မြန်မာ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်ကြူ
တရုတ်-မြန်မာချစ်ကြည်ရေးအသင်း၏ ဒုဥက္ကဋ္ဌကင်ကျိယွမ်
မြန်မာနိုင်ငံယဉ်ကျေးမှုဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူနှင့်တွေ့ဆုံ
2012-11-20
တရုတ်-မြန်မာချစ်ကြည်ရေးအသင်း ဒုဥက္ကဋ္ဌ မစ္စတာ ကင်ကျိယွမ်က နိုဝင်ဘာလ ၁၈-ရက်နေ့တွင် အသစ်
တရုတ်-မြန်မာချစ်ကြည်ရေးအသင်း ဒုဥက္ကဋ္ဌ မစ္စတာ ကင်ကျိယွမ်က နိုဝင်ဘာလ ၁၈-ရက်နေ့တွင် အသစ်
မွမ်းမံတည်ဆောက်ပြီးစီးသွားသည့် တရုတ် မြန်မာချစ်ကြည်ရေးအသင်း၏ ရုံးဌာနခမ်းမဆောင်တွင် ပီကင်း
မြို့သို့ အလည်အပတ်ရောက်ရှိနေသော မြန်မာယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးဦးအေးမြင့်ကြူ ဦးဆောင်
သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း စီအာအိုင်သတင်းအရသိရပါသည်။
မြို့သို့ အလည်အပတ်ရောက်ရှိနေသော မြန်မာယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးဦးအေးမြင့်ကြူ ဦးဆောင်
သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း စီအာအိုင်သတင်းအရသိရပါသည်။
မြန်မာ ယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦး
ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီး ဦးအေးမြင့်ကြူက မိမိသည် လာမည့် ၂၀၁၃-ခုနှစ်တွင် မြန်မာပြည်တွင်ကျင်းပ
မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွက် တာဝန်ယူဆောင်ရွက်နေကြောင်း၊ တရုတ်ပြည်က ၂၀၀၈-ခုနှစ် အိုလံပစ်ပွဲတော်ကို အောင်မြင်စွာကျင်းပခဲ့ပြီးသည့်အတွက် မိမိတို့အနေဖြင့်
သင်ယူလေ့လာနိုင်ဖွယ်ရာများစွာရှိကြောင်း ပြောကြားပါသည်။
အသင်း၏ဒုဥက္ကဋ္ဌ မစ္စတာ ကင်ကျိယွမ်ကလည်း လောလောဆယ်တွင် CRI နှင့် MRTV တို့ ပူးပေါင်းကျင်းပ
သည့် ကဗျာရွတ်ဆိုပြိုင်ပွဲ၏အခြေအနေအား ဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များကို ရှင်းလင်းဖေါ်ပြပါ
သည်။
ဝန်ကြီးဦးအေးမြင့်ကြူ နှင့် မြန်မာယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးတို့ကလည်း ကဗျာတစ်
ပုဒ်စီရေးစပ်ပေးပါသည်။
ယင်းကဗျာများမှာ တရုတ်-မြန်မာချစ်ကြည်ရေးကို ဖေါ်ကျူးရေးဖွဲ့ထားပါသည်။
Copy from http://myanmar.cri.cn/666/2012/11/20/1s22831.htm