Sunday, December 30, 2012

ကချင်ပြည်နယ်ထိုးစစ်အား ကိုမြအေး၏ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချမှုကို ကြိုဆိုခြင်း

RFA 
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေး ဖြစ်ပါသည်။ 

ကချင်ပြည်နယ်ထိုးစစ်အား 

ကိုမြအေး၏ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချမှုကို

ကြိုဆိုခြင်း

အောင်ထူး
(ရှေ့နေ)
ဒီဇင်္ဘာလ (၃၀) ရက် ၂၀၁၂ ခုနှစ်

ယခုရက်ပိုင်းများအတွင်း ဦးသိန်းစိန် စစ်အစိုးရ ဆင်နွှဲလျှက်ရှိသော ကချင်ပြည်နယ်ထိုးစစ်သည် အကြမ်း
တမ်းဆုံး၊ အရက်စက်ဆုံး၊ လူသားစိတ်မရှိဆုံး၏ ပြယုဂ်ဖြစ်လာသည်။ ပြင်းထန်လှသော လက်နက်ကြီးများ၊ တိုက် လေယဉ်များ၊ မြောက်များလှစွာသော တပ်အင်အားများကိုပါသုံးပြီး မိမိထက် အဆ,မတန် အင်အား
နည်းပါးသော ကေအိုင်အိုကို ထိုးစစ်ဆင်နေခြင်းကြောင့်ဖြစ်သည်။

လူကြီးက,ကလေးကို စိမ်ခေါ်ပြီး လက်ဝှေ့ထိုးသတ်နေသကဲ့ပင်။ ပွဲမှာ လုံးဝ,.ပင် ကြည့်မကောင်းပါ။ အလွန်အမင်းအေးချမ်းလှသော ကချင်ပြည်ဆောင်းရာသီတွင် အနွေးထည်နှင့် စောင်ကလေး များ မျှပင် လုံလောက်အောင်မရှိရှာသော ကချင်စစ်ပြေးဒုက္ခသည်ငါးသောင်းကျော်သည် တရုတ်နယ်စပ်တောတောင်
များအတွင်း ပိတ်မိနေသဖြင့် ပြေးစရာမြေမရှိသည့်ဘ၀,၌ မည်မျှ စိုးရိမ်ထိတ်လန့်ကြမည်ကို တွေးမြင်ကြည့်
နိုင်သည်။

ဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင်တို့ဦးဆောင်သည့် စစ်အစိုးရသည် ရက်စက်လှချေတကား။ လူသားစိတ် ကင်းမဲ့လှချေတကား။
ထိပ်ပိုင်းနိုင်ငံရေးခေါင်းဆောင်ကြီးများနုတ်ဆိတ်နေကြသည့်အချိန်တွင်“ထိုးစစ်ချက်ခြင်းရပ်” ဟူသည့်ဆိုင်း
ဘုတ်များကိုင်ပြီး လူထုအချို့ဆန္ဒပြသည့်ပုံများ ပေါ်လာသည်။
ထို့အပြင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက “ကချင်စစ်ပွဲတွင် မြန်မာ့တပ်မ
တော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ၊ လေယာဉ်များသုံး၍ ထိုးစစ်ဆင်နေခြင်းကို ပြင်း
ပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း” သတင်းထွက်ပေါ်လာပါသည်။

ယင်းနှစ်ခုကိုမြင် ကြားလိုက်ရသည့်အခါ ကချင်စစ်ပြေးဒုက္ခသည်များအတွက် သဲကန္တာရအတွင်း ခရီးသွား
နေစဉ် အိုအေးစစ်ကိုတွေ့လိုက်ရ,သလိုပါဘဲလား ဟူ၍ စာရေးသူခံစားမိသည်။ ယင်းနှစ်ခုလုံးသည် ထိုးစစ်
ကိုရပ်ခိုင်းခြင်းဖြစ်သဖြင့် ထူးခြားပါသည်။

“ ထိုးစစ်ချက်ခြင်းရပ်” နှင့် “ အပစ်အခတ်ချက်ခြင်းရပ်” ဟူသည့် နှစ်ခုမှာ မတူပါ။
ပထမ,တခုက ထိုးစစ်ဆင်နွှဲလျှက်ရှိသော စစ်အစိုးရ,၏တပ်များကို ရည်ညွှန်းသည်။ ဒုတိယ,တခုက စစ်အ
စိုးရ,နှင့် ကေအိုင်အို နှစ်ဘက်လုံးကို ရည်ညွှန်းသည်။ ဦးသိန်းစိန်အစိုးရက စစ်ရေးအရှိန်ကို သိသိသာသာ တိုးမြှင့်လာခြင်းမှာ လူထုထံမှ“အပစ် အခတ်ချက်ခြင်းရပ်” “ ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေရပ်ကြပါ။” ဟူ
သည့် အသံထွက်လာအောင် ဖန်တည်းနေခြင်းဖြစ်သည်။

