Monday, February 20, 2012

ဘာကြောင့်

February 20 2012

ဘာကြောင့်

(လှိုင်းဒေါန)


အချင်းချင်းတိုက်ဖို့
လက်နက်ကိုင်တာလား?
ငြိမ်းချမ်းရေးရဖို့
လက်နက်ကိုင်တာလား?
နှစ်ပေါင်းခြောက်ဆယ်ကျော်
တိုက်လာခဲ့ကြတာ
ယနေ့အချိန်အထိ
ယောင်ဝါးဝါးရှိနေတုန်းပဲလား?

ဘာကြောင့်.တိုက်ရလဲဆိုတာ
အကောင်းနဲ့ အဆိုး
အမှားနဲ့ အမှန်
အကျိုးနဲ့ အပြစ်
စစ်နဲ့ ငြိမ်းချမ်းရေး
ခွဲခြားသိမြင်နိုင်ပါစေ။

(လှိုင်းဒေါန)