Source Photo from http://www.google.com/images
ရှေးဟောင်းနှောင်းဖြစ် ပြောဖြစ်သွားခြင်း
By မင်းစိုးစံ
December 02, 2012 Sunday
လက်ပံတောင်းတောင် ကိစ္စကတော့ အတော်ကလေးကို ဟိုးလေးတကျော် ဖြစ်သွားခဲ့ရပါပြီ။ တခြားကိစ္စတွေကလည်း ကျုပ်တို့ငယ်ငယ်တုန်းက ရုပ်ရှင်ကျော်ငြာတွေလို မကြာမှီမျှော်ပေါ့ဗျာ။
နောက်ဆက်တွဲလာမှာတွေက မနည်းမနောဆိုတော့ ပြောလို့ကို ကုန်တော့မှာမဟုတ်ဘူး။
လူအချို့က ကရင်နဲ့မဆိုင်တာတွေ လျှောက်လေကန် နေရကောင်းလားဆိုပြီး ကျုပ်ကိုမေးငေါ့ကြလေမလား
တော့ မသိ။
ပြောစရာကတော့ ရှိနေတာအမှန်ပါ။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုတော့ အကြောင်းပြနေတာက အရင်အစိုးရလက်ထက်က လုပ်ခဲ့
တဲ့အလုပ်မို့လို့ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။
အခုကျုပ်တို့ ထားဝယ်ရေနက်ဆိပ်ကမ်း ဆိုတဲ့အမှုထုပ်က သေးသေးကွေးကွေးမဟုတ်ဘူးဆိုတာ ကရင်
တိုင်းသိပါတယ်။
လယ်တွေ တောင်ယာတွေ ဥယာဉ်တွေ ခြံတွေ မြေတွေ အသိမ်းခံရလွန်းလို့ ပါးစပ်ထဲလက်ညှိုးထိုးထည့်
လျင်တောင် မကိုက်တတ်တဲ့ ရိုးသားတဲ့ကရင်တွေရဲ့ပါးစပ်တွေခမျာ အခုတော့ပွစိပွစိဖြစ်လာနေပါပေါ့လား
ဆိုတာကို သတိထားမိကြဘို့ကောင်းမယ်လို့ ပြောပါရစေ။
တကယ်တမ်းပြောကြကြေးဆို ကျုပ်တို့ကရင်လူမျိုးဆိုတာ ကိုယ်ရတာလေးနဲ့ ရောင့်ရဲတင်းတိမ်တတ်ကြတဲ့ လူမျိုးပါ။
ဗမာတွေပြောပြောနေတဲ့သစ်ငုတ်လည်းဆွေး ကရင်လည်းပြေး ဆိုတဲ့စကားပုံဆိုတာ အင်မတန်ကိုမခံချိမ
ခံသာဖြစ်စရာကောင်းတဲ့ စကားလုံးပါ။
စီဘောက်ထဲမှာ လူတစ်ယောက်ရေးခဲ့သလို ဟပ်ထိတယ်ပေါ့ဗျာ။
ကျုပ်တို့ကရင်တွေ ပင်ပမ်းခြင်းကြီးစွာနဲ့ တောတွေတောင်တွေထဲမှာ တောင်ယာလေးခုတ်ပြီး ၀မ်းစာရှာစား
နေတာကို ဗမာတွေကလာပြီးလုတယ်။
အဲဒါကို အေးအေးဆေးဆေးနေလိုတဲ့ ပြဿနာမဖြစ်ချင်တဲ့ ကရင်တွေက နောက်ထပ်နေရာထပ်ရှာပြီး
တောင်ယာထပ်ခုတ်တယ်။
ဗမာတွေက ထပ်လုတယ်။ခုတ်ထားတဲ့တောက်ယာတွေ ထပ်ပေးလိုက်တယ်။
ပြေးရရှောင်ရတဲ့နှစ်တွေ များလာတယ်၊ အကြိမ်တွေ များလာတယ်။
အဲဒီတော့ ကရင်လေးတွေက သူ့အဖေအမေကိုပြန်မေးကြတော့တာပေါ့။
