Saturday, February 4, 2012

ဂတိစကားတွေအပေါ်မှာ အားကိုးအားထားလို့မရနိုင်ဘူး

KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ စောဒေးဗစ်သာကပေါ

ဂတိစကားတွေအပေါ်မှာ အားကိုးအားထားလို့မရနိုင်ဘူး

By RFA
January 5th 2012 Sunday

မြန်မာအစိုးရနဲ့ဆွေးနွေးသဘောတူထားတဲ့အပစ်အခတ်ရပ်စဲရေးဟာ ခိုင်မာမှုမရှိသေးပဲ အချိန်မရွေးပျက်ယွင်း သွားနိုင်တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးဒုဥက္ကဌ စောဒေးဗစ်သာကပေါက ထပ်မံပြောကြားလိုက်ပါ တယ်။ မနေ့က AFP သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောကြားခဲ့တာပါ။

KNU ဗဟိုလ်ကော်မီတီတဦး ဖြစ်တဲ့မန်းငြိမ်းမောင်ကိုပြန်လွှတ်ပေးဘို့ရှိပါတယ်လို့အစိုးရဆွေးနွေးညှိနှိုင်းရေး ခေါင်း
ဆောင်တဦးကပြောကြားခဲ့ ပေမယ့် ရုံးတင်တရားစွဲဆိုဘို့ စီမံနေတဲ့ကိစ္စနဲ့ ကချင်ပြည်နယ်မှာအစိုးရတပ်ဖွဲ့ တွေက ထိုးစစ်ဆက်လက် ဆင်နွှဲနေတဲ့ကိစ္စတွေဟာ အစိုးရအပေါ်မှာ ယုံကြည်မှုထားရှိဘို့ခက်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာအပြောင်းအလွဲတွေထွက်ပေါ်နေပြီလို့ တချို့နိုင်ငံတွေကပြောဆိုနေကြပေမယ့် တကယ့်လက်တွေ့ မှာပြောင်း လွဲနေတာကိုမြင်လိုကြောင်း ဂတိစကားတွေအပေါ်မှာ အားကိုးအားထားလို့မရနိုင်ကြောင်း ပဒို ဒေးဗစ် သာကပေါ က ဆက် သွယ်မေးမြန်းစဉ်မှာ ပြောကြားခဲ့ပါတယ်။

KNU ဗဟိုလ်ကော်မီတီ မန်းငြိမ်းမောင်


January 5th 2012 Sunday Morning
Source NEWS Audio from http://www.rfanews.org/burmese


January 5th 2012 Sunday Morning
Source NEWS Audio from http://www.voanews.com/burmese