Friday, May 4, 2012

တရုတ်စီးပွါးရေးလုပ်ငန်းရှင်တွေကို တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက သတိပေး

တရုတ်စီးပွါးရေးလုပ်ငန်းရှင်တွေကို 

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက သတိပေး

By BBC Burmese Service
May 04 2012 Thursday

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်ဘက်မှာ လုံခြုံရေးအခြေအနေတွေ စိုးရိမ်ရတဲ့အတွက် တရုတ်စီးပွါးရေးလုပ်ငန်းရှင်တွေ အဲဒီဒေသမှာ သတိထားသွားလာကြဘို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက မနေ့ကပဲ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

လိုင်ဇာမှာရှိတဲ့ KIO ကချင်ဌာနချုပ်ကို မသိမ်းပါဘူးလို့ အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ခါင်းဆောင်တဦးဖြစ်တဲ့ ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ဖေါ်ပြောခဲ့ပေမယ့် ဒီ KIO ဌာနချုပ်ကို အစိုးရစစ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ဘို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်း တွေလည်းပေါ်ထွက်နေပါတယ်။

ဒါကြောင့်အဲဒီက အခြေအနေတွေကို သိရဘို့ KIO တွဲဘက်အတွင်းရေးမှူး ဦးလာနမ်းကို ဒေါ်သီတာနွယ် က မေးကြည့်တော့................။

အပြည့်အစုံကို နားသောတ ဆင်နိုင်ကြပါတယ်။



Source News Audio from
  http://www.bbcburmese.com 05-04-2012 Thursday morning 


KIO ရဲ့ ဌာနချုပ်ကို မသိမ်းပါဘူး လို့ပြောနေတဲ့ မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း