Friday, May 25, 2012

မိုက်ချက်က ကမ်းကုန်


မိုက်ချက်က ကမ်းကုန်

(မင်းစိုးစံ)

 ထမင်းအသက် ခုနစ်ရက်
 ရေအသက် တမနက်
မီးမလာတော့ အကုန်ခက်။ 


ပေါက်ဖေါ်ကြီးက ကူညီမယ်
ယှဲယှဲညီပဲ လောက်ဗန်ရယ်
လျှပ်စစ်ဝန်ကြီး အူလည်လည်
မီးစက်ဝယ်ပြီး မီးပေးမယ်။


ဗမာပြည်ထွက် Gas မှန်သမျှ
ဗမာတွေနဲ့ မတန်ဘူးဗျ
 နိုင်ငံခြားကို အကုန်ရောင်းချ။


ဘ၀တွေပျက် ပြည်လည်းပျက်
ဗမာအစိုးရ အပြုံးမပျက်
ကမ်းကုန်တဲ့ မိုက်ချက်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး)