တို့ဒုက္ခသည်ဘ၀ရောက်ခဲ့တာ အတော်ကြာလှပြီပဲနော်။
၁၉၈၄ခုနှစ်ကနေ ၂၀၁၃ခုနှစ်အထိဆို တော့ ၂၉နှစ်ကြီးများတောင် ကြာခဲ့ပြီပဲ။
၁၉၈၄ ခုနှစ်မှာ လူဖြစ်တဲ့လူတစ်ယောက် အသက်၂၉နှစ်ဆိုတော့အချိန် တန်အရွယ်ရောက်လို့ နောက်မျိုး
ဆက်သစ်တောင်ဖြစ်ထွန်းနေပြီ။
ကရင်ဒုက္ခသည်တွေရဲ့ဘ၀ကိုငဲ့စောင်းပြီးကြည့်လိုက်တော့ အခုမှ ထိရောက်တဲ့ပညာရေးစနစ်နဲ့ အလုပ်အ
ကိုင်အခွင့်အလမ်းတွေ ဘ၀အာမခံချက်ပေးနိုင်တဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာသင်ကြားဘို့တွေ
စပြီးလုပ်ပေးဘို့ အစီအစဉ်တွေ ချမှတ်ရေးဆွဲဘို့ စဉ်းစားနေကြတုန်းဆိုတော့ ကျုပ်တို့ငယ်ငယ်လေးတုန်းက
ကြားဘူးခဲ့တဲ့ အသက်ကြီးမှ စာသင်တဲ့သံဃာတော် တပါးအဖြစ်ထက်ဆိုးနေပါပေါ့လား ဆိုပြီးစိတ်မကောင်း
ခြင်းကြီးစွာဖြစ်မိတာအမှန်ပါ။
ကျုပ်က ကရင်ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့သလို မြန်မာကျောင်းသားစခန်းလို့ခေါ်တဲ့
(BSC) မှာလည်း သုံးနှစ်ကျော်ကျော်လောက်နေခဲ့ပါတယ်။
စခန်းနှစ်ခုရဲ့ စည်းမျဉ်းစည်းကမ်း အခွင့်အရေးတွေ မတူညီတာတွေကို တွေ့ရတဲ့အတွက် ဘာကြောင့် ဒီ
လိုဖြစ်ရတာလဲ ဆိုတာကို မေးခွန်းထုတ်နေမိပါတယ်။
နောက်ပြီး ဗမာနိုင်ငံထဲကို ပြန်ရောက်သွားမယ့် ကျုပ်တို့တတွေရဲ့ အနာဂါတ်ရေးကကော ဘယ်လိုတွေဖြစ်
လာမလဲ ဘယ်လိုရှိလာနိုင်သလဲဆိုတာ အမျိုးမျိုးပုံဖေါ်ကြည့်မိပါတယ်။
မြင်သလောက်လည်း ရေးသားဖေါ်ပြခဲ့ပါတယ်။
ကျုပ်ရဲ့အမြင်နဲ့ရေးသားဖေါ်ပြချက်တွေဟာ သာမာန်ဖြေရှင်းချက်လေး ပေးလိုက်ရုံနဲ့ ပြေပျောက်သွားနိုင်
တဲ့အမြင်တွေပါလား ဆိုတာကို ဆရာစောအေးချစ် လို့လူသိများတဲ့ ဆရာစောမိုးမြင့်(မြစ်ဝကျွန်းပေါ်)ရေးတဲ့
အဖြစ်မှန်ဆိုတဲ့ ဆောင်းပါးကို ဘတ်လိုက်မိတဲ့အခါမှာတော့ ကျုပ်ထင်ထားမြင်ထားတာတွေထက် ကရင်
ဒုက္ခသည်တွေရဲ့ အခြေအနေဟာ အဆပေါင်းများစွာ စိုးရိမ်ထိတ်လန့်စရာကောင်းနေပါလားဆိုတာ တွေ့
မြင်ရပြီး ကျုပ်တို့ထိုင်းဗမာနယ်စပ်က ကရင်ဒုက္ခသည်စခန်းနဲ့ ဗမာကျောင်းသားများစခန်းBSC (Burmese
Student Center) အဲဒီစခန်းနှစ်ခုမတူခြားနားရခြင်းအကြောင်းရင်းရဲ့အဖြေကို ရှင်းလင်းထင်ရှားစွာ ရရှိ
လိုက်ပါတယ်။
ဒါကြောင့် ဆရာအေးချစ် သို့မဟုတ် ဆရာစောမိုးမြင့်(မြစ်ဝကျွန်းပေါ်)ရဲ့ အဖြစ်မှန်ဆိုတဲ့ဆောင်းပါးကို ဖေါ်ပြ
လိုက်ပါတယ်။
ဖေါ်ပြပါဆောင်းပါးကို စာရေးသူ ဆရာစောမိုးမြင့်(မြစ်ဝကျွန်းပေါ်) ရေးသားပုံနှိပ်ထားတဲ့မူရင်းအတိုင်း ထပ်
ဆင့် ကူးယူပြီး ဖေါ်ပြပေးလိုက်တာဖြစ်တဲ့အတွက် စာလုံးပေါင်းမှားခြင်း ကျကျန်ခြင်း ပိုခြင်း တွေကို ပြင်ဆင်
ပြီးသည်းခံဘတ်ရှု ပေးစေလိုပါတယ်။
တဆက်တည်း ပြောလိုတာကတော့ ဆရာစောမိုးမြင့်ရဲ့ ဆောင်းပါးကိုဘတ်ပြီးတဲ့နောက် ဒုက္ခသည်များ
ဌာနေပြန်ရေးမပြန်ရေးထက် ပြန်သွားခဲ့သော် နောက်ဆက်တွဲလိုအပ်တဲ့ လုံခြုံစိတ်ချရတဲ့ အကာအကွယ်
ပေးမှုမျိုးကို ဘယ်လိုစီစဉ်ဆောင်ရွက်ရယူထားရမယ်ဆိုတာကို ဒုက္ခသည်များပြန်လည်နေရာချထားရေး
အတွက် တာဝန်ယူဆောင်ရွက်ကြသူများအနေနဲ့ ကြိုတင် ပြင်ဆင်ထားသင့်သလို ပြန်မယ့်ဒုက္ခသည်
တွေဘက်ကလည်း ကိုယ့်အတွက် အာမခံချက်ရှိအောင် ဘယ်လိုလုပ်ဆောင်ထားသင့်တယ်ဆိုတာကို
သတိထားမိလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
စောမိုးမြင့်(မြစ်ဝကျွန်းပေါ်)
စောမိုးမြင့်(မြစ်ဝကျွန်းပေါ်)
စောမိုးမြင့်(မြစ်ဝကျွန်းပေါ်)
စောမိုးမြင့်(မြစ်ဝကျွန်းပေါ်)

.jpg)
.jpg)

.jpg)