Thursday, May 30, 2013

ကရင်လက်နက်ကိုင်တွေသိမ်းထားတဲ့မြေပေါ်မှာ ထောင်ထားတဲ့အလံတွေကို သိမ်းပစ်ပါ

 


ကရင်လက်နက်ကိုင်တွေသိမ်းထားတဲ့မြေပေါ်မှာ ထောင်ထားတဲ့အလံတွေကို သိမ်းပစ်ပါမသိမ်းလျင် ဥပဒေ
အရ အရေးယူမယ်ဆိုပါလား။

ကချင်ကိစ္စလေးတောင် အဆင်ပြေမယ်မကြံသေးဘူး ရာဇသံကလာနေပြီ။
ပြေလည်သွားလျင်တော့ ကရင်အလံ မထောင်ရ ဆိုတဲ့ မြစ်ဝကျွန်းပေါ်ကအခြေအနေမျိုးရောက်သွားမှာ
လားတော့ မပြောတတ်။

ဘာလိုလိုနဲ့ ကရင်တွေအတွက် အဖြစ်ကတော့ လယ်သူမကြီးပြောသလို နင်တို့ကရင်တွေမှာ ဘာလုပ်ပိုင်
ခွင့်မှမရှိဘူး ဆိုတဲ့ အခြေအနေကို နီးသည်ထက်နီးလာ ပါပေါ့လား။

အော် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး၊ ဗမာစစ်အစိုးရရဲ့ ငြိမ်းချမ်းရေးက တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီပဲ။

DVB မြန်မာဌာန မေလ ညနေ  သတင်းဖြစ်ပါတယ်။

 နိုင်ငံရေး ဖြစ်စဉ်များမှ သိသာမြင်သာသည့်

တိုးတက်မှု ရရှိရေး အဖြေရှာရန်

DKBA ဆွေးနွေးပွဲ ပြုလုပ်မည် 

Thursday, 30 May 2013

နိုင်ငံရေး ဖြစ်စဉ်များမှ သိသာမြင်သာသည့် တိုးတက်မှု ရရှိရေး အဖြေရှာရန် ပြည်ထောင်စု တိုင်းရင်းသား
ပေါင်းစုံ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တိုးတက်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်
မတော် (DKBA) အဖွဲ့မှ ဗိုလ်ကြီးညီညီက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို ဇွန် ၁၅ ရက်တွင် ကရင်ပြည်နယ် ဆုံစည်းမြိုင်ကျေးရွာတွင် ကျင်းပမည်ဖြစ်ပြီး ဒီမိုက
ရေစီ အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်မည်ဖြစ်ကာ နိုင်ငံရေး
နှင့်သက်ဆိုင်သည့်အဖွဲ့အစည်းများမှ အစိုးရ၀န်ထမ်းအဖွဲ့အစည်းများ မည်သူမဆို ဆွေးနွေးပွဲသို့ တက်
ရောက်နိုင်ကြောင်း သိရသည်။
လက်ရှိဆောင်ရွက်လျက်ရှိသော နိုင်ငံရေး ပြုပြုင်ပြောင်းလဲမှုများ၌ ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူ
ညီမျှရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဆိုင်ရာများတွင် သိသာစွာ တိုးတက်မှု မရှိသေးကြောင်း၊ အချိန်
ကြာလာသည်နှင့်အမျှ ဒီမိုကရေစီအင်အားစုများ၊ လက်နက်ကိုင်အင်အားစုများ၏ လိုလားချက်နှင့် နိုင်ငံရေး
ရည်မှန်းချက်များ အမျိုးမျိုး ကွဲပြားလာသဖြင့် ရေရှည်တွင် နိုင်ငံရေး ရည်မှန်းချက်များ၊ ဒီမိုကရေစီရေး လှုပ်
ရှားမှုများ၊ တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိရန်ကြိုးပမ်းမှုများ မှေးမှိန်ပျောက်ကွယ်မည့်အလားအလာ
ရှိနေသည်ဟု DKBA အနေဖြင့် ရှုမြင်ကြောင်း ဗိုလ်ကြီးညီညီက ဆက်လက်ပြောကြားသည်။

နိုင်ငံရေး ပြုပြုင်ပြောင်းလဲမှုများ၌ ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး၊ စီးပွားရေး၊ လူမှုရေး၊ ပ
ညာရေး ဆိုင်ရာများတွင် သိသာစွာ တိုးတက်မှု မရှိသေးကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ ဒီမိုကရေစီ
အင်အားစုများ၊ လက်နက်ကိုင် အင်အားစုများ၏ လိုလားချက်နှင့် နိုင်ငံရေး ရည်မှန်းချက်များ အမျိုးမျိုး
ကွဲပြားလာ . . . . .

အထက်ပါကဲ့သို့ ဖြစ်ရခြင်းမှာ ဒီမိုကရေစီ အင်အားစုများဘက်မှ ညီညွှတ်မှု အားနည်းခြင်း၊ လက်တွေ့ကျကျ
အခြေအနေ အချိန်အခါနှင့် ကိုက်ညီသည့် ပြည်သူလူထု တစ်ရပ်လုံးလက်ခံကျင့်သုံးနိုင်မည့်လုပ်ငန်းစဉ်များ
မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအရေး ကြိုး
ပမ်းဆောင်ရွက်နေသည့် အင်အားစုများ၊ တစ်သီးပုဂ္ဂလ လှုပ်ရှားသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ
အားလုံးတွေ့ဆုံ၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင် အဖြေရှာသင့်ကြောင်း DKBA အနေဖြင့် သုံးသပ်
လျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်တွင် DKBA (မူလ ဗုဒ္ဓဘာသာ ကရင်အစည်းအရုံး၊ ယခု နယ်ခြားစောင့်တပ်) ထံမှီ DKBA တပ်မဟာ-၅ ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သောအဖွဲ့က ခွဲထွက်
ခဲ့ပြီး (တိုးတက်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်) ကို တည်ထောင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင်
ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဦးစီးချုပ်တာဝန် ထမ်းဆောင်နေခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သော DKBA နှင့် အစိုးရတို့ကြား ၂၀၁၁ ခုနှစ်တွင် အပစ်အခတ် ရပ်
စဲပြီးနောက် ကရင်ပြည်နယ် ဆုံစည်းမြိုင်ဒေသတွင် ဌာနချုပ် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
ယခုနှစ်ပိုင်းများအတွင်း (မူလ DKBA) နယ်ခြားစောင့်တပ်နှင့် ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သော
တိုးတက်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပြီး
ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်တွင်လည်း လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ ကျေးရွာအချို့၌ DKBA အဖွဲ့နှင့်
မဟာမိတ်ဖွဲ့ထားသော ဗိုလ်ပိအဖွဲ့နှင့် နယ်ခြားစောင့် တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

zawkokolin
2013-05-30 06:47
Quote: လက်ရှိတွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဦးစီးချုပ်တာဝန် ထမ်းဆောင်နေခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး အဖြစ်ရော ကိုယ်.တိုင်ရာထူး တိုးဖို.အစီအစဉ်ရှိသေး လား မောင်ကျော်?

# Zawtika
2013-05-30 05:58

ဒီမိုကရေစီတွေ ဘာတွေ ကြီးကြီးကျယ်ကျယ် လျှောက်ပြောမနေပါနဲ့ ဖထီးတို့ကိုယ့်တဖွဲ့ထဲတောင် လေး
ခြမ်းကွဲနေတာကိုဘဲ အရင်နလံထူအောင် လုပ်ကြပါအုံး.....

Copy from http://weeklyeleven.com/politics/19636