Source Photo from http://www.google.com/images
သစ္စာမဲ့အမျိုးသမီးများစာရင်းမှာ
ထိုင်းနဲ့မလေး ထိပ်တန်းကပါဝင်
Posted by M0nlay
စက်တင်ဘာ 7, 2012
ကွန်ဒွန်ကုမ္ပဏီ Durex ရဲ့ စစ်တမ်းကောက်ချက်အရ သစ္စာမရှိဆုံး အမျိုး သမီးတွေစာရင်းမှာ မြန်မာပြည်ရဲ့ အိမ်နီး
ချင်းတိုင်းပြည်တွေ ပါဝင်နေတယ်လို့ မနေ့ကနဲ့ဒီကနေ့ တက်လာတဲ့သတင်းတွေက ဆိုပါတယ်။
ထိပ်ဆုံးမှာ ဗိုလ်စွဲသူကတော့ အာဖရိကတိုက် ဂါနာနိုင်ငံက အမျိုးသမီးများ ဖြစ်ပါတယ် တဲ့။
အဆင့် ၁။ ဂါနာ
အဆင့် ၂။ ထိုင်း
အဆင့် ၃။ မလေးရှား
အဆင့် ၄။ ရုရှား
အဆင့် ၅။ စင်္ကာပူ
မြန်မာအမျိုးသမီးများကိုတော့ ဒီစစ်တမ်းရလဒ်ထဲ မတွေ့ရပါ။
နိုင်ငံ ၄၀ နီးပါး အကျုံးဝင်တယ်၊ လူပေါင်း သောင်းနဲ့ချီကို ကောက်ခဲ့တဲ့စစ်တမ်းလို့ ဆိုပါတယ်။
မနှစ်ကလည်း စစ်တမ်းကောက်ခဲ့တယ်၊ အဲဒီတုန်းက အဆင့် ၁ မှာ ရောက်ခဲ့တာကတော့ နိုင်ဂျီးရီးယားအမျိုးသမီး
တွေပါ တဲ့။
ဒီနှစ်မှာတော့ နိုင်ဂျီးရီးယားအမျိုးသမီးတွေက ဘယ်အဆင့်မှ မချိတ်ခဲ့ပါဘူး။
နိုင်ဂျီးရီးယားကို ဒီနှစ် ထည့်မတွက်တာလား ဒါမှမဟုတ် နိုင်ဂျီးရီးယားအမျိုးသမီးတွေက ရုတ်တရက် သစ္စာရှိသွားတာလား ဆိုတာတော့ မသိရပါ။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒီအကြောင်းအရာကို စိတ်ဝင်စားသူမနည်းပါဘူး။
ထိုင်းရဲ့ အထင်ကရ သတင်းစာ ဘန်ကောက်ပို့စ် ဆိုရင် မနေ့က သူများတွေရေးပြီးသား ဒီသတင်းကို Breaking News ဆိုပြီး အွန်လိုင်းမှာအခုလေးတင် တင်လိုက်ပါတယ်။
စစ်တမ်းရလဒ်တိုင်း ယုံရတာမဟုတ်သလို ဒီစစ်တမ်းကရော ဘယ်လောက်အထိ စိတ်ချရမလဲလို့ မေးစရာရှိပါ
တယ်။
ဒီကုမ္ပဏီက စစ်တမ်းကို သူ့ရဲ့ဝက်ဆိုက်ကနေ ကောက်ယူခဲ့တာပါလို့ ဆိုပါတယ်။
ကွန်ဒွန်ကုမ္ပဏီက ကောက်ယူတဲ့ စစ်တမ်းကို အွန်လိုင်းပရိသတ်က သဘောထားဝိုင်းပေးကြတာ အထက်ပါအတိုင်း ရလဒ် ထွက်လာတာ ဖြစ်ပါတယ်။
(ဧရာဝတီ)
Copy from
http://satekuupuyar.blogspot.com/2012/09/blog-post_7.html
