Saturday, September 8, 2012

ကြည့်တတ်ရင် ကဗျာ


ကြည့်တတ်ရင် ကဗျာ


တခါသား။ မိတ်ဆွေဘလော်ဂါတဦးဆီက အလန့်ထညက်မေးခွန်းတချို့ (ထန်းလျှက်လို့ရေးမှ မှန်ပါသတဲ့) ရောက်
လာပါတယ်။
သူအလုပ်လုပ်နေတဲ့ အွန်လိုင်းမဂ္ဂဇင်းမှာ သုံးဖို့ပါတဲ့။




သူ့မေးခွန်းတွေထဲမှာ “မယ်ကမ္ဘာပြိုင် ပွဲကို မြန်မာနိုင်ငံက ၀င်သင့်သလား” ။
(လက်တ၀ါးစာ ရေကူးဝတ်စုံနဲ့ ၀င် ပြိုင်ရမှာနော်) အဲသလို မေးလာပါတယ်။
ဗိုလ်ချုပ်ကြီးသိန်းစိန် သမ္မတဖြစ်လာစဉ်အချိန်က မေးခဲ့တဲ့ မေးခွန်းပါ။



မေးတဲ့သူက မေးလေတော့ ဖြေတဲ့ သူကလည်း ဖြေရသပေါ့။
မယ်ကမ္ဘာပြိုင်ပွဲ မြန်မာဝင်နွှဲမှဖြစ်မယ်။
အစိုးရလည်း ကြိုက်၊ ရိုးရာလည်း ထိမ်းသိမ်းပြီး ဖြစ်ရလေအောင် ချိတ်ထမီစကို ရေကူးဝတ်စုံချုပ်ပြီး ၀တ်ဆင်သင့်
တယ်။
ဒီမိုကရေစီနဲ့ ဘီကီနီက ခွဲခြား၍မရပါ” လို့ ဖြေခဲ့ပါတယ်။
(ဘီကီနီဝတ်ခြင်းဟာ ဒီမိုကရေစီရဲ့ အင်္ဂါရပ်တခုလို့ ပြဌာန်းမထားပေမဲ့ အများကလက်ခံထားတဲ့ အချက်တော့ဖြစ်
နေပါပြီ။)



အခုရက်ပိုင်း မြန်မာပြည်ဆိုင်ရာ သတင်းတွေထဲမှာ ဒေါ်စုရဲ့ဥရောပခရီး နဲ့အပြိုင် ထိပ်တန်းပြေးနေတဲ့ သတင်းက
တော့ ဘောင်းဘီတိုကပ်ကပ်၊ အင်္ကျီဂျိုင်းပြတ် ခပ်ကျပ်ကျပ်တွေဝတ်ထားတဲ့ မြန်မာအမျိုးသမီးတသိုက် စင်ပေါ်
တက်ပြီး အောက်ကလူတွေကို ဟိုလှည့်ဒီလှည့်လုပ်ပြတဲ့ သတင်းပါပဲ။
“ကာယကြံ့ခိုင်မှုပြိုင်ပွဲ”ပါတဲ့။
ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ဖေါ်ပြခဲ့ကြပြီး လူကြိုက်လည်းများခဲ့တဲ့ သတင်းပေါ့။



မြန်မာပြည်ရဲ့ အပြောင်းအလဲတွေထဲမှာ အမျိုးသမီးကာယကြံ့ခိုင်မှု ပြိုင်ပွဲလည်း တခုအပါအ၀င်လို့ ဆိုရမယ်။ လူကြိုက်များတယ်ဆိုပေမဲ့ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံအနှံ့ကျင်းပတာမျိုးတော့ မဟုတ်သေး။

အီစကို အပါအ၀င် အကိုကာလသားများကတော့ အခုလောက်မြင်ရတာကိုပဲ အတော်သဘောကျနေပြီ။
ဘီကီနီသို့ သွားရာလမ်းကို လှမ်းမြင်လိုက်ရသလို၊ ဒီမိုကရေစီရဲ့ ရနံ့ကို လည်းအမှတ်မထင် ရှူရှိုက်မိသလိုဖြစ်
မိသပေါ့။

ကောင်းလေစွ၊ ကောင်း လေစွလို့ သာဓုများလည်း ခေါ်မိပါတယ်။
ဒီလိုပွဲမျိုးက ကြိုဆိုရမှာပေါ့။
အာဏာပိုင်တွေ အမြင်ကျယ်လာပြီလို့လည်း ဆိုရပါလိမ့်မယ်။

ကိုယ်ကာယအလှဆိုတာက ဖေါ်ပြမှ မြင်ရတာမျိုးပါ။
ဖုံးအုပ်ထားရင် ဘယ်နေရာက ဘယ်လောက်လှမှန်း မသိနိုင်ပါ။
ကိုယ်ကာယကို လှအောင်လုပ်ထားတဲ့သူကလည်း ဖေါ်ပြရမှကျေနပ်တာပါ။

အမျိုးသားတွေကို ကြည့်ပါ။
အပင်ပမ်းခံ၊ အချိန်ကုန်ခံပြီး အလေးအပင်တွေ “မ”လို့ သူတို့ရဲ့ခန္တာကိုယ်အလှကို ထုဆစ်ထားကြရရှာတာပါ။ ကာယအလှပြိုင်ပွဲဆိုတာမျိုး ရှိလေမှပဲ သူတို့ရဲ့ကြွက်သားအဖုအထစ်တွေကို အများသူငါ မြင်ရလေအောင် ပြ
သကြရတာပါ။

