ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓါတ်ပုံ မြ၀တီ)
တိုင်းရင်းသားဒေသအပေါ် ကျင့်သုံးနေကြ
အစိုးရတပ်များ၏ စရိုက်
Wednesday, 19 June 2013
by ပုဂံသား
လူ့အခွင့်အရေး ဆိုသည် မရှိ။
အနိုင်ရရေးသည်သာ ပဓါန။
ဘယ်သူသေသေ ငါတေမာရင်ပြီးရော။
ဖိနှိပ်ထားမှ တော် ကာကျမည်။
မြေလှန်ပစ်။
ငါးပါးမှောက်အောင် ကျောင်းမှန်းကန်မှန်းသိအောင် ဆုံးမထား။
မင်းအမေလားဆွဲဖျဲပစ်။
ထုံးစံအတိုင်း စီရင်လိုက်။
စသည့်စသည့်--- အစိုးရတပ်များ၏ ကျင့်စဉ်များသည် သာမာန်လူသားသဘောဟုမထင်ပါ။
စစ်အာဏာရှင်ဝါဒ၊ မဟာလူမျိုးကြီးဝါဒ၊ အမိန့်ပေးရေးဝါဒ၊ ရေဗူးပေါက်တာ မလိုချင်သည့်ဝါဒ၊ ဗိုက်ထဲက
ကလေးပါမကျန် လူမျိုးရေးညှင်းသတ်ဝါဒ၊ လူမျိုးရေးမှိုင်းတိုက်မှုဝါဒ၊ အပေါ်စီးဖြင့် အသားပေးမှုဝါဒ၊ ချိုးနှိမ်
ထားမှုဝါဒ၊ ခြိမ်းခြောက်မှုဝါဒ၊ ပညာမတတ်စေမှုဝါဒ၊ မှတ်ပုံတင်ဖြင့် ကန့်သတ်ချုပ်ချယ်မှုဝါဒ၊ လျစ်လျူရှုမှုဝါ
ဒ၊ စသည့် စသည့် -- နည်းဗျူဟာများဖြင့် လည်းကောင်း-
အကြောင်းမဲ့ သတ်ဖြတ်ပြမှု။ မီးရှို့မှု။ မုဒိန်းမှု။ လယ်သိမ်းမှု။ ယာသိမ်းမှု။ စီးပွားပျက်စေမှု။ မောင်းထုတ်မှု။
စစ်ပြေး ဒုက္ခသည်များ ဖြစ်စေမှု။ အစာငတ်ထားမှု။ မူးရစ်ဆေးဝါးဖြင့် မှိုင်းတိုက်မှု လမ်းပမ်းဆက်သွယ်ရေး
ခက်ခဲစေမှု။ အစီစဉ်ရှိရှိ လူမျိုရေးဝါးမျိုမှု။ အနိုင်ကျင့်မှု။ အနိုင်ယူမှု။
စသည့်စသည့်----- နည်းမျိုးဖြင့်လည်းကောင်း-
ထိုးစစ်စစ်ဆင်မှု။ စစ်တပ်အင်အားတိုးချဲ့ချထားမှု။ ပေါ်တာအသုံးပြုမှု။ ကလေးစစ်သား အသုံးပြုမှု။ အဓမ္မ
စစ်သားစုဆောင်းမှု။ အာဏာအလွဲသုံးစားပြုမှု။ ရွာပြင်မထွက်ရ၊ တနေရာတည်းလူစုထားမှု။ လူသားဒိုင်းအ
သုံးပြုမှု။ အပြင် စစ်ဘုရင်ဝါဒများ စသည့်စသည့်----
ဤစနစ်များသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း နိုင်ငံတော် အာဏာသိမ်းပြီး ကတည်းက စတင်အသုံးပြု
ခဲ့ပြီး ယနေ့အထိတွင်ကျယ်စွာ အသုံးပြုနေဆဲဖြစ်ပါသည်။
မြန်မာနိုင်ငံသည်၊ ပြည်ထောင်စု တိုင်းရင်းသားပိုင် နယ်မြေဖြစ်ပါသည်။ အင်အားကြီးသူက အင်းအားသေး
ငယ်သည့် လူမျိုးစုများကို အနိုင်ကျင့်ခြင်း၊ တန်းတူအခွင့်အရေးမပေးခြင်း၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အ
ခြေခံဥပဒေကို တဖက်သတ်ရေးဆွဲခြင်း၊ စသည့်လူမျိုးခွဲခြား သတ်မှတ်မှုများလည်း ယနေ့အထိရှိနေဆဲ ဖြစ်
ပါသည်။
အနီးကပ်ဆုံး လက်တွေ့အခြေအနေတခုကို တင်ပြချင်ပါသည်။ အစိုးရတပ်ဖွဲ့များသည် ရှမ်းပြည်မြောက်ပိုင်း
တအာင်းဒေသတွင် ပြင်းထန်စွာ စစ်ဆင်နေပါသည်။ ယင်းတအာင်းဒေသတွင် တအာင်းအမျိုးသား လွတ်
မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့်၊ ကချင်လွတ်လပ်ရေးတပ်မတော်