ဘာကြောင့်ရှောင်ပေးရတာလဲ။
ကျုပ်တို့တောင်ယာတွေကို ဘာဖြစ်လို့ပေးပစ်လိုက်တာလဲ ပေါ့လေ။
ကရင်မိဘတွေက
ယူစမ်းပါစေသားတို့ရယ်၊ မြေကြီးဆိုတာမကုန်နိုင်ပါဘူး။ အရေးကြီးတာက အေးအေးဆေးဆေးဖြစ်ဘို့ပဲ
လို့ ဆိုလိုက်တော့။
ဒီကနေ့အထိ သစ်ငုတ်လည်းဆွေး ကရင်လည်းပြေးဆိုတဲ့ စကားလုံးကို ဗမာတွေဘိုးစဉ်ဘောင်ဆက် တွင်
တွင်ကြီးပြောဆိုသုံးစွဲလာခဲ့ကြပြီး ကရင်လူမျိုးတွေကို ပြတိုက်ထဲမှာလာကြည့်ရတဲ့အထိ ဖြစ်အောင်လုပ်
မယ်ဆိုတာမျိုးအထိ ချိန်းခြောက်ပြောဆိုလုပ်ပြနေကြတာကို ကရင်တွေသတိထားမိကြဘို့ လိုလိမ့်မယ်လို့
ထင်ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုတာကြီးကြောင့် အုန်းပင်တွေ နှစ်ရှည်ခံသီးစားပင်တွေ အခုတ်ခံရတဲ့ ကရင်အမျိုးသမီးတဦးရဲ့အသံကို နားဆင်ကြည့်ကြပါစို့။
ပြောချင်တဲ့ လူလည်းရှိကောင်းရှိနိုင်ပါတယ်။
ကရင်တွေဘယ်လောက်အထိရိုးသားဖြောင့်မတ်ပြီး ဘယ်လောက်အထိ ဖိနှိပ်ခံနေရသလဲဆိုတာ ကရင်
တွေကို ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့၊ ကရင်ဆိုလျင် အစိပ်သားတောင်မချန်နဲ့၊ ဆိုတဲ့ရေရှည်စီမံကိန်း
ချပြီး အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့တဲ့ ကရင်မျိုးဖြုတ်ရေးအဖွဲ့ဝင်တွေထဲက ဗမာအကြီးအကဲ တစ်
ယောက်က ကရင်တွေကို သနားလွန်းလို့ နောင်တ,တွေရပြီး သူ့ရင်ထဲက စကားတွေကို ၁၉၆၂ခုနှစ်ထုတ်
ကရင့်ရှေ့ဆောင်စာစောင်မှာ အတိအလင်းကို ရေးသားထားခဲ့ရှာပါတယ်။
ရက်စက်တဲ့သူတောင်ပြန်သနားရတဲ့အထိ ရိုးသားလွန်းတော့လည်း မကောင်းပါဘူးဗျာ။
အသေးစိပ်လေ့လာဖတ်ရှုချင်တယ် သိချင်တယ် ဆိုလျင်တော့
ဒီတော့ ကိုယ့်ကရင်လူမျိုးအပေါ်မှာ အကြီးအကဲလုပ်ချင်တဲ့ကရင်တွေထဲက တကယ့်ခေါင်းဆောင်ကောင်း
ဖြစ်ချင်တဲ့ကရင်တွေအနေနဲ့ ကိုယ့်ကရင်လူမျိုးရဲ့လိုအပ်ချက်တွေကဘာလဲ၊ သူတို့ကိုဘယ်လိုပြုစုပျိုးထောင်
ပေးရမလဲ၊ သူတို့အတွက်ဘာတွေ ပြင်ဆင်ပေးထားရမလဲ ဆိုတာကိုစဉ်းစားတွေးခေါ်သုံးသပ်ပြီးတာနဲ့ ဘာ
လုပ်သင့်တယ်ဆိုတာကိုပါ တပါတည်းအဖြေရအောင်ရှာထားရင်း ဘယ်လိုအကောင်အထည်ဖေါ်ဆောင်
ရွက်ကြမယ်ဆိုတာကိုလည်း အသင့်ပြင်ထားရပါလိမ့်မယ်။
