Sunday, January 8, 2012

၂၀၁၁ ခုနှစ် နှစ်လယ် ကျောက်စိမ်းတွဲပေါင်း ၈၀၀၀ ကျော် ရောင်းချခဲ့

နေပြည်တော်တွင် ပြုလုပ်သည့် ကျောက်မျက်ရတနာပြပွဲကို တွေ့ရစဉ်။

၂၀၁၁ ခုနှစ် နှစ်လယ် ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၈၀၀၀ ကျော် ရောင်းချခဲ့ရ

Sunday, 08 January 2012

၂၀၁၁ ခုနှစ် နှစ်လယ် ကျောက်မျက်ရတနာပြပွဲကို ဒီဇင်ဘာလ ၂၅ ရက်မှဇန်န၀ါရီလ ၃ ရက်နေ့အထိ ၁၀ ရက်ကြာကျင်းပ ပြီးစီးသွားပြီဖြစ်ကြောင်း သိရှိရသည်။

မြန်မာနှစ်လယ် ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်းတွဲများကို တင်ဒါစနစ်၊ ဈေးပြိုင်စနစ်များဖြင့် ရောင်းချခဲ့ရာ ပြပွဲပြီးဆုံးချိန်တွင် ကျောက်စိမ်းတွဲပေါင်း ၈၂၉၀ တွဲ ရောင်းချခဲ့ရကြောင်း သိရှိရသည်။

ကျောက်စိမ်းတွဲများကို အများဆုံးဝယ်ယူခဲ့သူမှာ ဟောင်ကောင်မှ လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အများစုကို တရုတ်နိုင်ငံမှ ရတနာကုန်သည်များ က ၀ယ်ယူသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကျောက်မျက် ရတနာနယ်မြေများမှ ကျောက်မျက် ရတနာထွက်ရှိမှု နှစ်စဉ်လျော့နည်း လာသော်လည်း ကျောက်စိမ်းထုတ်လုပ် ရောင်းချနိုင်မှုမှာနှစ်စဉ် တိုးတက်လာကြောင်း သိရသည်။

ကျောက်မျက်ရတနာ တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်နေသည့် ရတနာနယ်မြေများ ဖြစ်သည့် မိုးကုတ်၊ မိုင်းရှုး၊ ဖားကန့်၊ လုံးခင်း၊ ခန္တီး၊ မိုးညှင်း၊ နန့်ယားဒေသ များမှ ကျောက်မျက်ရတနာများ ထွက်ရှိမှုမှာ ယခုဆယ်စုနှစ်ကာလ အတွင်း လျော့ကျမှုများ ရှိလာသည်။

ယခုနှစ်တွင် ပြည်တွင်း၌ ကျောက်မျက်ရတနာ ပြပွဲများကို ငါးပွဲ အထိ ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

Copy from http://www.news-eleven.com