Wednesday, January 15, 2014

တိုင်းရင်းသားသတင်း အတိုအထွာ

January 15, 2014
Wednesday

တိုင်းရင်းသားသတင်း အတိုအထွာ

By မင်းစိုးစံ

ဘာရေးလို့ ရေးရမှန်းမသိတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့လိုက်တယ်ဆိုတဲ့ သတင်းတွေ့လို့ တိုင်းရင်းသား
သတင်း အတိုအထွာ ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ရုပ်သံဖိုင်လေးကို တင်ပေးလိုက်ပါတယ်။

ဒီလိုပုံစံမျိုးနဲ့သာဆိုလျင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ဇာတ်မျောကြီးဖြစ်သွားလေမလား။
ပြည်တွင်းစစ်ပွဲကြီးပဲ ထပ်ဖြစ်လာမလား။
ဒါမှမဟုတ်လျင်လည်း ခဏလေးငြိမ်ပြီး ပြန်တည်ကြမလား။

ဦးမင်းအောင်ပြောသလို ချမ်းသာလျင် ဘယ်သူမျှ လက်နက်မကိုင်ချင်ကြဘူး ဆိုတဲ့စကားက ဘယ်သူတွေအတွက်
ပြောနေတာလဲ။
တကယ်ပဲ ချမ်းသာအောင်လုပ်နေကြပြီလား။ ဘယ်သူတွေ ချမ်းသာနေကြလဲ။
ဘယ်လောက်အတိုင်းအတာအထိဆိုလျင် ချမ်းသာတယ်လို့ ပြောမှာလဲ။
ချမ်းသာတဲ့လူတိုင်း လက်နက်မကိုင်ကြဘူးလား။ လက်နက်မကိုင်တဲ့လူတိုင်း ချမ်းသာကြသလား။

ဒါဆို မချမ်းသာတဲ့လူတွေက လက်နက်ကိုင်မှာလား။ လက်နက်ကိုင်ထားတဲ့သူတွေတိုင်း တကယ်ပဲဆင်းရဲနေသ
လား။
ဆင်းရဲတဲ့လူတိုင်း လက်နက်ကိုင်ကြသလား။ ဆင်းရဲတိုင်း လက်နက်ကိုင်ရမှာလား။

လက်နက်ကိုင်ကြတယ်ဆိုတာ ဘာအတွက်လဲ။
ဗမာပြည်မှာ ဆင်းရဲတဲ့လူနဲ့ ချမ်းသာတဲ့လူ ဘယ်သင်းများသတုန်း။
အခုတော့ ငြိမ်းချမ်းရေးဆွေးနွေးဘို့ ရက်ရွှေ့လိုက်ပြန်ပြီ။ ထပ်ရွှေ့ဦးမလား မပြောတတ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)