Sunday, November 18, 2012

ခင်မောင်တိုး ရဲ့ မိတ်ဆွေများပြောပြကြတဲ့ အမှတ်တရစကားများ


SATURDAY, NOVEMBER 17, 2012

"ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကွယ်လွန်သွားသူ 

အဆိုတော်ကြီးခင်မောင်တိုး"ရဲ့မိတ်ဆွေများ

 ပြောပြကြတဲ့ အမှတ်တရ စကားများ


ကိုရဲလွင် (မဇ္စိုမလှိုင်း)

ကျနော့်သူငယ်ချင်းနဲ့က ဆိုးတူ ကောင်းဖက်နေတာခဲ့တာ၊ အမုန်းလည်းမရှိဘူး၊ နောက်ဆုံးကျတော့ သူ့လမ်းကိုယ့်
လမ်းခွဲ သွားတယ်၊ သူလည်း ဟိုရောက်ပေမယ့် ကျနော်ကိုပဲ သတိရနေတယ်လို့ ဂျေမောင်မောင်က ပြောတယ်၊ အခုလမ်းပေါ်မှာ ခရီးသွား နေရင်း သူ့အကြောင်းကို ကြားရတော့ စိတ်မကောင်းဘူး၊ နောက်ဆုံးတွေ့တာက ၈လေး
လုံးကျောင်းသားတွေလုပ်တဲ့ စေတနာဝဿန် ပွဲမှာပါ၊ အဲဒီကတည်းက ကူညီချင်တဲ့စိတ်နဲ့သာပါဝင်လာပေမယ့် သူ့
အခြေအနေက သိပ်မကောင်းတော့ဘူး၊ အသံအားကောင်းတဲ့ ကျနော့် သူငယ်ချင်းအနေနဲ့ တော်တော်ကြီး ပင်ပင်
ပန်းပန်း ဆိုနေရတာပါ။

သားထွေး

ကျနော့်ကို ဂီတလောကထဲရောက်အောင် ကိုတိုးက လက်တွဲခေါ်ခဲ့တာပါ၊ အားလည်း ကျခဲ့ကြရတာပေါ့၊ ကျနော် ၁၂နှစ်သား လောက်ကတည်းက ကိုရဲလွင်တို့ ကိုတိုး တို့နဲ့ ရန်ကုန် ကီလီလမ်းမှာ အတူနေကြတာ ဆိုတော့ အကို
ဆိုလည်းမမှားပါဘူး၊ ကိုတိုးက ၁၉၉၂ခုနှစ်မှ အိမ်ကနေ ၀ိုင်အမ်စီအေကို ပြောင်းနေတာ၊ အဲဒီတော့ ဂစ်တာတီးတာ
ကအစ ဆိုဟန်အဆုံး အနီးကပ် သင်ပေးတဲ့ ဆရာ ဆိုလည်း မမှားဘူး၊ ဂီတနဲ့ ပတ်သက်လို့ သူတို့ဆီက အများဆုံး
ရတာပါ၊ အခုလိုမျိုး ရုတ်တရက်ကြားရတော့ ဘယ်လိုပြောရမှန်း မသိတော့ဘူး။

မီမီဝင်းဖေ

ကိုတိုး ဂီတအပေါ်မှာ သူယုံကြည်ချက်အတိုင်း ရပ်တည်ခဲ့တာကတော့ အထူးပြောစရာမလိုဘူး ထင်ပါတယ်၊ သူရဲ့
လေးစားရတဲ့ဂုဏ်သိက္ခာတွေဟာ အနုပညာလောကအတွက် တန်ဘိုးမဖြတ်နိုင်ပါဘူး၊ ကိုထီး(စိုင်းထီးဆိုင်)၊ ကိုတိုး
(ခင်မောင်တိုး) တို့ဆိုတာ ကျမအတွက်တော့ အရမ်းလွှမ်းမိုးခဲ့တဲ့ အဆိုတော်ကြီးနှစ်ယောက်ပါ၊ မြန်မာကိုယ်ပိုင်သံ
စဉ်လောကမှာ အဓိကကျတဲ့ ကိုတိုး၊ ကိုထီး တို့ မရှိတော့တာ အရမ်းအားငယ်ဖို့ကောင်းပါတယ်၊ ရှေ့ဆောင်လမ်းပြ
ဖြစ်တဲ့ ဒီပုဂ္ဂိုလ်ကြီး နှစ်ဦးကြောင့် ကျမ စိန်နားကပ်ရောင်နဲ့ ပါးပြောင်ခဲ့ရတဲ့အတွက် အဖိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုဖြစ်ပြီး၊
စိတ်ထိခိုက်စရာပါ။

မွန်းအောင်

ကိုတိုးကြီး သတင်းကြားတော့ စိတ်မကောင်းဘူး၊ သူက မန္တလေးမှာ အနေများပြီး ရီကော်ဒင်းရှိမှာ ရန်ကုန်ဆင်းလာ
တာဆိုတော့ အတွေ့အထိနည်းပေမယ့်၊ ကျနော်တို့ ရှေ့က နောင်တော်ကြီးတွေပါ။

ဇော်မျိုးထွဋ် (မဇ္စိမလှိုင်း)

ကိုတိုးနဲ့ ကျနော်တို့ ၁၉၇၄ ခုနှစ်လောက်မှာကတည်းက မန္တလေးမှာ စတွေ့တယ်၊ နောက်ပိုင်း လိစ္ဆ၀ီတို့ မဇ္ဈိမလှိုင်း
တို့မှာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက အတီး၊ အဆိုပိုင်းမှာ မဇ္စိမလှိုင်း ဆိုတဲ့ နာမည် တလုံးရအောင် အချိန်နဲ့ အမျှအတူတူ ကြိုးစားခဲ့ရတဲ့ သူတွေပါ၊
စင်ကာပူမှာ နောက်ဆုံး ပြန်ပြီး ထူထူထောင်ထောင်ဖြစ်တယ် ဆိုတုန်းက ပြန်တွေ့ရမယ်ထင်တာ၊ ကိုခင်မောင်တိုး ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူ နှမျောပြီးတော့ ကြွေကွဲဝမ်းနည်း ဖြစ်ရပါတယ်။
၈၈ မျိုးဆက်က ကိုမင်းကိုနိုင် ထောင်ထဲမှာ ရေးခဲ့တဲ့ သီချင်းကို ကိုတိုးက မေတ္တာနဲ့ ဆိုပေးခဲ့တာဟာ နောက်ဆုံး မှတ်တမ်းပါပဲ။

Copy from http://satekuupuyar.blogspot.com/2012/11/blog-post_3192.html

Source Photo from http://satekuupuyar.blogspot.com
အဆိုတော် ကိုခင်မောင်တိုး(ကိုတိုးကြီး) VOA မြန်ပိုင်းဌာနအတွက် အမှတ်တရသီဆိုပေးသွားတဲ့ မြစ်နဲ့ မီးလျှံ ဆိုတဲ့ တေးကို VOA TV Magazine ကနေ ကူးယူတင်ပြပေးလိုက်ပါတယ်။
VOA မြန်မာပိုင်းဌာနကလည်း ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)