ဒီပုံက အမျိုးသားပုံမဟုတ်ဘူးနော် အမျိုးသမီးပုံဗျ

ဈေးလည်ခေါင်သွားပြီး ကုန်းကုန်းကွကွနဲ့ ကြွက်သားတွေညှစ်ပြနေလို့ နေရာမကျလှပါဘူး။
သူတို့ရဲ့ လက်တဆုပ်စာ နေရာလောက်ကိုပဲ မည်ကာမတ္တဖုံး အုပ်ပြီး တကိုယ်လုံးမှာ ရှိသမျှကြွက်သားတွေကို ညှစ်ပြလေမှ ကာယ အလှက ကြွလာ၊ ပေါ်လာရတာမျိုးကိုး။

အမျိုးသမီးတွေလည်း ထိုနည်း၎င်းပါပဲ။
လေ့ကျင့်တည်ဆောက်ထား တဲ့ ကာယအလှကို ဖေါ်ကာပြလေမှ မြင်ရတော့မပေါ့။
အလှဟာ အလှ ပါပဲ။
အကြည့်မတတ်ရင်တော့ တဏှာ။
ကြည့်တတ်ရင်တော့ ကဗျာပါ။
တရားသဘောနဲ့ ကြည့်သူတွေအတွက်တော့ ဘ၀နာပေါ့လေ။
နိုင်ငံရေးအမြင်နဲ့ကြည့်ရင်တော့ မြန်မာအမျိုးသမီးတွေ ကာယအလှကြံ့ ခိုင်လာတယ်။
အလှကို ထိထိမိမိဖေါ်ပြလာတယ်ဆိုတာက နိုင်ငံတော် ကြီး ပွင့်လင်းတောင့်တင်းပြီး လှပထွန်းကားလာတဲ့သ
ဘောပေါ့။

လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခုမှာ ဘီကီနီလည်း ရှိရလိမ့်မယ် ။
ပြောချင်၊ ပြချင်တာတွေကို လွတ်လွတ်လပ်လပ်နဲ့ လှလှပပ ပြော ပါစေ၊ ပြပါစေ။
ရိုးရာယဉ်ကျေးမှုကို ထိခိုက်မှာ သိပ်ပြီး မစိုးရိမ်ကြပါနဲ့။
လုပ်တတ်ရင် ဖြစ်ပါတယ်။
ဂျပန်ကိုကြည့်ပါ။
ရိုးရာမပျက် ကီမိုနိုတွေကို လည်း အခုထိ ၀တ်နေကြတုန်း။
ဘီကီနီတွေကိုလည်း သူ့နေရာနဲ့သူ ၀တ်နေကြတာပဲ။
မြန်မာအမျိုးသမီးတွေကိုလည်း ဒီလိုဖြစ်စေချင်ပါတယ်။

မြန်မာအမျိုးသမီးတွေရဲ့ ကာယအလှပြိုင်ပွဲတွေ အခုထက်များများ ရှိလာဖို့လိုပါတယ်။ ကိုယ်ကာယအလှတွေကိုလည်း အခုထက်ပိုပြီး ပြဖို့လိုပါတယ်။
အခုအဆင့်က စစ်ကြိုခေတ် အဆင့်ပဲရှိနေပါသေးတယ်။
အင်တာနက်ခေတ်မှာ ဖုံးလို့ဖိလို့ မလွယ်တော့ပါဘူး။
လှလှပပ ထုတ်ဖေါ်ပြသကြတဲ့ခေတ် ရောက်နေပါပြီ။ (အရေးကြီးတဲ့နေရာကိုတော့ ဖုံးဖိထားသင့်တာပေါ့လေ။)







မြန်မာပြည်မှာ အမျိုးသမီး၊ အမျိုးသား အခွင့်အရေးတန်းတူ ရှိ၊ မရှိဆိုတာ အခုလုပ်နေတဲ့ ကာယကြံ့ခိုင်မှုပြိုင်ပွဲ
တွေကို ကြည့်တာနဲ့ သိသာနေပါပြီ။
အမျိုးသားတွေက သူတို့ရဲ့ ခန္တာကိုယ်အလှကို အမျိုးသမီးတွေထက် ဖေါ်ပြခွင့်ရနေပါတယ်။
လွှတ်တော်ထဲမှာ အမျိုးသားတွေ များလွန်းနေတာနဲ့လည်း ဆက်စပ်နိုင်ပါတယ်။

နိုင်ငံတခုမှာ ဒီမိုကရေစီ ရှိ၊ မရှိ တိုင်းထွာတဲ့နည်းတွေ အများအပြားရှိပါတယ်။
အီစကိုကတော့ ဘီကီနီဝတ်ကာယအလှမယ်ပြိုင်ပွဲတွေ ဘယ်လိုကျင်းပကြသလဲဆိုတာနဲ့ တိုင်းထွာချင်ပါတယ်။ ဘီကီနီဝတ်တိုင်း လှတာမဟုတ်ပါ။ တချို့တွေက ဘီကီနီဝတ်လိုက်မှ ပိုဆိုးကုန်ပါတယ်။
ကိုရွှေသမ္မတက ဒီမိုကရေစီသွားမယ်တကဲကဲ ပြောနေယုံနဲ့တော့ မဖြစ်နိုင်သေး။
တောင့်တင်းလှပတဲ့ ဘီကီနီဝတ်မြန်မာအမျိုးသမီးတွေ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေမှာ ၀င်ဆန့်လာနိုင်ပြီဆိုရင်
တော့ မြန်မာ့ဒီမိုကရေစီအရေး “အတော်လေး ဟုတ်ကပြီ”လို့ ဆိုရမယ်။

Copy from
http://blueskyforest.blogspot.se/2012/06/blog-post_24.html