Sunday, September 9, 2012
ကြောက်စရာကောင်းလာတဲ့ အနာဂတ်ရဲ့ 3D printer
အခုတွေ့ရတဲ့ Rifle ကတော့ 3D printer နဲ့ ထုတ်ထားတာဖြစ်ပါတယ် ဒီ Rifle ကို တခါနှစ်ရာလောက် ပစ်ခတ်စမ်း
သပ်ပြီး ကောင်းမွန်စွာအလုပ်လုပ်ကြောင်း သိရပါတယ်။
တကယ်တမ်း ဒီ Rifle ကိုဝယ်မယ် ဆိုရင် Dollar ထောင်ချီနိုင်ပါတယ် ဒါပေမဲ့ ဒီ 3D printer နဲ့ ထုတ်တဲ့အခါမှာ
$30 တန် ABS plastic ဘဲ ကုန်ပါတယ်လို့ ပြောပါတယ်။
ခုတလော Australian Popluar Science (magazine) မှာ နှစ်ခေါက်လောက် ဒီ 3D printer နဲ့ ပက်သက်ပြီး ထုတ်
လိုက်တဲ့ ပစ္စည်းနှစ်ခုက တော်တော်ကို စိတ်ဝင်စားစရာကောင်းပြီး နောင်လာမဲ့ နှစ်တွေမှာ ဒီ 3D printer ကို ၀ယ်
ပြီးအသုံးလို့ရတော့မယ် ဆိုရင်တကယ်ကို ရင်လေးပြီး ကြောက်စရာကောင်းလာတာကို တွေ့ရတယ်။
နောက်တခုကတော့ လက်ထိတ်(handcuffs) ဘာဖြစ်လို့ မြန်မာလို လက်ထိတ်လို့ခေါ်လဲတော့ မသိဘူး။ လက်ထိတ် တွေဟာ အားလုံးကို သော့ (key) တခုထဲနဲ့ ဖွင့်လို့ရအောင် လုပ်ထားတာပါ။
ဒါမှသာ ရဲက လိုအပ်ရင် လိုအပ်သလိုဖွင့်ပေးလို့ရမှာပါ။ ဒီလိုဘဲ လွန်ခဲ့တဲ့ USA မှာ လုပ်တဲ့ hacker conference မှာ Hacker တစ်ယောက်က 3D printer နဲ့ ထုတ်ထားတဲ့ သော့ (key) နဲ့ လက်ထိတ်ကို ဖွင့်ပြလိုက်ပါတယ်။
ဒီ 3D print ထုတ်ခြင်းက လွယ်ကူပေမဲ့ သေသေချာချာလုပ်ထားတဲ့ CAD file တော့ လိုအပ်ပါတယ်။
ဒါကြောင့် သတင်းတခုကတော့ CAD software ကို လေ့လာနေတဲ့သူများကတော့ နောက်မကြာတော့ တဲ့အချိန်မှာ တကယ်ကို စီးပွားဖြစ်မဲ့ လုပ်ငန်းတခုပါဘဲ။ ဒီအပြင်လဲ ဒီ 3D printer ကောင်းကျိုးဆိုးကျိုး ကိုလဲ ခံစားရတော့မှာ အမှန်ပါဘဲ။
SBSangpi(စံပီး) Copy from http://www.sbsangpi.com/2012/08/3d-printer.html

