ပင်မဆဲလ်နဲ့ နားထိုင်းခြင်းကို ကုသနိုင်
2012-11-27
ဗြိတိန်နိုင်ငံ ရှဲဖီရ်ဒါ တက္ကသိုလ်မှ ပါမောက္ခ မာစိုင်လို လီယီရ် ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ လူရဲ့သန္ဓေ
ပင်မဆဲလ်ကို နားအကြားအာရုံအဖြစ် အောင်မြင်စွာဓါတ်ခွဲပြီး နားအကြားအာရုံမရှိတဲ့ကြွက်ကို နားအကြား
အာရုံ ပြန်လည်ရှိလာစေနိုင်ခဲ့ပါတယ်။
အဲဒီ ကြွက်တွေရဲ့အကြားအာရုံဟာ ပျမ်းမျှအားဖြင့် ၄၆ ရာခိုင်နှုန်းလောက် ပြန်လည်ရလာနိုင်ခဲ့တယ်။
အဲဒီနည်းလမ်းဟာ လူတွေအပေါ်အသုံးမပြုရသေးပေမယ့် ပင်မဆဲလ်နဲ့ လူတွေရဲ့နားထိုင်းခြင်းကိုကုသ,ဖို့
အတွက်တော့ လမ်းစ,ဖွင့်ပေးလိုက်သလို ဖြစ်နေပါတယ်။
Copy from http://myanmar.cri.cn/666/2012/11/27/1s22924.htm
အရပ်မြင့်တဲ့အမျိုးသမီးတွေ
သားဥပွားအိမ်ကင်ဆာ ဖြစ်တတ်
2012-11-23
အများပြည်သူ့သိပ္ပံပညာစာကြည့်တိုက် ဆိုတဲ့ မဂ္ဂဇင်းမှ ထုတ်ပြန်တဲ့ သုတေသန ရလဒ်အရ၊ အရပ်မြင့်တဲ့ အမျိုးသမီးနဲ့ ကိုယ်လေးချိန်များတဲ့အမျိုးသမီးဟာ သားဥပွားအိမ်ကင်ဆာဖြစ်နိုင်ချေဟာ အသက်ဆယ်နှစ်
ကြီးလာတိုင်း ၃ ရာခိုင်နှုန်း ပိုတိုးလာတတ်တယ်လို့ သိရပါတယ်။
အရပ် ၅ စီတင်မီတာ ပိုမြင့်ရင် သားဥပွားအိမ်ကင်ဆာ ဖြစ်နိုင်ချေ ၇ ရာခိုင်နှုန်း ပို များပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေဟာ ကိုယ်အလေးချိန်များလေလေ သားဥပွားအိမ်ကင်ဆာ ဖြစ်နိုင်ဖွယ်အန္တရာယ် ပိုရှိလေလေ ဖြစ်တယ်လို့လည်း သုတေသနရလဒ်အရ သိရပါတယ်။
Copy from http://myanmar.cri.cn/666/2012/11/23/1s22887.htm