Tuesday, September 22, 2015

သတိနဲ့စား သတိနဲ့နေ ဟူသည့်စကားအပေါ် အတွေးစ,များ

September 20, 2015 နေ့ ဆရာတော်ဘုရားအား ကြိုဆိုကန်တော့သည့် မုခ်ဦး

သတိနဲ့စား သတိနဲ့နေ ဟူသည့်စကားအပေါ် အတွေးစ,များ

September 21, 2015
Monday

By မင်းစိုးစံ

ဒီနေ့ September 21, 2015 Monday မှာ ကိုထာထူးနဲ့ မချစ်ချောတို့မိသားစု ဘုရားအမှူးရှိတဲ့ ဆရာတော်
နဲ့အတူ သံဃာတော်တွေကို သဒ္ဒါဆွမ်းကပ်လှူတဲ့အတွက် ကျုပ်လည်း ကားကြုံနဲ့သူတို့အိမ်ကိုရောက်သွားပါ
တယ်။

ကျုပ်ရောက်တဲ့အချိန်က တော်တော်ကလေးစောနေသေးတာမို့ လူတွေများများစားစား မရောက်ကြသေးပါ
ဘူး။ ကျုပ်ထက်စောပြီးရောက်နေသူအများစုကတော့ ဒုံးအဖွဲ့လည်းဟုတ်၊ ဓမ္မစင်္ကြာအဖွဲ့ဝင်လည်းဖြစ်ကြတဲ့
ကျုပ်နဲ့ သက်တူရွယ်တူအမျိုးသမီးတွေပါ။
အမျိုးသမီးတွေဆိုတော့ သူတို့ဘာသာဘာဝ အိမ်ကသားသမီးတွေအကြောင်း၊ သူတို့တတွေရဲ့ လင်တော်
မောင်တွေအကြောင်း၊ ပေါက်ပေါက်ဖေါက်သလို ပြောနေကြရင်းကနေ မနေ့က တောင်ကလေးဆရာတော်
ဦးပညာသာမိ ဟောသွားတဲ့ တရားအကြောင်းဘက် ရောက်သွားတယ်။
ဆရာတော်ဘုရားရဲ့ အရွှမ်းအသောလေးတွေကို ပြန်ပြောင်းကြပြောရင်း၊ မျက်ရည်ထွက်အောင်ရီ(ရယ်)ကြ
လေရဲ့။
ကျုပ်လည်း အမျိုးသမီးတွေကြားထဲ ၀င်ရောချင်ပေမယ့် စကားစရှာမရသေးတာနဲ့ စောင့်ရင်းငြိမ်ငြိမ်ကလေး
နားထောင်နေလိုက်တယ်။

သူတို့ပြောနေကြတာတွေက ဆရာတော်ဘုရားဟာ သူ့အသံသြသြကြီးနဲ့ ဆရာကျော်လိုက်သိတ်(စ၀်လိက်
သိင့်) ရဲ့သီချင်းတပုဒ်ဖြစ်တဲ့ ယှင်မူးဏင်အမေံဖေါဟ်ဃှီ့ ဍေဏီ.ဍေအိင်အင်းဟှးလင် စှ်စှ်အှ်ဖဲလယ့် ဆိုတဲ့
အပိုဒ်ကိုရွတ်ပြပြီးတဲ့နောက် အမျိုးသမီးလေးတစ်ယောက်ကို ထရပ်ခိုင်းပြီး
ငါတို့ကရင်အမျိုးသမီးလေးတွေဆိုတာ ဒီမိန်းကလေးလို သွယ်သွယ်လျလျကိုယ်လုံးမျိုးဖြစ်ဘို့လိုတယ်။
အခုတော့မျက်နှာတွေကဖေါင်းကားပြီး ပါးဆုံ့တွေအိတွဲနေကြတာမျိုး၊ ဗိုက်ကြီးတွေ ဆူထွက်နေကြတာ၊ ခန္ဓာ
ကိုယ်တခုလုံး အဆီတွေနဲ့ဖွဲ့စည်းထားတဲ့အခါကျတော့ မြင်ရတာ တယ်ပြီးသက်သက်သာသာမရှိလှဘူး။
အဲဒီတော့ သတိကလေးထားပြီး သတိနဲ့စားကြပါ။ သတိနဲ့ နေကြပါ။
အခုလို ၀ဖိုင့်ဖိုင့်ကြီးတွေဆိုတော့ ဆြ့ာစ၀် လိက်သိင့်သီချင်းလို ပြေပြစ်တဲ့မျက်နှာမျိုးလေးတွေမဟုတ်တော့ပဲ ဆူပုတ်နေတဲ့မျက်နှာမျိုးတွေဖြစ်ကုန်ရော မဟုတ်လား။
အစားအစာကို မဆင်မခြင်စားတဲ့အခါကျတော့ စိတ်ဓါတ်တွေကလည်း ပြောင်းလွဲကုန်တယ်။
နောက်တခေါက် အလည်လာဖြစ်ရင် ပြေပြစ်သွယ်လျတဲ့ကိုယ်ခန္ဓာမျိုးနဲ့ ပြေပြစ်ပြုံးချိုနေတဲ့မျက်နှာမျိုးမြင်ချင်
တွေ့ချင်တဲ့အတွက် အားလုံး သတိနဲ့ စားကြပါ၊ သတိနဲ့ နေကြပါ။