မိမိတို့က,ရပ်ဘို့အသင့်ပါဘဲ၊ ကေအိုင်အိုက,မရပ်တဲ့အတွက် ခံစစ်ဆင်နေရတာပါ ဟု အသံကောင်းဟစ်ဦး
မည်။ ကေအိုင်အိုကို စစ်လိုလားသူအဖြစ် လူထုက,မြင်လာအောင် ဇာတ်လမ်းဆင်မည်။
နှစ်ဘက်လုံး “အပစ်အခတ် ချက်ခြင်းရပ်” ကြရန် လူထုက,ကြီးကြီးမားမား ဖိအားပေးလာသဖြင့် နှစ်ဘက်
လုံးရပ်ကြရ,မည်ဆိုလျှင် ဦးသိန်းစိန်အစိုးရ,က နိုင်ငံရေးအရ,ရာ စီးပွားရေးအရ,ပါ အမြတ်ကြီးမြတ်သွား
မည်။

နိုင်ငံရေးအရ,မြတ်ခြင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးရ,သွားပြီဟု ကမ္ဘာကိုပတ်ပြီးကြွားနိုင်တော့မည် ဖြစ်သော
ကြောင့်။ နိုင်ငံရေးဆွေးနွေးပွဲဟူသည် ကို အစိုးရကြိုက်သလို အချိန်ဆွဲသွားမည်။ ယခုလည်း ကြည့်ပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းများစွာနှင့် အပစ်အခတ်ရပ်စဲထားခဲ့ပြီးပြီ မဟုတ်ပါလား။
မည်သည့် အဖွဲ့နှင့်မျှ နိုင်ငံရေးဆွေးနွေးပွဲ ထိထိရောက်ရောက် မလုပ်။
တိုင်းရင်းသားပြည်နယ်များ ကိုယ်ပိုင်ပြဌာန်းခွင့်ရ,မည့် မည်သည့်နိုင်ငံရေး သဘောတူညီချက် တခုတလေ
မျှ မရ,။
ကေအိုင်အို အပစ်ရပ်လိုက်ရ,ပြီးပြီဟူလျှင်လည်း ဦးအောင်မင်းက ဟိုပြောသည်ပြောနှင့် အနည်းဆုံးနောက်
ထပ် နှစ်နှစ် ဆွဲထားပြီး ၂၀၁၅ အထိသယ်သွားမည်။ ၂၀၁၅ ရွေးကောက်ပွဲပြီးတော့မှ “ကျုပ်ကတော့ထွက်
သွားပြီ။ ခင်ဗျားတို့ ကြည့်ပြီးလုပ်ကြပေတော့။” ဟု တာ့တာပြသွားပါတော့မည်။

စီးပွားရေးအရ,မြတ်ခြင်းမှာ ဖားကန့်နယ်မြေတွင်တူးထုတ်ထားပြီး ဂိုဒေါင်များထဲ၌အောင်းနေသည့် ကျောက်
စိမ်းများအား အမြန်ဆုံးသယ်ယူ၊ နေပြည်တော်ပို့၊ ကျောက်မျက်ရတနာပြပွဲ ခင်းကျင်း၊ နိုင်ငံတကာကုန်
သည်များအား ရောင်းချ၊ စစ်အစိုးရ လည်ပတ်ရေး စားရိပ်အတွက်သုံး၊ စစ်ခေါင်းဆောင်ဟောင်း၊ သစ်များ၏ အိပ်ထဲထည့်နိုင်တော့မည် ဖြစ်သောကြောင့်ပင်။