( KIA)တပ်ဖွဲ့တို့ ရှိကြပါသည်။ ဤတပ်ဖွဲ့များကို ပြီးခဲ့သည့် ၂၀၁၃နှစ်ဆန်းကတည်းကပင် ထိုးစစ်ဆင်တိုက်
ခိုက်နေခဲ့ပါသည်။
အစိုးရသည် တရုတ်ပိုက်လိုင်း လုံခြုံရေး၊ မူးရစ်ဆေးဝါးစိုက်ပျိုးမှု လုံခြုံရေး ၊ အခြားတရုတ်စီးပွားပိုင် သစ်
ထုတ်လုပ်ရေးနှင့် သယံဇာတ ထုတ်လုပ်ရေးတို့ကို အကာအကွယ်ပေးရန် ၎င်းတပ်ဖွဲ့များအား စစ်ဆင်နေ
ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုပါသည်။
စစ်ဆင်ရာတွင်လည်း အရပ်သားလူထုအပေါ် ညှင်းပမ်းသတ်ဖြတ်မှု၊ အကြောင်းမဲ့ပစ်သတ်မှု၊ အကြောင်းကို
မည်သို့မည်ပုံလုပ်ခဲ့သည်ကို http://jinghpawkasa.blogspot.com/2013/06/blog-post_19.html ဖြင့်
တင်ပြလိုပါသည်။
လမ်းပြအရပ်သားတဦးကို ပစ်သတ်ခြင်း
Jinghpaw (ဇွန် ၁၉)ရက်နေ့
ကေအိုင်အိုအစိုးရထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်းကေအိုင်အေတပ်ရင်း (၃၆)နယ် မူဆယ်
မြို့နယ် မုန်ကူးနောင်းဆိုင် ကျေးရွာရှိကလေး (၆)ဦး၏ဖခင်ဖြစ်သော ဦးဇခုံလွမ်းခေါင်ကို ဗမာအစိုးရစစ်တပ်
ခလရ (၁၂၈)မှ ဇွန် (၁၄)ရက်နေ့တွင် ရှေ့တန်းတစ်နေရာ၌ပစ်သတ်ခဲ့ကြောင်းသိရှိရပါသည်။
ဖြစ်စဉ်မှာ မုန်ကူးအခြေစိုက်ပတစတပ်များနှင့် ခလရ (၁၂၈)တို့သည် ကေအိုင်အေတပ်ရင်း(၃၆)ဒေသဖြစ်
သော နောင်းဆိုင်ကျေးရွာသို့ ဇွန်လ (၁၄)ရက်နေ့မနက် (၃း၃၀) နာရီခန့်တွင်တရုတ်လူမျိုးဖြစ်သော လော
ရှန်ဂျိုင်းကိုလမ်းပြအဖြစ်ခေါ်ဆောင်ကာ ရောက်ရှိလာကြောင်း၊ နောင်းဆိုင်ကျေးရွာမှ ဥက္ကဌ ဦးဒဘန်ဘရန်
နန် ကို လမ်းပြရှာပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရှိရပါသည်။
ရွာသူရွာသားအားလုံးမှာ စစ်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိန်းရှောင်ကုန်ပြီဖြစ်ကြောင်းနှင့် ရွာစောင့်အဖြစ်
ဦးဇခုံလွမ်းခေါင်သာကျန်ရှိခဲ့ကြောင်း၊ ဗမာစစ်တပ်မှ ဦးဇခုံလွမ်းခေါင် ကို ခေါ်ကာ နောက်တစ်ရွာအထိလိုက်
ပြပြီးလျှင်ပြန် လည်လွတ်ပေးမည်ဖြစ်ကြောင်းကတိတွေပေးကာ ခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။
ဗမာစစ်တပ်များမှ ဦးဇခုံလွမ်းခေါင် ကို လမ်းပြအဖြစ်ခေါ်ဆောင်ကာ ဆက်လက်ချီတက်ရာ မုန်နာဇွပ်အ
ရောက်တွင် ကေအိုင်အေတပ်ရင်း(၃၆)မှ မျိုးချစ်ရဲဘော်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ လမ်းပြအဖြစ်ခေါ်ဆောင်
လာသောဦးဇခုံလွမ်းခေါင်ကို ရန်သူရှိတဲ့ဘက် ခေါ်ဆောင်လာသည်ဟုအပြစ်တင်ကာ ထိုးကြိတ်ရိုက်နက်ခဲ့
သည်ကို ဂေါန်ဆန်ရွာသားများမှအဝေးမှလှမ်းမြင်ခဲ့ကြောင်းသိရှိရပါသည်။
ဆက်လက်ပြီးမုန်နာဇွမ်မှ (၁)နာရီကျော်ခန့်သွားရသော နမ်ဂတ်နှင့်ယန်းလားကျေးရွာကြားတွင် တဖန် ကေ
အိုင်အေမျိုးချစ်ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဤသို့တိုက်ပွဲတစ်ဖန်ဖြစ်ပွားရာ ဦးဇခုံလွမ်းခေါင်ကို
