တရုတ်ပြည်ရဲ့ပထမဆုံး အာကာသမှတဆင့်
ပညာသင်ကြားပို့ချမှု ပြုလုပ်
2013-06-20
တရုတ်ပြည်ရဲ့ပထမဆုံး အာကာသမှတဆင့် ပညာသင်ကြားပို့ချမှုကို၂၀-ရက်နေ့နံက်၁၀-နာရီအချိန်မှာပြု
လုပ်ခဲ့ပါတယ်။
ရှင်ကျိုးအမှတ်၁၀-ကအမျိုးသမီးအာကာသယာဉ်မှူး ၀မ်းယာ့ဖိန်းဟာ ၂၀-ရက်နေ့မှာ ထျန်းကုန်းအမှတ်၁
အာကာသစခန်းမှာ အခြေခံရူပဗေဒဓါတ်ခွဲစမ်းသပ်မှုပြုလုပ်ခဲ့ပြီး တစ်ပြည် လုံးကလူငယ်များအတွက် အာ
ကာသဆိုင်ရာပညာ သင်ကြားပို့ချခဲ့ပါတယ်။
ဒါဟာ တရုတ်ပြည်ရဲ့ပထမဆုံးအကြိမ် အာကာသမှ ပညာသင်ကြားပို့ချမှုဖြစ်သလို၊ကမ္ဘာ့ပေါ်မှာ ဒုတိယအ
ကြိမ်ဖြစ်ပါတယ်။
၂၀-ရက်နေ့နံက်၁၀-နာရီ၎-မိနစ်အချိန်မှာ ပီကင်းမြို့ဟိုင်တျန့်ရပ်ကွက်ရှိ တရုတ်ပြည်သူ့တက္ကသိုလ်လက်
အောက်ခံအလယ်တန်းကျောင်းမှာရှိတဲ့ ရှင်ကျိုးအမှတ်-၁၀အာကာသယာဉ်နဲ့ ဗီဒီယိုဖုန်းနဲ့ ဆက်သွယ်မှု
ထားရှိတဲ့ စာသင်ခန်းမှာ သင်တန်းစတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသူကျောင်းသား၃၃၀ကျော်တို့ဟာ
သင်တန်းမှာ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာ တစ်ပြည်လုံးက မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်း ၈-သောင်းတို့က ကျောင်းသူ
ကျောင်းသား သန်း၆၀-ကျော်တို့ဟာလည်း တီဗီတိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ချိန်ထည်း ကြည့်ရှုခဲ့ကြ
ပါတယ်။
ကွမ်တုန်းပြည်နယ် စန့်ထိုမြို့ တုန်းဖန်းမူလတန်းကျောင်း ကျောင်းအုပ်ကြီး လင်းရှုယွီ့က ကျွန်တော်တို့တုန်း
က ဖန်းမူလတန်းကျောင်း ကျောင်းသားတွေဟာ အာကာသယာဉ်မှူးနဲ့ တိုက်ရိုက်စကားမပြောနိုင်ခဲ့ပေမယ့်
ကျောင်းသူကျောင်းသားတွေဟာ အာကာသပညာများစွာကို သင်ယူလေ့လာ တွေးတောစဉ်းစားနိုင်ခဲ့ကြသ
လို ကျောင်းသားတွေဟာ ခံစားချက်ကိုရေးသားပြီး တစ်ခြားသူငယ်ချင်းများနဲ့မျှဝေဖို့ ကျွန်နော်တို့အားပေး
ပြီး ကျောင်းသားများရဲ့ အာကာသလျှို့ဝှက်ချက် စူးစမ်းရှာဖွေစိတ်ကို မွေးထုတ်ပျိုးထောင်ဖို့ ရည်ရွယ်ထားခဲ့
ကြောင်းပြောကြားပါတယ်။
တရုတ် လူပါသောအာကာသယာဉ် လုပ်ငန်းဝက်ဘ်ဆိုက်ဟာ အာကာသယာဉ်မှူးကို မေးပါရစေ ဆိုတဲ့
မေးခွန်းစုဆောင်းရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
စုဆောင်းထားတဲ့မေးခွန်းများဟာ
အာကာသမှာ အလေးချိန်ဘယ်လို ချိန်သလဲ။
အာကာသမှာ ဦးတည်ချက်နဲ့တည်နေရာကိုဘယ်လိုသိသလဲ။
ရေဟာ အာကာသမှာဘယ်လိုစီးသလဲ။
ဆိုတဲ့ မေးခွန်းများ ဖြစ်ကြပါတယ်။
Copy from http://myanmar.cri.cn/666/2013/06/20/1s25975.htm