ထို့အပြင် ဦးသိန်းစိန်အစိုးရက လိုင်စင်ချပေးထားသော ကုမ္ပဏီကြီးငယ် ၃၇၀ ကျော်သည် နေ့မီး၊ ညမီးများ ထွန်းကာ စက်ကြီးစက်ငယ်ပေါင်းများစွာသုံး၍ ကချင်လူထုပိုင်သည့် သဘာဝ,သယံဇာတ,ကျောက်စိမ်းများ အား နေ့ရောညပါ ဆက်လက်တူးထုတ်ကြပါတော့မည်။
ကချင်လူထု ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရ,ရေး၊ တိုင်းရင်းသားပေါင်းစုံ လူထုကြီး ဖက်ဒရယ်
ပြည်ထေင်စုတည်ဆောက်ခွင့်ရ,ရေးတို့အတွက် တောင်းဆိုတိုက်ပွဲဝင်နေသော ကေအိုင်အိုမှာမူ မည်သည့် အခွင့်အရေးမျှမရ,ဘဲ အပစ်အခတ်လည်းရပ်လိုက်ရ,ပြီး ဖြစ်ပြန်သဖြင့် ငုတ်တုတ်ထိုင်ကြည့်နေရုံမှ တပါး
ဘာမျှ တတ်နိုင်တော့မည် မဟုတ်။
“ထိုးစစ်ချက်ခြင်းရပ်” ဟူ၍ နိုင်ငံရေးအင်အားစုများအားလုံးနှင့် လူထုက,ပါတောင်းဆိုကြမည်ဆိုပါက, ဦး
သိန်းစိန် အစိုးရ,အနေဖြင့် ထိုးစစ်ကိုရပ်ရ,ပါတော့မည်။ နှစ်ဘက် အပစ်အခတ်ရပ်ကြသည့် အခြေအနေမ
ရောက်သေးပါ။ ယင်းသို့ဖြစ်လျှင် ကေအိုင်အိုနှင့် နိုင်ငံရေးဆွေးနွေးပွဲကို အစိုးက,အာရုံပြုရ,ပါတော့မည်။
အမြန်ဆုံးပြီးအောင်လုပ်ရ,ပါတော့မည်။

သတ်မှတ်နေရာတနေရာတွင် လုပ်ပိုင်ခွင့်အပြည့်ပေးထားသည့် နှစ်ဘက်ခေါင်းဆောင်များ ထိုင်ရာက,နေ မထ,တမ်း ဆွေးနွေးစမ်းပါ။ နှစ်ဘက်လုံးက ရိုးသားမှုရှိကြမည်ဆိုလျှင်သုံးလ,အပြင် ပိုကြာမည်မဟုတ်ပါ။ တိုင်းရင်းသားလူထုများအားလုံးအတွက် အကျိုးရှိမည့် အခြေခံကျသည့် အဖြေတခုတော့ အနည်းဆုံးထွက်
နိုင်ပါမည်။ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကိုမင်းကိုနိုင်ထံမှထွက်လာသောအသံမှာ နှစ်ဘက်လုံး အပစ်ရပ်
ကြရန်ဖြစ်သည်။
ယခု ကိုမြအေးထံမှထွက်လာသောအသံမှာ ထိုးစစ်ဆင်နေမှုကို ရပ်ရန်ဖြစ်သည်။
ကိုမြအေး အနေနှင့် မည်သည့် မူအပေါ်တွင်ရပ်တည်၍ တောင်းဆိုသလဲ။
အမှတ်တမဲ့ ပြောလိုက်တာလား။
သို့မဟုတ် အထက်ပါ ရှင်းလင်းတင်ပြချက် အရ,နားလည်မှုရှိစွာ ရည်ရွယ်ချက်နှင့် တောင်းဆိုခြင်း ဖြစ်သ
လား။
ကိုမြအေး တဦးတည်း၏တောင်းဆိုချက်လား။ သို့မဟုတ် ကိုမြအေးအပါအ၀င်ရှစ်လေးလုံးမျိုးဆက်ကျောင်း
သားခေါင်းဆောင် အားလုံး၏တောင်းဆိုချက်ဖြစ် သလား။
၎င်းတို့အားလုံး၏တောင်းဆိုချက် ဖြစ်လျှင်မူ များစွာတန်ဘိုးထားရ,ပါမည်။

ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် (စစ်အစိုးရကိုဆန့်ကျင်ကာ ဖက်ဒရယ်ပြည်
ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေသော) တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ
နှင့် နိုင်ငံရေးအရ,အတူလက်တွဲကြတော့မည်လားဟု မျှော်လင့်နိုင်မည် ဖြစ်သောကြောင့်ပင်။
ညီအစ်ကို မသိတသိ၊ မှောင်ရီမကွဲတကွဲ အချိန်ဖြစ်နေပါသေးသည်။
 မျှော်လင့်ချက်နှင့်တော့ စောင့်ကြည့်ကြရပါမည်။

မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ ကချင်လူထု ကြက်ရေး၊ ငှက်ရေး ဖြစ်နေသည့်အချိန်၌ “ကချင် စစ်ပွဲတွင် မြန်
မာ့တပ်မတော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ၊ လေယာဉ်များသုံး၍ ထိုးစစ်ဆင်နေခြင်း
ကို ပြင်းပြင်း ထန် ထန်ကန့်ကွက် ရှုတ်ချကြောင်း” လူသိရှင်ကြားထုတ်ဖေါ်ကန့်ကွက်မှု တခုတည်း နှင့်ပင် စာရေးသူအနေနှင့် ကိုမြအေးကို အသိအမှတ်ပြု တန်ဘိုးထားပါသည်။

အောင်ထူး
(ရှေ့နေ)

ဒီဇင်္ဘာလ (၃၀) ရက် ၂၀၁၂ ခုနှစ်