Thursday, January 21, 2016

တယောက်မှ စ, တကမ္ဘာသို့တိုင်

ဓမ္မသုခ ကျောင်းတော်တွင် တရားထိုင်နေသည့် မန်းလင်းထိန် နှင့် မန်းကျော်နိုင်

တယောက်မှ စ, တကမ္ဘာသို့တိုင်

January 21, 2016
Thursday

By မင်းစိုးစံ

မိတ်ဆွေတို့အားလုံး စီးပွါးဥစ္စာ ရတနာများ ဒီရေအလား တနေ့တခြား တိုးတက်များပြားကြပြီး ကျက်သရေ အပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ။
ကျုပ်ရဲ့ဆုတောင်းလေးလို့ သဘောပိုက်ပြီး နည်းနည်းလေး ပြောကြည့်ချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဆုတောင်းတိုင်း ပြည့်နိုင်ပါ့မလား ဆိုတာကို တွေးကြည့်မိလို့ပါ။
ဒီကနေ့ ကမ္ဘာ့သတင်း ဗမာ့သတင်း တွေကို ဘတ်ရှုနားဆင်လိုက်တဲ့အခါမှာ ဆုတောင်းနေတာထက် တစုံ
တရာကိုထ,လုပ်တာက ပိုပြီးအကျိုးရှိနိုင်တယ်ဆိုတာ ဖြစ်နိုင်ရဲ့လား ဆိုပြီး တွေးမိပြန်လို့ပါ။
တစုံတရာ တစုံတခုကို ပြည့်စုံချင်လို့ လက်တွေ့အကောင်အထည်ဖေါ် စီမံကိန်းတွေအသေအချာချ တိတိကျ
ကျ အစီအစဉ်တွေနဲ့ အကောင်းဆုံးလို့ ဆုံးဖြတ်ပြီးလုပ်တဲ့အလုပ်တိုင်း တကယ်ထိရောက်အောင်မြင်မှုမရှိ
နိုင်သေးတာကို အောက်ကသတင်းကောက်နှုတ်ချက်လေးတခုနဲ့ သာဓက ပြချင်ပါတယ်။

အီရတ်နိုင်ငံမှာ စစ်ပွဲကြောင့်၂၀၁၄ နှစ်ဆန်းပိုင်းကနေ ၂၀၁၅ နှောင်းပိုင်းအတွင်း အရပ်သား တစ်သောင်း ၉ ထောင် သေဆုံးပြီး၊ ၃ သန်းကျော် အိုးအိမ်မဲ့ခဲ့ရတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်ဆိုတဲ့
ဗွီအိုအေ သတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကြားရပြီး ဒုက္ခသည်တွေ တရားမ၀င်လာ
ကြတာကို တားဆီးဖို့ ဥရောပသမဂ္ဂက ဒေါ်လာ ၃ ဘီလျံ ထောက်ပံ့ခဲ့တဲ့ကြားမှာဘဲ လူမှောင်ခို ဂိုဏ်းတွေက ဆက်ရှိနေတဲ့အကြောင်း ဘီဘီစီ သတင်းထောက် Fergal Keane စုံစမ်းထားတဲ့ တူရကီကအဖြစ်အပျက်ကို
လည်း ကြားရပြန်ပါတယ်။
ဒါက ကမ္ဘာပေါ်က နေရာအချို့မှာ လူကြောင့်ဖြစ်ရတဲ့ ဘေးဆိုးကို လူတွေတားဆီးနိုင်ခြင်းမရှိဘူး ဆိုတာကို
ထောက်ပြနေသလိုများ ဖြစ်မနေပါလား။

ပြည်ထောင်စုသမ္မတ ဗမာနိုင်ငံတော်(ပြည်ထောင်စုသမ္မတ မြမ္မာနိုင်ငံတော်) အတွင်း မှီတင်းနေထိုင်ကြတဲ့
ပြည်သူလူထုကြားထဲက လူမှုရေးသတင်းကို ဘတ်လိုက်ပြန်တော့
မိသားစုဝင်အချင်းချင်းစောင့်ရှောက်ကူညီချင်တဲ့စိတ်၊ အနစ်နာခံလိုစိတ်တွေ နည်းပါးလာကြတယ်။
ကိုယ့်အတွက်ပဲကြည့်တဲ့ စိတ်တွေများလာတယ်။
ရန်ဖြစ်ကြ၊ စိတ်ဆိုးကြရင်လူသတ်ကြတဲ့အထိ ဖြစ်တာတွေများလာတယ်။
ရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေတက်လာတာကိုကြည့်ရင် လူတွေရဲ့အတ္တစိတ် ဘယ်လောက်ကြီးလာသလဲ သိနိုင်တယ်’’လို့ ဒေါက်တာဦးခင်မြင့်ကပြောတာကို တွေ့ရပါတယ်။

