Friday, March 23, 2012

ပြည်ထောင်စု လွှတ်တော်က ဥပဒေအမှတ် ၁/၂၀၁၀ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ရုပ်သိမ်း


ပြည်ထောင်စု လွှတ်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ဥပဒေအမှတ် ၃/၂၀၁၂ ဖြင့် ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် ၁/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


+29 #7 Change 2012-03-22 20:16
ဂျာနယ်အော်ရောင်းနေသူက သတင်းတစ်ခုကိုဖတ်ပြကာ အော်ဟစ်ရောင်းချနေသည်........

"နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမရှိတော့တဲ့အတွက်........"
"နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက
ပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ရုပ်သိမ်းလိုက်ပြီ"

ဖြတ်လျှောက်သွားသူတစ်ယောက်က......

"ဘာဖြစ်လို့ရုပ်သိမ်းလိုက်တာလဲ?"

"နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမရှိတော့လို့ပါ"

ခေါင်းတညိမ့်ညိမ့်ဖြင့်ထွက်သွားပြီးမှ....ပြန်လှည့်လာကာပြန်မေးပြန်သည်........

"ဘာဖြစ်လို့ရုပ်သိမ်းလိုက်တာ........?"

"နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမရှိတော့လို့ပါ"

ခေါင်းတညိမ့်ညိမ့်ဖြင့်ထွက်သွားပြန်သည်....တဖန်ပြန်လှည့်လာကာပြန်မေးပြန်သည်........

"ဘာဖြစ်လို့........?"

"ဟာဗျာ......ဘာဖြစ်လို့ခဏခဏမေးနေတာလဲ?"

"ကြားရတာ........အရသာရှိလို့ပါဗျာ"