ဗမာစစ်တပ်မှ ပစ်သတ်ခဲ့ကြောင်းသိရှိရပါသည်။
ဇွန်လ (၁၅)ရက်နေ့တွင်ဦးဇခုန်လွမ်းခေါင်၏ အလောင်းကို လာရောက်ကောက်ယူရန် ဖုန်းဆက်အကြောင်း
ကြားမှုကြောင့်ရွာသားများမှ အလောင်းသွားကောက်ရန်အသွား ခလရ (၁၂၈)၏ နေရာသို့အစားထိုးရောက်
ရှိလာသော ခလရ (၂၄၂) မှ အလောင်းသွားရောက်ကောက်ယူရန် ပြန်လည်တားဆီးခဲ့ကြောင်းသိရှိရပါ
သည်။
ဇွန် (၁၅) ရက်နေ့ညနေ (၄း၃၀)နာရီခန့်အချိန်တွင် လွေဲလောမ့်အနီးတစ်ဝိုက်၌ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့
ကြောင်းလည်းသိရှိရပါသည်။
ယခုအခါ ဦးဇခုံလွမ်းခေါင်၏အလောင်းကို ပြန်လည်ကောက်ယူရရှိပြီဖြစ်ပြီး ယနေ့ဇွန် (၁၉)ရက်နေ့တွင်
နောင်းဆိုင်ရွာ၌ မြုပ်နံရန် ပြင်ဆင်လျှက်ရှိကြောင်းသိရှိရပါသည်။
ဗမာစစ်တပ်များ၏ ပစ်သတ်ခြင်းခံရသော ဦးဇခုံလွမ်းခေါင်တွင် မိခင်အိုနှင့်အတူဇနီး၊သားသမီး (၆) ဦးကျန်
ရစ်ခဲ့ကြောင်း၊ အငယ်ဆုံးတစ်နှစ်ကျော် ဖြစ်ကြောင်းသိရှိရပါသည်။
Labels: Jinghpaw Mung Shiga
ဤသည် မြန်မာစစ်တပ်၏ ကျင့်သုံးနေကြနည်းနာဖြစ်ပါသည်။
တိုက်ပွဲဖြစ်ပြီးဆိုပါက နီးစပ်ရာကျေးရွာထဲသို့ လက်နက်ကြီးဖြင့်ပစ်သွင်းခြင်း။ ၎င်းတို့ထိခိုက်မှုများခဲ့ပါက တွေ့ရှိသောရွားသားများအား ပစ်သတ်ခြင်း။
အမျိုးသမီးပေါ်တာ၊ ကလေးပေါ်တာ ခိုင်းခြင်။
ဖြစ်လာလေတော့သည်။
ဤတင်ပြမှုများသည်စာတွေ့မဟုတ်ပေ။လက်တွေ့သက်သက်ဖြစ်သည်။
မယုံမရှိကြလေနှင့်၊သတင်းအမှောင်ချထားလို့သာမသိကြခြင်းဖြစ်ပါသည်။
တောနှင့်မြို့၊ လူမျိုးတမျိုးနှင့်တမျိုး၊ ခွဲခြားဆက်ဆံထားမှုနောက်ကွယ်တွင် အချင်းချင်းရန်တိုက်ပေးထားခဲ့
ပါသည်။
ဤသို့သော လုပ်ရပ်မျိုးကိုကျင့်သုံးနေကြသည့် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ စွမ်းအားရှင်နှင့် ထောက်လှမ်းရေး
ကွန်ယက်များသည် မည်သို့မှပြည်သူများ ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။
ဤသို့ကြောင့် စစ်အာဏာရှင်စနစ်ဟူသည်မှာဤလုပ်ရပ်မျိုးကိုခေါ်ပါသည်။
ဦးသိန်းစိန်အစိုးရ၏ လက်အောက်ခံတပ်ဖွဲ့များသည် အထက်ပါတင်ပြခဲ့သောမူဝါဒစနစ်အတိုင်း ကျင့်သုံးနေ
ဆဲဖြစ်သည့်အတွက် အစိုးရကပြုပြင်ပြောင်းနေပါသည်ဟု ပြောဆိုနေခြင်းသည် အဓိပ္ပါယ်သိပ်မရှိလှပေ။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့သည်၂၀၀၈ဥပဒေ၏ ဖွဲ့စည်းပုံအတိုင်း လွှတ်
တော်တွင်း စစ်တပ်အမတ်များတည်ရှိမှုကို ထောက်ခံနေဆဲဖြစ်ပါသည်။
တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင်အဖသည် လူသားများကို စော်ကားနေခြင်းပင်ဖြစ်ပါသည်။
Copy from
http://www.phophtawnews.org/burmese/index.php/feature/item/403-2013-06-19-08-51-53.
html
