လမ်းလယ် တြိဂံ မြင်ကွင်း
အိုဘားမား မြန်မာပြည်ရောက်၊
လွှတ်တော်အနီးတွင် ဗျိုင်း ၄ကောင် ခြေချုပ်ကျ
ရန်ကုန်၊ နိုဝင်ဘာ ၁၉၊ ၂ဝ၁၂
ယနေ့နံနက်တွင် မြန်မာနိုင်ငံနှင့်အမေရိကန်နိုင်ငံနှစ်နိုင်ငံ ဆက်ဆံရေးအကြား သမိုင်းဝင်ခရီးစဉ် တစ်ခုဖြစ်
သည့် အမေရိကန်သမ္မတ ဘားရတ် အိုဘားမားသည် ရန်ကုန်မြို့သို့ရောက်ရှိကာ ရန်ကုန်မြို့၊ ပြည်လမ်းနှင့် အလုံလမ်းထောင့်ရှိ ပြည်သူ့ရင်ပြင်အနီး တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းဒေသကြီးအစိုး ရအဖွဲ့တည်ရှိ
ရာ လွှတ်တော်ရုံးသို့ သွားရောက်ကာ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုဆွေး
နွေးမှုပြုလုပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနီးရှိ ပြည်လမ်းနှင့် အလုံလမ်းဆုံရာရှိ မီးပွိုင့်တြိ
ဂံ (စည်ပင်အခေါ်)တွင် ဗျိုင်း ၄ကောင်အား ခြေထောက်တွင်ကြိုးဖြင့်တုပ်ကာ နေရာချထားသည်ကို တွေ့ရ
သည်။
ပန်းခြုံအနီး ခြေတုပ် ခံထားရသည့် ဗျိုင်းတစ်ကောင်
နိုဝင်ဘာ ၁၉ရက်၊ နံနက် ၈နာရီတွင် ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာနမှ နိုင်ငံရေးအကျဉ်းသား ၁၆ယောက် အ
ပါအဝင် တစ်နိုင်ငံလုံးရှိနိုင်ငံရေးအကျဉ်းသား ၆၆ယောက်လွတ်မြောက်ခွင့်ရရှိခဲ့သည့် အဆိုပါ အမေရိကန်
သမ္မတခရီးစဉ်တွင် သမ္မတ ၂ဦးတွေ့ဆုံရာလွှတ်တော် အနီးတွင်မူ ဗျိုင်းအချို့၏ ခြေထောက်တွင် ကြိုးဖြင့် ချည်နှောင်ခြေချုပ်ချ ခံထားရသည်ကို တွေ့ရသည်။
ကြိုးမှ လွတ်ပြီး လမ်းပေါ်ရောက်နေသည့် ဗျိုင်းတစ်ကောင်