အခန်းအနားပိတ်ပွဲမှာ ဆိုသွားတဲ့ သီချင်း ၃ပုဒ် ဖြစ်ပါတယ်။
ကြားနေကျ သီချင်းတွေဖြစ်ပေမယ့် ကြားရတိုင်းမှာ ကျုပ်ရင်ထဲကို စူးစူးရှရှနဲ့ ၀င်ပြီးမွှေနှောက်မြဲပါ။
ဒီကနေ့ ငြိမ်းချမ်းရေးလိုလို အပစ်အခတ်ရပ်စဲရေးလိုလို ဟိုလိုလိုဒီလိုလို မအီမလယ်ဖြစ်နေတဲ့
အချိန်မျိုးမို့
လားမသိဘူး၊ ခါတိုင်းထက် ကျုပ်ရင်ကို ပိုထိတယ်ဗျာ။
တေးပြုစာဆိုရှင်တွေကို ရင်ထဲကမျက်ရည်တွေနဲ့ ဆို့နင့်ကြွေကွဲစွာ အလေးပြုလိုက်ပါတယ်။
ဘာကြောင့်လဲဆိုတာ သီချင်းအဓိပ္ပါယ်ကို နားလည်သဘောပေါက်သူတိုင်း သိနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တလက်စ,တည်းပြောချင်တာက လာမယ့် August 30, 2015 ကျရင် KBSMN က ခြည်
ဖြူဖွဲ့ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ,မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)