ကျုပ်နဲ့ သက်တူရွယ်တူအမျိုးသမီးကြီးတွေဆိုတော့ ကျုပ်လိုဆူဖြိုးဝအိနေကြတယ်လို့ မဆိုနိုင်ပေမယ့် လျော့
ဘို့တော့မရှိဘူး၊ အဲဒါကိုသူတို့က
ငါတို့ငယ်ငယ်တုန်းက ကိုယ်လုံးကိုယ်ပေါက်မျိုး ဆရာတော်မမြင်လိုက်ရလို့ပါကွယ်။
ဆရာတော် ထ,ရပ်ခိုင်းတဲ့မိန်းကလေးက ဘယ်လောက်စားစား ၀လာမှာမှမဟုတ်တာ/
စသည်ဖြင့် တယောက်တမျိုးတွတ်ထိုးနေကြတုန်း ဆရာတော်ကြွလာပြီဟေ့ ခြေသုတ်ပုဝါတွေထုတ်ထားကြ ဆိုတဲ့ အသံထွက်လာတော့မှအသံတွေတိတ်ကုန်တယ်။

September 21, 2015
ဆရာတော်နှင့် ထာထူး+ချစ်ချောမိသားစုတို့ အမှတ်တရဓါတ်ပုံ

သူတို့လည်း သူတို့အတွေးနဲ့သူတို့ ပြောကြဆိုကြ ရယ်ကြမောကြ၊ ကျုပ်လည်း ကျုပ်အတွေးနဲ့ကျုပ် ရင်မော
ရသလို ရင်လေးမိတာအမှန်ပဲဖြစ်ပါတယ်။
ကဗျာဆရာကြီး တင်မိုးရဲ့ ကဗျာတပုဒ်ဖြစ်တဲ့ ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုအိမ်ပြန်ပို့ပေးကြပါ လိုပေါ့။
ဆရာကြီးက သူ့အတွေးရိုးရိုးလေးနဲ့ လျှပ်တပြက် ရေးချလိုက်ပေမယ့် ဗမာစစ်အစိုးရက သေးပိန်တဲ့အတွေး
နဲ့ အထ,အန,ကောက်ပြီး ဆရာကြီးကို အရေးယူလိုက်သလိုပေါ့လေ။