ရှင်သန်ရေး လူမှုကူညီရေးအသင်းရဲ့ ဒုဥက္ကဌ ဦးမြင့်ဇော်ကတော့
‘‘တစ်နေ့လုပ်မှ တစ်နေ့စားရတယ်ဆိုတဲ့သူတွေမှာ ဝင်ငွေက လုပ်သလောက် အကျိုးမခံစားရ၊ မိသားစုတို့၊
အိမ်ထောင်ရေးတို့မှာ အဆင်မပြေ၊ စားဝတ်နေရေးအတွက် မိုးလင်းမိုးချုပ် သွားကြ လာကြ ဆိုတဲ့အခါမှာ
အိမ်မှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတို့၊ မကျန်းမာသူတို့ကို ထားခဲ့ဖို့အဆင်မပြေဘူး။
သူတို့ကို ဘယ်သူပြုစုမလဲ။
ရုန်းကန်ရင်း စီးပွားရေးမပြေလည်မှုတွေနဲ့ ချာလည်ရိုက်ပြီး လူတွေရဲ့စိတ်ဓာတ်တွေ ပျက်စီးလာကြတယ်။
အတ္တတွေ ကြီးလာကြတယ်။
အခုဆို ရပ်ကွက်တိုင်း၊ လမ်းတိုင်းနီးပါး စွန့်ပစ်မှုတွေဖြစ်နေတယ်။
ကျွန်တော်တို့အသင်းကတွေ့ပြီး ကူညီရတာ တစ်လကို ငါးယောက်နဲ့ ၁၀ ယောက်ကြားရှိတယ်’’
အဲဒီလိုပြောပြန်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ရန်ကုန်မြို့ အပါအ၀င် ဗမာပြည်အနှံ့ အဆောက်အဦးတွေ ကား၊ ရထား၊ လမ်း၊ တံ တား၊ စတာတွေ တိုးတက်လာပေသော်လည်းပဲ လူ့ကျင့်ဝတ်တွေပျက်ဆီးနေပြီဆိုတာကို ထောက်ပြနေတာ
ပဲ မဟုတ်ပါလား။
ဒီတော့ ကျုပ်တို့တတွေ ဘယ်လိုဖေါက်ထွက်ကြမလဲ။
ကျုပ်တို့တတွေလို့ ဆိုကတည်းက တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့မရဘူးဆိုတာ သိနိုင်မှာပါ။
တယောက်ချင်းစီကနေ စိတ်ဧချမ်းမှုရပြီး လူသားအားလုံးရဲ့စိတ်တွေ ငြိမ်းဧသွားပါမှ တကမ္ဘာလုံး ငြိမ်းချမ်းမှု ရနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။
ဒီလိုပြောလိုက်လို့ ဆုတောင်း လို့လဲ မရနိုင်၊ လက်တွေ့အကောင်အထည်ဖေါ်လို့ကလည်း မအောင်မြင်၊ ဆို
တော့ ဘယ်လိုလုပ်ကြမလဲပေါ့နော်။
အရေးအကြီးဆုံးက လူတိုင်းဟာ စားလို့လောက်ရုံ သုံးလို့လောက်ရုံ ဆိုတဲ့ စိတ်ကိုသာထားနိုင်ကြပြီဆိုလျင်
အဲဒီနေ့ဟာ အပေါ်က သတင်းဆိုးတွေ မမြင်ရ မကြားရတဲ့ နေ့တနေ့ဖြစ်မှာသေချာပါတယ်။
ရန်ကုန်မြို့က လူတွေကွက်ပြီး စားလို့လောက်ရုံ၊ သုံးလို့လောက်ရုံ စိတ်ကလေးရှိရုံလေးနဲ့ မဖြစ်နိုင်ပါဘူး။
တနိုင်ငံလုံး၊ တကမ္ဘာလုံး က လူသားတွေအယောက်စီတိုင်း အဲဒီလိုစိတ်ထားနိုင်ပါမှ ဖြစ်လာမှာပါ။

ကဲဒါဆိုလျင် မိတ်ဆွေတို့ တစ်ယောက်ချင်းစီက စ,ရအောင်။
တရားနာကြပါစို့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)