ဒီအချိန်ဟာ ဖြစ်ပြီးသွားတဲ့ပြဿနာတွေ၊ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေ၊ မှားယွင်းတဲ့ ဆုံးဖြတ်
ချက်ကြောင့် နစ်နာဆုံးရှုံးခဲ့မှုတွေ၊ စုပေါင်းခေါင်းဆောင်မှုမဆန်တဲ့လုပ်ရပ်ကြောင့် ဖြစ်လာရတဲ့ အကြိတ်အ
ခဲတွေ၊ အားနည်းချက်တွေကို တယောက်နဲ့တယောက် ထောက်ပြနေရမယ့်အချိန်မဟုတ်သလို၊ တယောက် ကိုတယောက် သူအသုံးမကျလို့၊သူအမြင်မကျယ်လို့၊ သူတကိုယ်ကောင်းဆန်လို့ဆိုပြီး ငြင်းခုံပြော ဆိုနေကြ
ရမယ့်အချိန်မဟုတ်တော့ပါဘူး။
နောက်ပြီးတော့ ကိုယ်လုပ်ခဲ့တာတွေထဲက အမှားလည်းရှိနိုင်သလို၊ အမှန်လည်းရှိနိုင်ပါတယ်။ အားလုံးမှန်တယ်၊ အားလုံးမှားတယ်ဆိုတာ ဟိုးအရင်ကာလ,တွေတုန်းကလဲ မရှိခဲ့ဘူး။ အခုအချိန်ကာလ,မှာလည်း မရှိပါဘူး။ နောင်လာမယ့် ကာလ,တွေမှာလည်း မရှိနိုင်ပါဘူး။
အဲဒီတော့ အားနည်းချက်အားသာချက်ဆိုတာ အမှားအမှန်ဆိုတာ ဘယ်ကာလ,မျိုးမှာမဆို အမြဲတမ်းရှိနေ
မှာပါ။
ဒါကြောင့် အမှားတွေကိုမေ့ပစ်ဘို့ လျှစ်လျူရှုပစ်ဘို့ သင်ပုန်းခြေပစ်ဘို့ ဆိုတာမျိုးမလုပ်မိဘို့လိုပါတယ်။ ဒါပေမယ့် အဲဒီအပြစ်တွေကို အညှိုးအတေးထားပြီး လုပ်ဖေါ်ကိုင်ဘက်အချင်းချင်းကြား သံသယ,မျက်လုံး
တွေနဲ့ကြည့်ပြီး ပြောဆိုမလုပ်ကိုင်မိဘို့ စုပေါင်းခေါင်းဆောင်မှုယူပြီး အစီအစဉ်တွေကိုအကောင်အထည်
ဖေါ်တဲ့အခါမျိုးမှာ အချင်းချင်းကြား သံသယ,စိတ်တွေ ကင်းစင်နေဘို့ ဘုရားစူးလိုအပ်ပါတယ်။
အမှားကျူးလွန်ခဲ့ဘူးသူတွေနဲ့ အလုပ်အတူတွဲမလုပ်ချင်ဘူး ဆိုပြန်လျင်လည်း စည်းလုံးညီညွတ်မှုကို ထိ
ခိုက်တာ မထိခိုက်တာထက် အင်အားတစုံတရာလျော့နည်းသွားမှာကတော့အသေအခြာပါပဲ။ ဒီတော့အလုပ်အတူတွဲလုပ်ကြတဲ့အခါ သတိထားစရာတွေရှိလာပါပြီ၊ အဖွဲ့အတွင်းမှာ လက်ရှိအဖွဲ့ဝင်တဦးဦး
ဟာ အတိတ်ကာလတုန်းက မှားခဲ့တဲ့လုပ်ရပ်မျိုး ဆက်မမှားရအောင် ထပ်မမှားရအောင် အလားသဏ္ဍန်တူ
တဲ့လုပ်ငန်းဆောင်ရွက်မှုမျိုးတွေ မှာ သူ့ကိုအဓိကနေရာကနေ ဦးဆောင်မှုမပေးမိပါစေနဲ့။
မလွှဲမရှောင်သာလို့ သူဦးဆောင်မှဖြစ်မယ်ဆိုလျင်လည်း အတိတ်ကာလတုန်းကအမှားမျိုး လုံးဝမဖြစ်ရလေ