ကျုပ်လည်း ဆရာတော်ရဲ့တရားကိုနာအပြီးမှာ ဆိုရိုးစကားတခုကို ပြန်ပြီးသတိရမိတယ်၊ ကျုပ်တို့ငယ်ငယ်
တုန်းကပေါ့။
တရုတ်လို ရှာ၊ ကုလားလို စု၊ ကရင်လို မစားနဲ့၊ ဗမာလို မကြွားနဲ့ ဆိုတဲ့ ဆိုရိုးစကားပါ။
တရုတ်တွေ ဘာကို ဘယ်လိုနေရာ ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုရှာသလဲ။
ကုလားတွေ ဘာကို ဘယ်လိုနေရာ ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုစုသလဲ။
ဗမာတွေ ဘာကို ဘယ်လိုနေရာ ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုကြွားသလဲ ဆိုတာကိုတော့ဆိုင်ရာလူမျိုးတွေ
သာလျှင် အသိဆုံးဖြစ်ပါလိမ့်မယ်။
အဲဒီလိုပဲ ကရင်တွေ ဘာကိုဘယ်လိုစားသလဲဆိုတာကို ကရင်ဖြစ်တဲ့ ကရင်လူမျိုးတွေအသိဆုံးဆိုတာ က
ရင်တွေလက်ခံနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။
September 21, 2015
ထားထူး+ချစ်ချောမိသားစုနှင့် ဓမ္မမိတ်ဆွေအချို့ တရားတော် နာကြားနေကြစဉ်

အာဏာရှိတဲ့လူ လုပ်ပိုင်ခွင့်ရှိတဲ့လူတွေထဲက အချို့သောပုဂ္ဂိုလ်တွေဟာ သူတို့နဲ့ဆိုင်တဲ့ လုပ်ပိုင်ခွင့်တွေမှာ
ရာထူးဌာန္တရတွေမှာ ရသလောက် ကြီးစဉ်ငယ်လိုက် အကုန်သိမ်းကြုံးပြီးစားကြတဲ့အခါကျတော့ ကိုယ့်ပြည်
သူလူထုရဲ့ အနာဂါတ်ဘ၀ကိုမဆိုထားနဲ့ ပစ္စက္ခကြုံတွေ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကိုတောင် လှည့်မ
ကြည့်နိုင်တော့တဲ့ အဖြစ်မျိုးရောက်နေကြရတာတွေကို ကရင်တွေသိကြမှာပါ။

အဲဒီတော့ မျက်နှာထားတွေကလည်း လောဘ, ဒေါသ, မောဟ, တွေကြောင့် ကြည့်ပျော်ရှုပျော်မရှိတော့
လောက်အောင် ဖြစ်နေကုန်တော့တာလို့ ပြောရမလားပဲ။
တနည်းပြောရလျင် လူထုရဲ့ချစ်ခြင်းမေတ္တာတွေ သူတို့အပေါ်မှာ လျော့နည်းလာလို့ ချစ်ခင်လေးစားစရာမျက်
နှာထားမျိုး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရတာလို့ ပြောချင်ပါတယ်။

ဒါကြောင့်မို့လို့လည်း ဆရာတော်က သတိနဲ့စား ဆိုတာကို ပြောသွားတယ်လို့ တွေးမိတာဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ ဆိုတာကိုတော့ ကျုပ်လည်းမခန့်မှန်းတတ်ပါဘူး ကျုပ်အတွေးနယ်ကျွံနေတုန်း ဆရာတော်ကို သြကာသကန်တော့ချိုးနဲ့ ကန်တော့ကြတဲ့အသံ ထွက်လာတာ
မို့ အတွေးပြတ်သွားပါတော့တယ်။

ဒီစာကို ဘတ်မိတဲ့ မိတ်ဆွေအနေနဲ့ မိမိကိုယ်တိုင်ဖြစ်စေ မိမိနဲ့ဆက်စပ်နေတဲ့ဆွေမျိုးသားချင်းတွေဖြစ်စေ
ကရင်အမျိုးသားတွေရဲ့ကိုယ်စား လုပ်ပိုင်ခွင့်အာဏာရှိနေတယ်ဆိုလျင်ဖြင့် ဆရာတော်ဟောပြောသွားတဲ့
တိနဲ့စား ဆိုတဲ့ သြ၀ါဒစကားကို ကရင်လူမျိုးအပေါ်သစ္စာစောင့်သိတဲ့အနေနဲ့ လိုက်နာကျင့်ကြံကြပါလို့ ဆော်
သြလိုကြောင်းပါ ခင်ဗျား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)