အောင်၊ နည်းနိုင်သမျှနည်းအောင် ဦးဆောင်မှုကော်မီတီဝင်အများစုက သဘောတူချမှတ်ပြဌာန်းထားတဲ့ နည်းလမ်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တာဝန်ပေးသင့်ပါတယ်။
အခုဆို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ နာကျည်းကြေကွဲစရာ အဖြစ်တွေကြုံလာမှ စုံစမ်းစစ်
ဆေးရေးအဖွဲ့တွေ ဖွဲ့ဘို့ ပြင်ဆင်ကြတယ်။
ဒီအဖွဲ့ကိုဖွဲ့သင့်တယ်၊ စုံစမ်းစစ်ဆေးမှုလုပ်သင့်တယ်၊ ဒါပေမယ့် အဲဒီအဖွဲ့ထဲမပါ ချင်ပါဘူးဆိုတဲ့ အသံတ
ချို့ထွက်လာတယ်။
ကျုပ်ကတော့ အဲဒီလိုပြောတဲ့လူကို ပြောတဲ့အဖွဲ့ကို ကိုယ်ချင်းစာပါတယ်၊ နားလည်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆို ဘယ်အဖွဲ့အစည်းမဆို သူ့မှာမူတွေရှိတယ်၊ ရည်ရွယ်ချက်တွေရှိတယ်၊ လုပ်ငန်းဆောင်
ရွက်မှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ တာဝန်ယူမှု တာဝန်ခံမှု စသည်ဖြင့်ပေါ့ဗျာ။
အဲဒါတွေကို ဂဃနဏ သိမှပဲ ၀င်ပါပူးပေါင်းဆောင်ရွက်တာက ပိုပြီးအကျိုးရှိနိုင်မှာပါ။
ဒီလိုသိထားပြီးတဲ့လူတွေ ထဲမှာမှ အဖွဲ့ရဲ့လုပ်ငန်းဆောင်တာတွေကို ဆုံးခမ်းတိုင်အောင်လုပ်ဘို့စိတ်မရှိပဲ နာမည်လိုချင်လို့ ကိုယ့်အကျိုးစီးပွါးအတွက် တစုံတရာအကျိုးပြုလို့ အကျိုးမြင်လို့ ဆိုတဲ့စေတနာနဲ့ ပုးပေါင်း
ပါဝင်တဲ့လူတွေကျတော့ အခက်အခဲအကြတ်အတည်းနဲ့ ဆုံလာကြုံလာလျင်ကိုယ်လွတ်ရုန်းကြတာမျိုးကို
လည်း ကြုံရတတ်ပါသေးတယ်။
ကျုပ်ရဲ့ကိုယ်တွေ့လေး တခုလောက်ပြောပြပါရစေ။
ကျုပ်တို့အဖွဲ့အစည်းလေးတခုဖွဲ့ခဲ့တုန်းက အဖွဲ့ကိုဖျက်သိမ်းဘို့ မဖျက်လျင် ဘာလုပ်ပစ်မယ် ညာလုပ်ပစ်
မယ် ဘယ်လိုတွေအရေးယူမယ်ဆိုတဲ့ ချိန်းခြောက်မှုတွေရှိလာတဲ့အခါမှာ အစ,ကမသိလို့ ဒီအဖွဲ့မှာ ဥက္ကဌ လုပ်မိတာပါ ဒီလိုဖြစ်လာမယ်မှန်းသိလျင် လုံးဝမပါဘူး ဆိုတဲ့စကားမျိုး နဲ့လူနှစ်ယောက် ကိုယ်လွတ်ရုန်းခဲ့
ဘူးပါတယ်။
အဲဒီထဲက တစ်ယောက်ကတော့ သက်ရှိထင်ရှားရှိနေဆဲဖြစ်ပါတယ်။
အဲဒီလိုမျိုးတွေကြုံလာရပြီဆိုလျင် လိုအပ်တဲ့ပြင်ဆင်မှုတွေကို ကြိုတင်လုပ်မထားမိလျင် အဖွဲ့အစည်းတခုရဲ့ ရည်ရွယ်ချက်တွေဟာ ကောင်းလျင်ကောင်းတဲ့အလျှောက် အခြေခံပြည်သူလူထုအတွက် ဆုံးရှုံးမှုတန်ဘိုး ကြီးမားနိုင်ပါတယ်။
အခုလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ။
ဗမာစစ်အစိုးရ၊ တရုတ် စီးပွါးရေးသမား၊ ဒေသခံပြည်သူလူထု သုံးဦးသုံးဖလှယ်ပြေလည်ဘို့ဆိုတာ အင်မ
တန်ကိုခက်ခဲတဲ့အနေအထားမျိုးမှာပါ၊ ဒါကိုကြိုသိခဲ့လျင် ဒီလိုတွေဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်တွက်
ဆ,ထားပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဆိုတာကို ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့မယ်ဆိုလျင် အခုလို ဓါတုလက်နက်
တွေသုံးရလောက်တဲ့အထိ ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။
အခုတော့ အပ်နဲ့ထွင်းရမယ့် အခြေအနေကနေ ပုဆိန်နဲ့ရှင်းရမယ့် အနေအထားမျိုး ဖြစ်များသွားလေမလား
ဆိုတာမျိုးအထိ စိုးရိမ်စရာတွေဖြစ်လာနေရပါပြီ။
ဒါကတော့ လောလောလတ်လတ်ပူပူနွေးနွေးလေးဖြစ်နေတဲ့ဖြစ်ရပ်ပေါ့ဗျာ။
နောက်ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွေးကြည့်ကြပါစို့။
ကျုပ်မြင်နေတာကတော့ ကရင်ပြည်နယ်က,မိဇံတောင်ကိစ္စ၊ ထားဝယ်ရေနက် ဆိပ်ကမ်းကိစ္စ။
အဲဒီနှစ်ခုဟာ ကျုပ်တို့ကရင်လူထုအနေနဲ့ မလွဲမသွေကြုံဆုံလာရမယ့်အရေးကိစ္စလို့ထင်ပါတယ်။ တခြားကိစ္စတွေလည်း ရှိကောင်းရှိနိုင်ပါသေးတယ်။
ဒီနေ့ဘာမျှမဖြစ်လာသေးပါဘူးဆိုပြီး ဒီအတိုင်းနေနေကြလို့ များကတော့ လက်ပံတောင်းကိစ္စလို ဆူဆူပူ
ပူဖြစ်လာပြီဆိုလျင် ကရင်တွေကိုဗမာစစ်အစိုးရက လက်ပိုက်ကြည့်နေမှာတော့မဟုတ်ဘူး။ သံဃာတော်တွေအတွက် အစမ်းသဘော သုံးပြလိုက်တဲ့ မီးလောင်ဗုံးတွေဟာ ကရင်ပြည်သူတွေအတွက် အသင့်တော်ဆုံးဖြေရှင်းမယ့် လက်နက်ကောင်းတစ်လက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအာမ,ခံ ရဲသလဲ။ ဆူဆူပူပူဖြစ်လာနိုင်စရာ ဘာအကြောင်းမှမရှိပါဘူးလို့ ယုံကြည်နေကြသလား။
အဲဒီအချိန်မျိုးရောက်လာမှ စုံစမ်းစစ်ဆေးရေးကော်မီရှင်အဖွဲ့ ဖွဲ့ကြမလား။
အဲဒီအနေအထားမျိုးရောက်မှ ထ,လုပ်ကြတာပေါ့ဆိုလျင်………….။
ကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)